U Win Tin ဓာတ်ပုံသတင်း ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများ ဆရာကြီးဦးဝင်းတင် ရက်လည်ဂါရ၀ပြု

ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများ ဆရာကြီးဦးဝင်းတင် ရက်လည်ဂါရ၀ပြု

မိုးမခဓာတ်ပုံသတင်း၊ ဂျေစင်၊ ကျော်နိုင်၊ ဧပြီ ၂၇၊ ၂၀၁၄

ဧပြီ ၂၆၊ နေ့ခင်း၊ ဆန်ဖရန်ဘေးဧရိယာ၊ မုဒိတာရွှေကျောင်းတွင် ဆရာတော် အရှင်ဥာဏိကာဘိဝံသကို အမှူးထားပြီး ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ စုဝေးကာ ကွယ်လွန်သူ NLD ပါတီ နာယကကြီးနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အား ရည်စူးသော ရက်လည်ဆွမ်းသွတ်နှင့် ဂါရ၀ပြုအစီအစဉ်ကို ကျင်းပခဲ့ကြသည်။

 အရှင်ဥာဏိကာဘိဝံသ

 

ကိုထွန်းမြတ်ဦး (ကိုပန်းသီး)

 

 

ကိုဝင်းလှိုင်

 

 

ပရိသတ်များ

 

 

ပန်းအိစံ

ဧည့်သည်များအား မုန့်ဟင်းခါးအပါအ၀င် ဆွမ်းအလှူကို တယောက်တလက် ၀ိုင်းဝန်းပြီး လှူဒါန်း ကျွေးမွေးကြသည်။ ဆရာတော် အရှင်ဥာဏိကာဘိဝံသက
ရက်လည်ဆွမ်းသွတ်အလှူအတန်း ဘာသာရေးအစီအစဉ်နှင့် တရားဟောပြော၊ ရေစက်ချသည်။ တက်ရောက်လာသည့် ပုဂ္ဂိုလ်များက ဆရာကြီးဦးဝင်းတင်ကို ဂါရ၀ပြု ဦးညွတ်ဂုဏ်ပြုသော အမှတ်တရစကားများ ပြောကြားကြသည်။

 

 

ကိုမင်းဇင်

 

 

မောင်ရစ်

 

 

ကိုညွန့်သန်း

 

 

ဧည့်ပရိသတ်များ

 

 ဦးမောင်မောင်လတ်

 

ကိုတိုးလွင်

အခမ်းအနားတွင် ဆရာကြီးအားရည်စူးပြီး ကုသိုလ်ထည့်ဝင်ကြသော အလှူငွေများ အားလုံးကို ဆရာကြီးဦးဝင်းတင်ထူထောင်ပေးခဲ့သော ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်းမည် ဖြစ်သည်။ အလှူငွေ ဒေါ်လာ ၂၅၀၀ ကျော် လက်ခံရရှိခဲ့ပြီး ဆက်လက်၍ ၀ိုင်းဝန်းလှူဒါန်းနေဆဲ
ဖြစ်သည်။ အခမ်းအနားနှင့် ဆွမ်းအလှူအားလုံးမှာ စီစဉ်သူများ၏ သီးခြားစိုက်ထုတ် ခြင်းဖြစ်သဖြင့်  ဧည့်ပရိသတ်၏ အလှူအားလုံးမှာ ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ တိုက်ရိုက်ရောက်ရှိမည် ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts