ကဗျာ

အောင်ကိုကိုလတ် (တမူး) – လက်ထိပ်ထဲက လက်​နှစ်​ဖက်

လက်ထိပ်ထဲက လက်​နှစ်​ဖက်
အောင်ကိုကိုလတ် (တမူး)
မေ ၁၀၊ ၂၀၁၄

 
လက်​တစ်​ဖက်​က ပစ်​မချရလို့​ပြော​တော့
လက်​တစ်​ဖက်​က ကွဲတတ်​သည်​ လို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က မီး​ဘေး​ရှောင်​လို့​ပြော​တော့
လက်​တစ်​ဖက်​က မ​လောင်​ခင်​တား လို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က စိတ်​ရှည်​သည်းခံလို့​ပြော​တော့
လက်​တစ်​ဖက်​က လမ်း​ကြောင်းမှန်​ လို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က ဗလာမပါကံစမ်းမဲလို့​ပြော​တော့
လက်​တစ်​ဖက်​က ​ကျေးဇူးတင်​ပါသည်​ လို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က နိုင်​ငံ​ရေးလို့​ပြော​တော့
လက်​တစ်​ဖက်​က ​အကျဉ်းထောင်​ လို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က စီးပွား​ရေးလို့​ပြော​တော့
လက်​တစ်​ဖက်​က ခရိုနီလို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က ငြိမ်းချမ်း​ရေး လို့​ပြော​တော့
လက်​တစ်​ဖက်​က ဒုက္ခသည်​စခန်း လို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က ဒီမိုက​ရေစီလို့​ပြော​တော့
လက်​တစ်​ဖက်​က တိုက်​ပုံအင်္ကျီ လို့ပြန်​​ဖြေတယ်

လက်​တစ်​ဖက်​က ၂၀၁၅ လို့​ပြော​တော့
လက်​တစ်​ဖက်​က လက်​က​လေးကိုလှုပ်​ယမ်းပြလိုက်​တယ်
`မင်း​ရောငါ​ရော ဘ၀တူ​တွေပါကွာ´ တဲ့…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts