Poems ကျော်ဟုန်း

ကျော်ဟုန်း – လူပင်လယ်မှ ပဲ့တင်သံ

လူပင်လယ်မှ ပဲ့တင်သံ
ကျော်ဟုန်း
မေ ၁၉၊ ၂၀၁၄

photo @ Irrawaddy

အလိုမတူဘဲ ပေါင်းသင်းခံထားရတဲ့
စာစုတွေကြားမှာ
၄၃၆ ဟာ အနုမြူဗုံး။

မာယာတွေသုတ်လိမ်းထားတဲ့
ခေတ်ပျက်ကြီးထဲမှာ
နှောင်းမျိုးဆက်တို့  ဒါးစာခံ။

စစ်တပ်နဲ့ အရပ်သား
ဇာတ်ခြားထားတဲ့ တရားခံ
နေပူတော်မှာ စာဖတ်နေသည်။

ကာချုပ်ကို နှပ်သုတ်ဖို့ 
ဗိုလ်စိန်မှန်မှာ လူပင်လယ်
အောင်ပင်လယ်မှာ လူသမုဒ္ဒရာ။

“ပြည်သူအသံ နားစွင့်ကြ”
ပြောခဲ့တဲ့ သမတဂျီး
လွှတ်တော်ထဲ အားလုံးကြားအောင်ပြန်ပြောမလား။

ပြည်သူ့ သဘောထား (၃) ချက်
ပြဌာန်း ထုတ်ပြန်လိုက်တယ်။

ပြည်သူ့အားကိုး လှံစွတ်ထိုး
တိုင်းချစ် ပြည်ချစ် သူရဲကောင်းများအား ၀ိုင်းရံကြ။

၄၃၆ ဥပဒေများအား ဖျက်သိမ်းရေးသည်
မြန်မာနိုင်ငံသားအားလုံး၏ အဓိကအကျဆုံး တာဝန်ဖြစ်သည်။

ပြည်သူအမုန်းခံ၊ အခွင့်ထူးခံ စစ်သားများဘ၀မှ ရုန်းထွက်၍
ပြည်သူ့ဘက်မှ ရပ်တည် ကာကွယ်ရေးသည်
တပ်မတော်သားအားလုံး၏ ပဓာနကျသော တာဝန်ဖြစ်သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts