ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ချမ်းမြ (မိုးမခအထောက်တော်) – ယဉ်ကျေးမှုထဲက ဂါရဝတရား

ယဉ်ကျေးမှုထဲက ဂါရဝတရား

ချမ်းမြ (မိုးမခအထောက်တော်)
ဧပြီ ၂၆၊ ၂၀၁၄

 


တိုင်းပြည်နှင့်ဝေးနေရသော မြန်မာလူမျိုးတို့ အမိမြေကို သတိတရ အရှိဆုံးကိစ္စတွေထဲ သင်္ကြန်သည် ထိပ်ဆုံးကပါသည်။ ဒီအချိန်သည် ကမ္ဘာ့ အနှံ့ ပြန့်ကျဲ ရောက်ရှိနေသော မြန်မာများ အတွက် အိမ်လွမ်းစိတ် အနိုးထဆုံးသော အချိန်လည်း ဖြစ်သည်။ မြန်မာလူမျိုးတို့ ရာသီတိုင်း လ-တိုင်း ပွဲတော်တွေတခုမဟုတ် တခုရှိနေသည်။တိုင်းပြည်ပြင်ပရောက် မြန်မာများအနေနှင့် လအလိုက် တခြားပွဲတော်တွေ ပျက်ချင်ပျက်သွား၊ကျော်ချင်ကျော်သွား ကြသော်လည်း မြန်မာနှစ်သစ်ကူး အတာ သင်္ကြန်ကိုတော့ ဘယ်ရောက်ရောက် ကျော် မပစ်ခဲ့ကြ။ ချန်မထားခဲ့ကြ။ဤသည်ပင် ကြောင့်ပင် သင်္ကြန်ကို မြန်မာတိုင်း တမ်းတမ်းတတ တမြတ်တနိုးရှိလှသော ပွဲတော်ဟု ကင်းပွန်းတပ် လိုက်ရခြင်း ဖြစ်ပေသည်။

သင်္ကြန်နှင့်တွဲလျှက်ပါနေတတ်သော ကိစ္စတခုက သက်ကြီးပူဇော်ပွဲ။ထိုပွဲမျိုးကို သီတင်းကျွတ်လို အခါမှာတခါ။ အခုလိုနှစ်သစ်ကူးမှာတခါ တွဲလျှက် ပြုတတ်ကြသည်။ နှစ်သစ်သို့အကူး နှစ်ဟောင်းတုန်းက မကောင်းသည့်အရာများကို ချန်ထားချင်ကြသည်။ နောက် အတွေးသစ်များ ဖြတ်သန်းမှု မျိုးစုံခဲ့သူတွေထံက အသိသစ်များဖြင့် နှစ်သစ်ကို ခရီးဆက်ဖို့ အားယူလိုကြသည်။ ဒီလိုပွဲသည် သင်္ကြန်နှင့် တွဲဖက် လိုက်သောအခါ အင်မတန် လှပသော မြန်မာ မှုတခုဖြစ်လာပါတော့သည်။


ထိုမြန်မာ့တန်ဖိုး ယဉ်ကျေးမှု အမွေတခုကို -ဧပြီလ ၂၀ရက်၂၀၁၄(တနင်္ဂနွေနေ့)   မေရီလန်ြး ပည် နယ် ဝေဇယန္တာကျောင်းတိုက်၌ ကျင်းပ ပြုလုပ်သည်။ ထိုပွဲသို့ ဝင်စကွင်စင် ပြည်နယ်မှ ဆရာတော် ဦးဇာဂရ (စာရေးဆရာကံထွန်းသစ်)လည်းကြွရောက်ချီမြှင့်သည်။ အခမ်းနားတွင် ဆရာတော်ဦးဇဝန ထံမှ ငါးပါးသီလခံယူပြီး စာရေးဆရာကံထွန်းသစ်က ဝမ်းမြောက်ဖွယ် မေတ္တာဆု စကားမြွက်ကြားတော်မူသည်။ အခမ်းနားမှူးအဖြစ် ပွဲဖြစ်မြောက်ရေး အဓိကအကျိုးဆောင် ဒေါက်တာမော်နိုင်ဦးမှ ဆောင်ရွက်သည်။ ထိုနောက် ဆရာတော် ဦးဇာဂရ(ကံထွန်းသစ် )စီစဉ်ရေးသေားပေးသောကန်တော့ကျိုးဖြင့် အဖိုးအဖွား တို့အား ကန်တော့ကြသည်။ထိုနောက်အဖိုးအဖွားတို့ကိုအမှတ်တရ လက်ဆောင်ပစ္စည်းများကိုသားငယ် သမီးငယ်လေးများမှ ပေးအပ်လှူဒါါန်းသည်။ အဖိုးထဲမှာတဦး အဖွားထဲမှတဦးက တုန့်ပြန် မေတ္တာဆု စကားပြောကြားပြီးအခမ်းနားအောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts