သတင်းဆောင်းပါး

လှဦး – တယ်လီနော (TELENOR) မြန်မာ့မိုဘိုင်းဖုန်း တော်လှန်ရေး

တယ်လီနော (TELENOR) မြန်မာ့မိုဘိုင်းဖုန်း တော်လှန်ရေး  
ဘာသာပြန် လှဦး
မေ ၂၀၊ ၂၀၁၄
 
 
Financial Times မဂ္ဂဇင်း မတ်လ ၂၈၊ ၂၀၁၄ ကိုမြန်မာပြန်ဆိုပါသည်။


ကမ္ဘာ့ဆက်သွယ်ရေးမှာ အနည်းဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုဖြစ်ခဲ့ပြီး၊  ၂၀၁၅ ရွေးကောက်ပွဲကြီး နီးလာပြီဖြစ်ပါသည်။  လျှပ်စစ်မီးမရှိတဲ့ ကျေးလက်ဒေသ ၇၃% လူဦးရေမှာ မိုဘိုင်းဖုန်းလဲမရှိပါ၊ ငွေရှိရင်လဲ မသုံးတတ်ပါ။

နော်ဝေးကုမ္ပဏီ၊ တယ်လီနော မြန်မာနိုင်ငံဆိုင်ရာ အကြီးကဲ Petter Furberg က လျှပ်စစ်မရှိ၊ လမ်းမရှိ၊ ဆက်သွယ်လိုင်းလဲမရှိ….လို့ ပြောပါသည်။

တယ်လီနောဟာ ပြိုင်ဖက် အိုရာဒူး (ကာတာ) နဲ့ မြန်မာ့ဆက်သွယ်ရေး MPT တွေနဲ့အပြိုင်လုပ်ဆောင်ရပါသည်။  တောနယ်တွေမှာ MPT မိုဘိုင်းဖုန်းတွေ ဆက်သွယ်ရေးလုပ်ဖို့အခက်ခဲများစွာရှိနေပါတယ်။ လိုင်းရလိုက်မရလိုက်၊ ဆက်သွယ်ရေးနယ်ဖြေပြင်ပရောက်နေပါတယ်…(သို့မဟုတ်) လူကြီးမင်းခေါ်သောနံပါတ် စက်ပိတ်ထားပါသဖြင့် ..ဟူသော အကြောင်းစကား ကြားရပါသည်။ ရန်ကုန်မြို့တွင်းမှာပင် ဒါမျိုးတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ဆင်းသွားပြီးတဲ့နောက်ပိုင်း လူဦးရေ ၁၀% မိုဘိုင်းဖုန်းရရှိနေပြီလို့ ပြောပါသည်။ (နယ်မှာရောင်းချတဲ့ဖုန်းတွေ တဆင့်ပြန်ရောင်းပြီး မြို့ကလူတွေပဲ တစ်လုံး ကျပ်၅သောင်း၊ တစ်သိန်းနဲ့ ဝယ်သုံးနေကြရပါသည်)။

ဒီလို မိုဘိုင်းဖုန်းအခြေအနေ သိပ်မကောင်းခြင်း၊ ကမ္ဘာ့ဆက်သွယ်မှုအနည်းဆုံးနိုင်ငံဖြစ်ခြင်းကနေ ပြုပြင်ပြောင်းလဲဖို့ စစ်အစိုးရဟာ၊ ရွေးကောက်ခံအစိုးရအဖြစ် စတင်ပြောင်းလဲခဲ့ပြီး၊ စစ်ဗိုလ်ဟောင်းများက အရပ်ဝတ်နဲ့အုပ်ချုပ်တဲ့ အစိုးရဖြစ်လာခဲ့ပါသည်။

အစိုးရသစ်အနေနဲ့ မိုဘိုင်းဖုန်းဈေးကွက်က တော်တော်အဖိုးတန်၊ ကြီးမားကြောင်း သိထားပါတယ်။ လောလောဆယ် အစိုးရက ကျပ်၁၅၀၀ နဲ့ SIM card မြို့နယ်များမှာရောင်းချပေးသော်လည်း ကျပ်၅သောင်းကနေ ၂သိန်းအထိ ပေးပြီး ဝယ်ယူနေသူ မြောက်များစွာ ရှိနေတာကို တွေ့နိုင်ပါတယ် ..လို့ အော်ရီဒို မြန်မာပြည် အကြီးကဲ Chris Bannister ကပြောပါသည်။

တယ်လီနောဝန်ထမ်း Furgerg က သူနောက် ၃၆နာရီ လိုက်လံသတင်းယူဖို့ ခွင့်ပေးပါသည်။ ဒေါ်လာ သန်း၅၀၀ လိုင်စင်ကြေးပေးပြီး ၈လအတွင်း တယ်လီနော လုပ်ငန်းစတင်ဖို့ ယခုနှစ် ဇန္နဝါရီလက ခွင့်ပြုခဲ့ပါသည်။ နှစ်ရှည်ငွေကြေးလည်ပတ်မှု ၃၀% နဲ့ လုပ်ငန်းလည်ပတ်ရန် စီမံကိန်းများချထားပါသည်။ ပထမဆု့း မန္တလေးမြို့ လဘက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ စကားစမြည်ပြောဆိုရင်း မေးမြန်းပြောဆိုပါတယ်။ မစ္စတာ Furgerg နဲ့အတူ မန်နေဂျာ၎ယောက်၊ သူတို့ကုမ္မဏီတံဆိပ် သင်္ဘောပန်ကာ ပုံနဲ့ အင်္ကျ င်္များကို ဝတ်ဆင်ထားကြပါသည်။  အာရှတိုက်တွင် ၆ခုမြောက် နိုင်ငံအဖြစ် တယ်လီနောစီးပွားရေးစတင်နေပါသည်။

၅နှစ်အတွင်း မြန်မာ့လူဦးရေ၏ ၉၀ရာနှုန်းကို မိုဘိုင်းဖုန်းအသုံးချနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။ မြန်မာအစိုးရကလည်း နှစ်၃၀အတွင်း ပထမဆုံးအကြိမ်း သန်းကောင်စာရင်း ကောက်ပြီးစီးခဲ့ပြီ။

တစ်နိုင်ငံလုံးတွင် အရောင်းဆိုင်ပေါင်း ၂သောင်း၅ထောင် ဖွင့်လစ်ရန်ရှိသည်။ တယ်လီနောဆက်သွယ်ရေးလုပ်ငန်းတွင် ခြစားမှုမရှိစေရ၊ မှန်ကန်သောစီးပွားစနစ်နှင့် လုပ်ဆောင်မည်ဟု ဦးဆောင်လူကြီးတစ်ဦးက ပြောသည်။ ခြစားမှုသည် မြန်မာပြည်တစ်ဝှမ်း ရိုးနေ၊ ဦးနှောက်ခြောက်နေရသည်။ နိုင်ငံခြားရင်းနှီးမြှတ်နှံသူများ အတွက်လည်း ပြသနာကြီးတစ်ခု ဖြစ်သည်။

နှစ်ယောက်သား မြို့ထဲလိုက်လံပြီး၊ လူတွေကိုမေးကြပါတယ်။

အသက်၂၄နှစ်ရှိသော စင်ကာပူတွင် ပညာသင်လာခဲ့သူ၊ မိဘ၏ ကိုကာကိုလာနှင့်အချိုရည်လုပ်ငန်း လုပ်ကိုင်သူ  မျိုးမင်းသူ ကို မေးမြန်းကြည့်သည်။ သူထံသို့ တယ်လီဖုန်းဝင်လာချိန် သူ၏ Ring Tone အသံမှာ .. တယ်လီနော..ဟုသောအသံဖြစ်နေပါသည်။

နောက်တစ်ဦး တယ်လီနောဖြန့်ဖြူးရေးလုပ်ငန်း လုပ်မည့်သူကို မေးမြန်းကြည့်သည်။ သူကတော့ ပဲလုပ်ငန်း၊ အင်တာနက်ကဖေး၊ လုပ်နေသူဖြစ်သည်။ တယ်လီနောက တစ်နိုင်ငံလုံး မိုဘိုင်းတာဝါတိုင် ၈ထောင် တည်ဆောက်ရန်၊ နေရာရွေးချယ်နေရကြောင်း ပြောပါသည်။

နောက်တစ်ဦး အလှပြင်ပစ္စည်းများရောင်းချသူ မနန်းမိုးရမ်ကို မေးမြန်းရာမှာ သူမက ဘယ်တော့ တယ်လီနော် ဆင်းမ်ကဒ်ရမှာလဲ လို့မေးပါသည်။

Furberg နဲ့တွေ့ဆုံပြောဆိုရာမှာ နိုင်ငံတကာကုမ္မဏီကြီးများ မြန်မာပြည်လာတဲ့အချိန် အခက်အခဲများရှိပါတယ်။ အချို့က ခန့်မှန်းရနိုင်တဲ့ ဥပမာ လျှပ်စစ်မီးလို အခက်ခဲဖြစ်ပြီး၊ ဒါမျိုးကိုတော့ ဂျင်နရေတာတပ်ဆင်ပြီး ဖြေရှင်းနိုင်ပါတယ်။ တခါတရံ လျှပ်စစ်မီးပြတ်ခြင်းဟာ ၂ရက်၊ ၃ရက် ကြာတတ်တယ်.. ဟု သူကပြောသည်။

နောက်အခက်ခဲ့တစ်မျိုးကတော့ ကြိုတင်ပြင်ဆင်လို့မရတဲ့ အခက်ခဲဖြစ်ပါသည်။ နယ်ဒေသများ၊ ပြည်နယ်တိုင်းများမှာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ဆက်ဆံရေးဖြစ်သည်။ မြန်မာအစိုးရက ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် လုပ်ဆောင်လျှက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များနဲ့ သူကိုယ်တိုင် ဆက်ဆံ၊ ထိတွေ့တဲ့အခါ သူတို့ဟာ ရိုးသားကြပါသည်။ အလွန်လေးစားစွာ ဆက်ဆံကြ သည်။ စီးပွားရေးလုပ်ငန်း ဖြစ်နိုင်သမျှကို စိတ်ဝင်စားကြသည်..ဟု Ferberg့  ဆိုသည်။ အီဂျစ်နိုင်ငံတွင် Vodafone လက်မြှောက်အရှုံးပေး ထွက်ခွာခဲ့ရသော သမ္မတမူဘာရက် ဖြုတ်ချခံရခြင်း လူထုလှုပ်ရှားမှုကို သတိပြုရန်ဖြစ်သည်။

မြန်မာအစိုးရသည် လုပ်ပိုင်ခွင်လိုင်စင်မချပေးမှီ ကုမ္မဏီအချက်အလက်များကို ဦးစွာ ပွင့်လင်းစွာတင်ပြစေခဲ့သည်။ တယ်လီနောသည် ကုမ္မဏီမှ ကန်ထရိုက်ရရှိရန် လာက်ပေးမှုမျိုးကို အထူးရှောင်ရှားသည်။ ၂၀၁၂တွင် ဆွီဒင်နိုင်ငံ TeliaSonera မှ ဥဇဘတ်ကာစတန်နိုင်ငံ သမ္မတ၏ သမီးဖြစ်သူကို ဒေါ်လာသန်း၃၂၀ ပေးခဲ့ရသည့် အရှုပ်တော်ပုံများကို သတိကြီးစွာ ထားခဲ့သည်။ မိမိတို့သည် လမ်းမကြီးများ၊ လမ်းမြှောင်များနှင့် နောက်ဆုံး မော်တော်ဆိုင်ကယ်သာ မောင်းရသည့်နေရာများအထိ သွားလာ၊ စနည်းနာ လေ့လာခဲ့သည်ဟု ဆိုသည်။

လူများသည် စပါးရိတ်သိမ်းချိန်တွင် ဒေါ်လာ ၄၅၀ မှ ဒေါ်လာ ၇၀၀ အထိ ဝင်ငွေရရှိကြသည့် မွေပုံကန် ကျေးရွာသို့ရောက်ခဲ့ကြသည်။ ယခင်က ထိုသို့ ရွာများတွင် နိုင်ငံခြားသားများ လာခွင့်မရှိပါ။ ထိုရွာတွင်လည်း ယခင်က မရသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ဖြင့် ရုံးခန်းကိုလည်း တွေ့ခဲ့ရသည်။  အနီးဆုံးဆေးရုံသည် မိနစ်၂၀ခန့် ဆိုင်ကယ်မောင်းရသည့် နေရာဖြစ်ပြီး၊ မြွေကိုက်ခံရပြီး၊ အသက်ဆုံးရခြင်းသည် ဖြစ်လေ့ရှိသည်။ ယခုအခါ ထိုမြွေများကို လိုက်လံရှာဖွေပြီး တရုပ်ပြည်သို့ ရောင်းချနေကြသည်။ ထိုရွာသားများ မိုဘိုင်းဖုန်းမရှိ၊ အစိုးရတယ်လီဖုန်းလိုင်းအချို့ကိုသာ တပ်ဆင်ထားသည်ကို တွေ့ရသည်။ ရွာတွင် လူအလွန်စည်ကားနေသော အဆောက်အဦမှာ စာသင်ကျောင်းဖြစ်သည်။ Fulberg က ရပ်နားပြီး၊ သူသယ်လာသော အလွန်ကြီးမားသည် မန္တလေးမှ ဝယ်လာသော ဗလာစာအုပ်အထုပ်ကြီးကို ချပြီး ကျောင်းသို့ လှုဒါန်းပေးအပ်ပါသည်။ ငွေကြေးလည်း လှုဒါန်းသည့်အပြင် တယ်လီနောတံဆိပ်ပါသော သော့ချိတ်များ၊ ဘောပင်များကို ကျောင်းသားများအား လက်ဆောင်ပေးခဲ့သည်။

နောက်တော့ Fulberg ကပြောသည်။ ငါ..မန္တလေးဈေးထဲက ဘောပင်တွေ ဝယ်လာဖို့ကောင်းတယ် .. ဟုပြောသည်။ ရွာသားများသည် တွေ့ဆုံပွဲများတွင် ဘယ်တော့ ဆင်းမ်ကဒ်များ ရောင်းမလဲ အမြဲမေးခွန်းကို စိတ်ပျက်စွာ ဖြေကြားရသည်။ အဖြေ အတိအကျမရှိသေးပါ။

ြ်မန်မာများ မိုဘိုင်းဖုန်းဈေးချိုစွာ သုံးစွဲခွင့်ရသင့်သည်ဟု ပြောပါသည်။ မိုဘိုင်းဖုန်း ကမ္ဘာအချက်အလက်ကို အောက်ပါဇယားတွင် ကြည့်နိုင်ပါသည်။

http://hlaoo1980.blogspot.sg မှ မြန်မာပြန်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts