U Win Tin ကဗျာ ဦးဝင်းတင်

နီလွင်သွေး(ဒဿနိက) – သံမဏိသူရဲကောင်းသို့ဦးညွှတ်ခြင်း

သံမဏိသူရဲကောင်းသို့ဦးညွှတ်ခြင်း

နီလွင်သွေး(ဒဿနိက)၊ မေ ၁၊ ၂၀၁၄

 

သခင်ကိုယ်တော်မှိုင်းကွယ်လွန်သွားပေမဲ့

သခင်ကိုယ်တော်မှို်င်းအထ္ထုပ္ဗတ္တိနဲ့

သခင်ကိုယ်တော်မှိုင်းဝါဒ ရှင်သန်နေမြဲဖြစ်တယ် ။

ဗိုလ်အောင်ဆန်းကွယ်လွန်သွားပေမဲ့

ဗိုလ်အောင်ဆန်းအထ္ထုပ္ဗတ္တိနဲ့

ဗိုလ်အောင်ဆန်းဝါဒ

ဗိုလ်အောင်ဆန်းစိတ်ဓါတ်ရှင်သန်နေမြဲဖြစ်တယ် ။

ဗိုလ်အောင်ကျော်ကွယ်လွန်သွားပေမဲ့

ဗိုလ်အောင်ကျော်အထ္ထုပ္ဗတ္တိနဲ့

ဗိုလ်အောင်ကျော်သတ္တိရှင်သန်နေမြဲဖြစ်တယ် ။

ကိုဗဟိန်းကွယ်လွန်သွားပေမဲ့

ကိုဗဟိန်အထ္ထုပ္ဗတ္တိနဲ့

ကိုဗဟိန်းဝါဒရှင်သန်နေမြဲဖြစ်တယ် ။

ကြည့်လိုက်ကြစမ်းဟေ့

လူပင်လယ်ပန်းပင်လယ်ကြားက

ကြီးမြတ်ခမ်းနားတဲ့

တော်လှန်တဲ့အဘိဓမ္မာနဲ့

မဟာသံမဏိသူရဲကောင်းတယောက်ရဲ့

တောက်ပတဲ့ အထ္ထုပ္ဗတ္တိကို

ညွှန်းဆိုပြတာဖြစ်တယ် ။

ကျနော်တို့ယုံကြည်တယ်

ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ကျဆုံးသွားပေမဲ့

ဟံသာဝတီဦးဝင်းတင်ရဲ့အထ္ထုပ္ဗတ္တိနဲ့

ဟံသာဝတီဦးဝင်းတင်ရဲ့တော်လှန်တဲ့အဘိဓမ္မာ

ဧရာဝတီနဲ့

ဗမာပြည်တည်နေသရွေ့

ထာဝရှင်သန်နေလိမ့်မယ် ။

ဘာလဲဟဲ့လူ့ငရဲ

စစ်ငရဲအကျဉ်းစခမ်းထဲက

သံမဏိသူရဲကောင်အဘိုးအိုရဲ့ရဲစွမ်းမှုက

ပြည်သူ့လွတ်မြောက်ရေးတေးသံကို

ပိုလိုတောက်ပစေလျှက်

တတိုင်းပြည်လုံးလွှမ်းပတ်ဟိန်းညံ

သူ့ရဲတော်လှန်တဲ့အဘိဓမ္မာက

ကျောင်းသားမျိုးဆက်တိုင်းရဲ့နှလုံးသားထဲမှာ

စွဲမြဲရှင်သန်နေလိမ့်မပေါ့ ။

ကမ္ဘာကုန်ကျယ်သရွေ့

မြေဝသုန် တုန်ဟီး

ခရီးဦးကြို

မဟာသံမဏိသူရဲကောင်းတယောက်ကို

ဆီးကြိုဂုဏ်ပြုပေရော့ ။         ။

(ဟံသာဝတီဦးဝင်းတင်သို့ဦညွှတ်ခြင်း)

၎ ၊ ၂၆ ၊ ၂၀၁၄။ စနေနေ့ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts