ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ချမ်းမြ (မိုးမခအထောက်တော်) – ရေခြားမြေခြား မြန်မာတွေ ရွှေတွံတေးဆရာတော်ထံမှာ ရှင်ပြုပြီး နေရပ်ဆီပြန်ကြ

ရေခြားမြေခြား မြန်မာတွေ ရွှေတွံတေးဆရာတော်ထံမှာ ရှင်ပြုပြီး နေရပ်ဆီပြန်ကြ

ချမ်းမြ (မိုးမခအထောက်တော်)
ဧပြီ ၂၆၊ ၂၀၁၄

 


ထိုင်းနိုင်ငံ မဟာချိုင်မှာ မတ်လကုန်ပိုင်းက ရွှေတွံတေးဆရာတော်ထံ နိုင်ငံသားမိသားစုတွေလာရောက်ပြီး ရိုးရာရှင်ပြု မင်္ဂလာပြုကြသည်။

မိဘများက ဗီဇာ ၄ နှစ်သက်တမ်းကုန်ပြီး ထိုင်းမြန်မာ အစိုးရတွေညှိမရ လုပ်မရ ဖြစ်ကြချိန်မှာ ရဲဘေးကို ကြောက်လာကြကာ နေရပ်ပြန်ကြ သည်။ နိုင်ငံခြားမှာ ရှင်ပြုဖြစ်အောင် ပြုသွားဦးမယ်ဘုရားဟု လျှောက်ထားပြီး အလှူပွဲကျင်းပခဲ့ကြပါသည်။

ရွှေတွံတေးဆရာတော်က ဗီဇာကုန်ပြီး ၆ လ နားလည်ခွင့်ပြုပေမယ့် မဟာချိုင်ရဲတွေက ဖမ်းစားနေကြပြီ။ ကိုယ်တွေကလည်း စကားပေါက် အောင် မပြောနိုင်ကြဘူး။ အရင်လိုရဲဘေး ကြုံကြရပြန်ပြီ။ အကြီးအကဲတွေ အားစိုက်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပွဲစားတွေလည်း ခွင်မ ဖန်ကြပါနဲ့ဦး စသဖြင့် မိန်ကြားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts