ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ချမ်းမြ (မိုးမခအထောင်တော်) – ရွှေတွံတေးဆရာတော် ဘတ် (၁၂) သန်း ( ကျပ်ငွေ-သိန်း ၃၆၀၀ ) တန် ရွှေဘုရားသွန်းလောင်းပွဲကြွရောက်

ရွှေတွံတေးဆရာတော် ဘတ် (၁၂) သန်း ( ကျပ်ငွေ-သိန်း ၃၆၀၀ ) တန် ရွှေဘုရားသွန်းလောင်းပွဲကြွရောက်
ချမ်းမြ (မိုးမခအထောင်တော်)
မေ ၁၅၊ ၂၀၁၄
 

၁၁-၅-၂၀၁၄ နေ့လည် ၁ နာရီအချိန်တွင် ထိုင်းနိုင်ငံ မဟာချိုင်ဝပ်ကံကျောင်း၌ ဘတ် (၁၂) သန်း (ကျပ်ငွေ သိန်း ၃၆၀၀ ) တန် ရွှေဘု ရားသွန်းလောင်းပူဇော်ပွဲသို့ ရွှေတွံတေးဆရာတော် ကြွရောက်ခဲ့သည်။

ထိုင်း-မြန်မာ ပရိသတ်တထောင်ကျော်တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးများ၊ အာဏာပိုင်များ လုပ်ငန်းရှင်များနှင့် ကိုယ့်နိုင်ငံသား တိုင်းရင်း သားများပါဝင်သည်။ ရွှေသတ္တုစပ်များနှင့် လက်ဝတ်ရတနာများ လှူဒါန်းခဲ့ကြပြီး လုပ်အားဒါနပြုကာ ဘုရားဒကာ ဘုရားအမ ခံယူခဲ့ကြသည်။ စတုဒိသာ ကျွေးမွေးဧည့်ခံခဲ့သည်။

ရွှေတွံတေးဆရာတော်က “ထိုင်း-မြန်မာ ပူးပေါင်းကုသိုလ်ပြုကြရလို့ ကျေနပ်ပါတယ်။ မတည်ထိုင်းအလှူရှင်ကလည်း တလေးတစားပင့်ပြီး ဆောင်ရွက်ပေးခဲ့လို့ ဘုန်းကြီးရော ဒကာတွေပါဝမ်းသာရတယ်။ ရွှေရည်ကျိုလောင်းတာမြင်ရပြီး ပီတိဖြစ်နေကြတယ်။ ဘုရားဒကာ ဘုရား အမအဖြစ်နဲ့  ရွှေဘုရားပူဇော်ခွင့်ရလို့လည်း အတိုင်းမသိခံစားနေကြတယ်။ ဗီဇာ ၄ နှစ်သက်တမ်းကုန်ပြီး ထပ်မတိုးပေးဘဲ သက်ဆိုင်ရာက ၆ လခွင့်ပြုထားပေမယ့် မဟာချိုင်ရဲကိုကြောက်လို့ တော်တော်များများ မလာနိုင်ခဲ့ကြဘူး။ အဲဒါတော့ စိတ်မကောင်းဘူးပေါ့” စသဖြင့် မိန့် ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts