စာအုပ်စင်

နောင်ကျော်၊ ပြေ (ဆေး၂) နဲ့ သန်းဝင်းလှိုင် စာအုပ်များ


နောင်ကျော်၊ ပြေ (ဆေး၂) နဲ့ သန်းဝင်းလှိုင် စာအုပ်များ

မိုးမခစာအုပ်စင်၊ မေ ၁၀၊ ၂၀၁၄

 

သန်းဝင်းလှိုင်ရေး ဦးသန်းရွှေ(သို့ မဟုတ်)နေပြည်တော်မင်းသားကြီး

မြန်မာနိုင်ငံတွင်စစ်အာဏာရှင်ကြီးဗိုလ်နေဝင်း၊ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ ပြီးလျှင် ၁၈နှစ်ကြာ အာဏာကိုကြိုးကိုင်၍ ယနေ့ တိုင်နောက်ကွယ်မှ အာဏာကိုချုပ်ကိုင်ကာ၊ စိတ်ချရသောတပည့်များဖြင့်နိုင်ငံရေးအကွက်ချ ကစားနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အကြောင်းကို မိုးမခပင်တိုင်ဆောင်းပါးရှင် သန်းဝင်းလှိုင်က သုတေသနပြုဖေါ်ထုတ်၍ ရေးသားတင်ပြထားသည်။စာအုပ်၏ မျက်နှာဖုံးကို ပန်းချီဇော်မောင်က ဒီဇိုင်းပြုလုပ်ထားပြီး၊ စာမျက်နှာ ၂၂ဝ၊ ရောင်းဈေး ၂၅ဝဝကျပ်ဖြင့် အမြို့ မြို့  ဆိုင်တိုင်း၌ ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ ဆက်သွယ်ရန် ဖုန်း-၀၉ ၇၃၀၆၀၁၇၆၊ ၀၉ ၃၁၀၂၉၆၂၃နှင့် စာပေတိုက်မှာ လွင်ဦးစာပေ ဖြစ်ပါသည်။  စောင်ရေကန့် သတ်ထားသဖြင့်အမြန်ဝယ်ယူမှ စိတ်ချရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ပါသည်။

 

 

ပြေ(ဆေး ၂) ဘာသာပြန်သည့် ထီးဖြူရှင်

Patricia W. Elliott ရေး The White Umbrella (A Woman’s Struggle for Freedom in Burma) မူရင်းကို စာရေးဆရာ ပြေ(ဆေး ၂) က ဘာသာပြန်ဆိုပြီး မြန်မာ့ခေတ်စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိမှာ ဖြစ်ပါသည်။ စ၀်ရွှေသိုက်၏ မဟာဒေ၀ီအကြောင်း စာအုပ် ဖြစ်ပါသည်။

 

နောင်ကျော် ၏ နှလုံးသားမှာ နှင်းများ လာရိုက်ခတ်

နိုင်ငံရေး ငြိမ်းချမ်းရေး စာပေ ယဉ်ကျေးမှုရေးရာ လူမှုပုံရိပ်၊ သဘာဝပတ်ဝန်းကျင်၊ ငယ်ဘ၀ အမှတ်ရချက်များနှင့် တက္ကသိုလ်ဆရာဘ၀ … ပြီးတော့ ၈လေးလုံးအရေးတော်ပုံကြီးအပြီး သူ၏ ၁၄ နှစ်တာကာလ အကျဉ်းထောင်ဖြတ်သန်းမှုကို ထင်ဟပ်သည့် အတွေ့အကြုံဆောင်းပါး (ရသ စာတမ်း) များ စုစည်းမှု ဖြစ်ပါတယ်။ တိုးမြစ်စာအုပ်တိုက်က ထုတ်ဝေမှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts