စာအုပ်စင်

ခေတ်ရနံ့ အမှတ် ၁၊ မေလထုတ် ထွက်ပြီ

ခေတ်ရနံ့သင်းပျံ့လှိုင်စေ

မိုးမခစာအုပ်စင် ကောက်နုတ်ချက်၊ မေ ၁၅၊ ၂၀၁၄

ကျွန်တော်တို့အယ်ဒီတာအဖွဲ့သည်၅ နှစ်နှင့် လေးလကြာစီစဉ်ထုတ်ဝေ ခဲ့သောရနံ့သစ်မဂ္ဂဇင်းကိုနှမြောတသစွာ သံယောဇဉ်ဖြတ်ရင်း ခေတ်ရနံ့ မဂ္ဂဇင်းစတင်မွေးဖွားလိုက်ကြပါပြီ။ ရနံ့သစ်မဂ္ဂဇင်း ကျောရိုးကိုအခြေပြုထား သော်လည်း ပို၍ပြည့်စုံကောင်းမွန်အောင်ကြိုးစားမွမ်းမံထားပါသည်။

 ခေတ်ရနံ့ဟူသည့်အတိုင်း ဖြတ်သန်းခဲ့ရသော၊ ဖြတ်သန်းနေရသော ခေတ် ကာလများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာပုံရိပ်များ ထင်ဟပ် ပေါ်လွင်စေရန် ကြိုးပမ်းတင်ပြသွားရန် ရည်ရွယ်ထားပါသည်။ ထို့အတူ အတိတ်၊ ပစ္စုပ္ပန်ကာလများကို အခြေပြုလျက်အနာဂတ်လားရာများကိုလည်း ဖော်ပြနိုင်ရန် အားထုတ်သွားမည်ဖြစ်ပါသည်။ မည်သို့ပင် ကြိုးပမ်းအားထုတ် စေကာမူ အားနည်းချက်၊ လစ်ဟာချက်များ ရှိနေနိုင်ပါသည်။ ခေတ်ရနံ့၏ အားနည်းချက်၊ လစ်ဟာချက်များကို ထောက်ပြဝေဖန်၊ အကြံပြုမည်ဆိုပါက လေးနက်စွာ ကြိုဆိုသွားမည်ဖြစ်ပါသည်။

ဤနေရာတွင် ‘ခေတ်ရနံ့’ ဟူသော မဂ္ဂဇင်းအမည်ကို ရွေးချယ်ရန် အကြံပြုခဲ့သော ကိုပုညဆွေ(ရာပြည့် မန္တလေးစာအုပ်ဆိုင်နှင့်စာပေဖြန့်ချိ ရေး၊ အလင်္ကာစာအုပ်တိုက်)နှင့် ‘ခေတ်ရနံ့’ မဂ္ဂဇင်း စာလုံးဒီဇိုင်းရေးဆွဲပေး သောဗဂျီလင်းဝဏ္ဏကိုလည်း အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းပြုအပ် ပါသည်။ ထို့အတူ ကျွန်တော်နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ကြသော အယ်ဒီတာအဖွဲ့အားလည်းကောင်း၊ ခေတ်ရနံ့ဝိုင်းတော်သားများအားလည်း ကောင်း၊ စာအုပ်အရောင်းဆိုင်များ၊ စာပေဖြန့်ချိရေးများနှင့်စာဖတ်သူများ အားလည်းကောင်း၊ စာမူရေးသားပေးပို့ကြသော စာရေးဆရာ၊ ဆရာမများ ကာတွန်းဆရာများနှင့်ပန်းချီဓာတ်ပုံ အနုပညာရှင်များအားလည်းကောင်း လေးနက်စွာကျေးဇူးစကားဆိုရင်း ခေတ်ရနံ့မဂ္ဂဇင်းအမှတ်(၁)ကို ထုတ်ဝေ လိုက်ပြီဖြစ်ပါကြောင်း…။

ပြည်သွေးနိုင်

တာဝန်ခံအယ်ဒီတာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts