မင်းကောင်းချစ်
မေ ၁၂၊ ၂၀၁၄
မောဟခွာ တရှပ်ရှပ်
ဖြတ်ညှပ်ကပ် ဘုရင်ရူး
မိစ္ဆာမြူးသံ ကျယ်လောင်
သန်းခေါင်ယံထက် ညဥ့်နက်
တိုင်းပြည်ဖျက်ပိုး
အရိုးထဲလှိုက်စား
နေပြည်တော်မှာထွားကျိုင်းသွား။
ရေစီးကမ်းပြိုလိုက်လာတဲ့
အာဏာရှုင်ဓလေ့ကို
စည်းကမ်းပြေ့ဝသောဒီမိုကရေစီနဲ့ကျားကန်ဖိုကြံ
ဘယာဂတိတွေ ဘောင်းလန်တော့
တစ်မတ်သားနဲ့ ခြေကုတ်ယူ
ဖိုးသိန်းမျောက်လူတွေပွဲထုတ်
နယ်လှည့်ပါးရိုက်အုပ်ချုပ်
မဟုတ်တရုတ် ဗိုက်လှန်ပြ
ဗရုတ်သုတ်ခ
ဝှိုက်ကဒ်တွေထုတ်ပေးပြီးမှ
ဘင်ဂါလီကိုခုတုံးလုပ်တာ
အမျိုးဘာသာ၊သာသနာလါး
စစ်မိစ္ဆာလား။
သံဃာသတ်ပြီး မျိုးစောင့်စကားဆို
သွေးစက်စက်ယို-လက်အိုကြီးနဲ့ 
စိတ်ပုတီးလျှိုပြီး
ရိပ်ကြီးခိုမယ်ဆို
သစ္စာဆိုတောင်၊ ဘယ်လိုယုံရပါ့။
မီးဇာကုန်ဆီခမ်းနေတဲ့
စစ်ဘီလူးအမွေကို
နာဂစ်ဥပဒေနဲ့ အသက်ဆက်
မိုက်တွင်းနက်နက်တူး
ဖက်ဒရယ်တစ္ဆေကြီး ပူးပြီးရင်း ပူး
ကယ်တင်ရှင်အရူးထ
ဗီဇကိုက မသန့်ပြန့်လေတော့ ……
ယတြာပဲ မှုတ်မှုတ်
ထုံးဖြူပဲ သုတ်သုတ်
သတိုးရုပ် မထွက်……
အမျိုးယုတ်ပျက်။
မင်းဓမ္မကုန်းမှာ ဆင်ဖြူတင်
ပြည်သူမြင်ရင် ယုံနိုးနိုး
ဆိုင်းဘုတ်ကျိုးနဲ့အလံရှုး
အကြံရူးတဲ့ပြကွက်
ကောသလအိပ်မက် ထ….ထငို
မင်းကျင့်တရားဆိုတာ
မူးလို့ရှူစရာမရှိ
နတ္ထိ။
ဘာသာဘာဝ မိုက်မဲခြင်းတွေ
ပွက်လျှံအခိုးဝေလာခဲ့တိုင်း
စွမ်းအားရှင်လူ့ ဂျပိုးနဲ့ 
ပြည်ခိုင်ဖြိုးပဲ အာဏာပါးကွက်သားဖြစ်သွား။
အင်္ဂါရုပ်ပျက်နေတဲ့
အလုပ်သုံးပါးကံကို ရွှေပိန်းချလို့ ……
မိတ်ကပ် ဖို့ပေမယ့်
သစ်စေး မကောင်းလေတော့
လေတိုက်တိုင်းအပုပ်နံ့ တဝေေ၀နဲ့။
လာပြန်ပါပေါ့
၂၀၁၅ ရွေးကောက်ပွဲ
ကျွန်ဇာတ်သွင်းမယ့်ပွဲပေမို့
လိုင်စင်ရ မဲသူခိုး
ဒိုင်စင်ပေါ်က မဲဓါးပြ
ဓါးတစစ အမိုက်ငင်
လူထုရင်ကိုခွဲ
ဒို့ အသည်း ဆွဲနှုတ်ဖို့ပြင်…
အာဏာပလ္လင်ပေါ် ဖွတ်တက်
ဗေဒင်မတွက်နဲ့ ငါ့အရှင်
ဒါ..ပြည်ဖျက်မယ့် အဆင် ။ ။
အားပေးသွားတယ်
Dear U Min Kaung Chit! The poem is excellent ( so good, so far ). It has been through my heart. I like the poem very much. With Kind and Very Warm Regards. 🙂