ကျော်ဟုန်း

ကျော်ဟုန်း – ဘယ်သူပြောလဲ မတိုးတက်ဘူး

ဘယ်သူပြောလဲ မတိုးတက်ဘူး
ကျော်ဟုန်း
နိုဝင်ဘာ ၁၊ ၂၀၁၃
ဘာလို့ မတိုးတက်ရမှာလဲ
တောသူအဒေါ်ကြီးတွေတောင် လှတယ်ပြောကြည့်
သိုင့်ခ်ကျူး ပြောတတ်လာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
(၄၀)ကျော် မမတွေတောင် အပြင်ထွက်ရင်
မီနီစကပ် ဝတ်ရဲလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
နိုက်ကလပ်၊ ဒေးကလပ်၊ မာဆပ်နဲ့ ကေတီဗွီယဉ်ကျေးမှု
ထွန်းကားလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
လ္ဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းတတ်တဲ့ လူငယ်တွေတောင်
အရက်ဆိုင်ပြောင်းထိုင် အချိန်ဖြုန်းတတ်လာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ဗိုလ်ချုပ်တွေ ပိုင်တဲ့ ဟိုတယ်တွေတောင်
ဖိုက်စတားအဆင့် ရှိလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ပုဂံဘုရားပုထိုးတွေကြား
ပါတီပွဲတွေ ကျင်းပနိုင်ပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ကြံ့ဖွတ်တွေတောင်
စည်းကမ်းရှိ ဒီမိုကရေစီနဲ့ နောက်ကြောင်းပြန်မလှည့်ဘူး
ဗြောင်ပြောရဲလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ရှစ်ပူးတွေတောင်
ပြည်တွင်းပြည်ပ ဘယ်နေရာ သွားသွား
လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ဘယာကြော် (၅-ည)နဲ့ 
သေနတ်မဖောက်ဘူးတဲ့ သူပုန်တွေတောင်
သူရဲကောင်းစာရင်းထဲ တိုးဝံ့လာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
အတိုက်အခံခေါင်းဆောင်ပုံအသေးနဲ့ သတင်းတိုတောင်
စာစောင်တွေထဲ ထည့်ရဲလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ဂျာနယ်လစ်တွေတောင် မြေကွက်ရလို့ 
မျှမျှတတ ရေးတတ်လာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ငြိမ်းချမ်းရေးကို ကားပါမစ်နဲ့ လဲနိုင်ခဲ့တဲ့တိုင်းပြည်လို့ 
ကမ္ဘာပေါ်မှာ ဝံ့ကြွားနိုင်ပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ဘင်္ဂလီ(၃)ယောက်နဲ့ အခြောက်(၁)ယောက်တောင်
လွှတ်တော်ထဲကို ရောက်နိုင်ပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
နာမည်ကြီး ဘလက်ခ်လစ်တွေတောင်
ပြည်တွင်းပြန်ပြီး ပြည်တော်သာနိုင်ပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ပရော့ဂျက်ရထားတဲ့ ပြည်ပအတိုက်အခံတချို့ တောင်
လွှတ်တော်ဝန်ကြီးနေရာရဖို့ ပြောရဲလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
မျောက်သစ်ကိုင်းလွှတ် ဂန္ဓဝင်တွေတောင်
အချင်းချင်းဘက်လှည့် ဆဲတတ်လာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
သူ့ မှာ သမတဖြစ်ဖို့ အရည်အချင်း
ရာနှုန်း(၁၀၀)ရှိတယ်လို့ 
ဗိုလ်ရွှေမန်းတောင် ပြောရဲလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
စာဖတ်နေပါတယ်ဆိုတဲ့ သူကြီးကတောင်
မြန်မာ့နိုင်ငံရေးကို စိုးရိမ်တတ်လာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ထောက်မှူးပြုတ် ဗိုလ်ခင်ညွန့် တောင်
သူတတ်ထားတဲ့ ပညာနဲ့ အတွေ့ အကြုံတွေ
တိုင်းပြည်တွက် ဖြန့် ဝေချင်တယ်လို့  ပြောရဲလာပြီ။
ဘာလို့ မတိုးတက်ရမှာလဲ
ရန်ကုန် ဒလဘက်ကမ်း ရွှံ့ မြေကွက်တွေတောင်
ဒေါ်လာနဲ့  အရောင်းအဝယ်ဖြစ်ကုန်ပြီ။
ဒါတွေက ..
လက်ညှိုးထိုးပြနိုင်တဲ့ တိုးတက်ခြင်း
တိုးတက်တယ်ဆိုတာ ပြောင်းလဲခြင်း
ဒီလောက်ပြောင်းလဲ တိုးတက်နေတာတောင် အားမရ
တချို့ လူတွေများ
ဟိုစာအုပ်ကြီးကို
(၂၀၁၅ )အတွက် ပြင်ချင်တယ်ဆိုပြီး

မျက်စောင်းထိုးနေတာ ခဏ ခဏ။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts