U Win Tin ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်
နီနီမာ – “နတ္ထိ ပစ္စယော”
“နတ္ထိ ပစ္စယော”
နီနီမာ၊ ဧပြီ ၂၆၊ ၂၀၁၄
ညဉ့်ဧ။်  ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ  ကျေးဇူးပြုသကဲ့ သို့ လည်းကောင်း…
တိမ်မည်း ကင်းစင်သော “  လ ” သည် ၀င်းပသော ကောင်းကင်ဖြစ်ခြင်း ငှာ  ကျေးဇူးပြုသကဲ့ သို့  လည်းကောင်း…
ရွာသွန်းပြီးစ  မိုးသည် မြေပြင်ကို သန့်စင်ခြင်းငှာ ကျေးဇူး ပြု သကဲ့ သို့  လည်းကောင်း..
နတ္ထိ ပစ္စယော  နတ္ထိ  မရှိ ခြင်းဖြင့်  ပစ္စယော ကျေးဇူး ပြုခြင်း မည်ဧ။်…။
မြတ်ဗုဒ္ဒဧ။်  ပဌာန်းဒေသနာတော်မှ  နတ္ထိပစ္စယော  ကို ဆဌသံဃာယနာ မူ  အိတ်ဆောင် ပဌာန်း  ပါဠိတော်နှင့်  ၂၄ ပစ္စည်း အကျဉ်းစာအုပ်တွင်..ဒီလို ဖွင့်ဆိုထားတယ်..။
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်  အကျဉ်းထောင်က ပြန်လွတ်ပြီး မကြာခင်..နိုင်ငံရေး ရပ်တည်မှုတခုကို  နတ္ထိပစ္စယော…နဲ့ ကိုးကားပြီး  ပြောသွားဖူးတာကို  အမှတ်ရတယ်.။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ၂၀၁၀ ဖြတ်သန်းမှု မှတ်တိုင် တခုကို  ရွှေဂုံတိုင်ကြေညာစာတမ်း နဲ့  စိုက်ထူလိုက်ကြ ချိန်မှာ..ပေါ့..။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က  ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား သပိတ်မှောက် လိုက်တယ်..။၂၀၀၈  နာဂစ် ဖွဲ့ စည်းပုံကို..လုံးဝ လက်မခံဘူး..။ခု..နောက်ပိုင်း  မြောင်းထဲပစ်ချထားခံလိုက်ရ တဲ့   ရွှေဂုံတိုင် ကြေညာစာတမ်းဟာ  အဲဒီအချိန်က  ဆရာကြီးဟံသာဝတီဦးဝင်းတင် ရဲ့ သတ္တိပြောင်တဲ့   ဦးဆောင်မှု နဲ့   ရဲရဲတောက် ပေါ်ပေါက်လာခဲ့ တယ်..။ဒီမိုကရေစီ လိုလားတဲ့   ပြည်သူတွေထဲက  စစ်အာဏာ ရှင်တွေရဲ့   ကောက်ကျစ်မှုတွေကို အမြဲသံသယနဲ့ စောင့်ကြည့်နေတတ်တဲ့  အော့နှလုံးနာနေတဲ့  ပြည်သူအများစုက  တခဲတနက်ထောက်ခံကြတယ်..။ခိုင်ခိုင်မာမာ  ၀ိုင်းရံရပ်တည်ကြတယ်..။
ဒါပေမဲ့ ..      အသံတချို့ ထွက်လာတယ်..။ ၂၀၁၀ရွေးကောက်ပွဲမ၀င်ရင်…သပိတ်မှောက်ရင်..NLD ကို ဖျက်သိမ်းခံရနိုင်တယ်..။NLD ဟာမြေအောက် ပါတီ ဖြစ်သွားနိုင်တယ်..။ဒီမိုကရေစီ အင်အားစုတွေ ကစင့်ကရဲ ဖြစ်ကုန်နိုင်တယ်…။စတဲ့ ..စတဲ့ …အသံတွေဟာ…တဖက်ရန်သူက  ဘာမှ တရားဝင် မတုံ့ ပြန်ခင်..ဟိုက ဒီက..ထွက်လာတယ်.. ။သွေးရိုးသားရိုး စေတနာနဲ့  စိုးရိမ်တာလား..။တဖက်က ၀ါဒဖြန့် လှိုင်းနဲ့  သွေးတိုးစမ်းတာလား..တော့ မပြောတတ်….။NLD ကို နိုင်ငံရေးသေနေတဲ့  ရုံးအခွံကြီးတခုအနေနဲ့  ကျီးနဲ့ ဖုတ်ဖုတ်နှစ်ရှည်လများ ထိန်းသိမ်းလာတယ်..ဆိုသူကြီးတွေကလဲ..စိုးရိမ်ပါ သတဲ့ ..။
           တကယ်တော့  သူတို့  စောင့်ထိမ်းလာတဲ့   NLD ရုံးဆိုတာမှာ   နံမယ်ပဲ ရှိပြီး.. နိုင်ငံရေးအင်အားစုတွေ ကစင့်ကလျား ဖြစ်အောင်  အင်အားချိနဲ့ အောင်…သူတို့  ရန်သူကို  သူခိုးဓါးရိုး ကမ်းခဲ့ ကြတာကလား…။
ဒီလို  အခြေအနေတွေမှာ…ရွှေဂုံတိုင်ကြေညာစာတမ်းကို အတူတူ ရေးဆွဲခဲ့ကြတဲ့ သူတွေကတောင်…NLD မရှိရင် ဒေါ်စု လွတ်လာရင် ရပ်တည်ဖို့ ပါတီတရပ်ထောင်ပြီး၂၀၁၀ကို ခေါင်းလျှိုဖို့ ပြင်တဲ့ သူကပြင်..နဲ့   ကယောင်ချောက်ခြားတွေ ဖြစ်လာတယ်..။ကိုယ့်ဖာသာ  လက်နဲ့ ရေးတာကို ကိုယ့်ဖာသာ  ခြေနဲ့ ဖျက်ကြတယ်..။တကယ်တော့  ဒေါ်စုလို  လူမျိုးဟာ  ရပ်တည်စရာ ပါတီ တရပ် မရှိခင်ကတည်းက  ရွှေတိဂုံ အနောက်ဖက်မုခ် တရားပွဲမှာ လူထုခေါင်းဆောင်ဖြစ်လာခဲ့ ပြီ..။သူ့မှာ ရပ်တည်စရာ  ပြည်သူလူထု ကြီး တရပ်လုံး ရှိနေပြီ..။
ဒီအချိန်မှာ အတွေးရော..အပြောရော…အလုပ်ပါ  ပြတ်တဲ့  သံမဏိလူသား ဟံသာဝတီ ဦးဝင်းတင်က.. NLDကို ဦးဆောင်ပြီး ၂၀၁၀ကိုသပိတ်မှောက်ခဲ့ တယ်..။ရွှေဂုံတိုင်ကြေညာစာတမ်းကို  အခိုင်အမာ ဆုပ်ကိုင်ခဲ့ တယ်..။နိုင်ငံရေးကို ပရိယာယ်နဲ့  မလုပ်ဘူး..။ယုံကြည်ချက်နဲ့ ..လုပ်ခဲ့ တယ်..။
အဲဒီ အချိန်မှာ…သူက  ဒီ..နတ္ထိပစ္စယော..ဆိုတဲ့  ပဌာန်းဒေသနာတရားတော်ကို  လက်ရှိနိုင်ငံရေး အခြေအနေနဲ့  ကိုးကား ညွှန်းဆိုပြခဲ့ တယ်..။NLD အဖျက်ခံရလို့ မရှိခြင်းသည် ပင်..ဒီမိုကရေစီအင်အားစုတွေ အတွက် NLD ရှိခြင်း ဆိုတဲ့  သဘောမျိုး..။
တဆက်တည်း  သွားတွေးမိတာက  ..၁၉၉၁ခုနှစ်လောက်က  ကျမတို့ ပေါင်းတည်  မှာ   NLDစတင်တည်ထောင်သူတွေပါတဲ့   NLDစည်းကော်မတီတခုလုံးကို..ရွေးကောက်ပွဲကော်မရှင်နဲ့  NLD ဗဟိုက
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုကို  ငြင်းဆန်ဖို့ အဓမ္မ ဖိအားတွေ ပေးခဲ့ ချိန်ကအဖြစ်အပျက်ကလေးပါ..။
ဒေါ်အောင်ဆန်းစုကြည် ကို  ပထမဆုံး..နေအိမ်အကျယ်ချုပ်ချထားချိန်  NLDပါတီရဲ့ ခေါင်းဆောင်ကို  ဒေါ်အောင်ဆန်းစုကြည်မဟုတ်ပဲ  ဦးအောင်ရွှေပါလို့ လက်ခံဖို့ ဖိအားပေးတာ.တွေ…။NLD ရုံးခန်းဖွင့်ထားတဲ့  အိမ်ရှင်ကို အကြိမ်ကြိမ် ခေါ်ယူ  သတိပေး ခြိမ်းခြောက်မှုပြီးရုံးကို  လက်မခံဖို့တွေ ..။ နိုင်ငံရေးအသေသတ်တဲ့  လုပ်ရပ်တွေကို  ကန့်ကွက် တဲ့  အနေနဲ့   ပေါင်းတည် NLD ရုံးကို  ယာယီပိတ်ထားလိုက်ချိန်မှာ…စစ်ထောက်
လှမ်းရေး တွေ  ပြာဆိုက်သွားတယ်..။
သူတို့ မထင်မှတ်တဲ့   အကွက်ကိုး..။ဘာလို့..ရုံးပိတ်လိုက်တာလဲ..။ဘာလို့.  .၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် နှစ်ယောက်ပဲ..ထင်သာမြင်သာ  ရှိနေရတာလဲ..။ကျန်တဲ့   စည်းကော်မတီတွေက   ဘယ်သူတွေလဲ..။စသဖြင့်  အသဲအသန်လှည့်ပတ်..ထောက်လှမ်းကြတယ်..။အဲဒါလဲ…နတ္ထိပစ္စယော..ပါပဲ..။
နောက်ပိုင်း ဦးအောင်ရွှေတို့က ပေါင်းတည်မှာ ဆက်ဆံရေး အဖွဲ့ သစ်တဖွဲ့ ဖွဲ့ လိုက်မှပဲ  သူတို့ စိတ်အေးသွားရှာတယ်..။အဲဒီ အချိန် NLD ဗဟို အဖွဲ့ ချုပ်က ချထားတဲ့  ပေါ်လစီအရ..နိုင်ငံရေး လှုပ်ရှားမှု
မှန်သမျှ  ..စစ်ထောက်လှမ်းရေးကို အသိပေး ပြီး  လုပ်ကြတာပဲလေ..။နိုင်ငံရေး တာဝန်ရှိသူတွေ  ခရီးထွက်ရင် တောင်..ထောက်လှမ်းရေးကို အကြောင်းကြား..။ထောက်လှမ်းရေးက ၀ယ်ပေးတဲ့   လက်မှတ်နဲ့  ခရီးထွက်ရတာ..။ထောက်လှမ်းရေးနဲ့  နှုတ်ခမ်းချင်းပွတ်နေရတာကိုက နိုင်ငံရေးပေါ်လစီကိုး..။  ဂုဏ်ယူနေကြတာကိုး..။
ထားပါတော့..။
ခေတ်အဆက်ဆက်…တိုင်းပြည်အတွက်  နိုင်ငံရေး ဆောင်ရွက်ချက်..အယူဝါဒ ကိုင်စွဲမှုတွေ  လုပ်နည်းလုပ်ဟန်တွေမှာ ကိုယ့်အယူအဆနဲ့ ကိုယ်  ဘယ်သူမှန်လို့  ဘယ်သူမှားတယ်..ဆိုတာ  အချိန်က အဖြေပေးလာမှာပါ…။ဘယ်သူကတော့  ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ..ဆုပ်ကိုင်ခဲ့ တယ်..ဆိုတာကိုတော့.. အဲဒီသူ..သေတဲ့ အချိန်ထိ စောင့်ကြည့် ဆုံးဖြတ်လို့ ရပါတယ်..။
ဆရာကြီး ဟံသာဝတီ  ဦးဝင်းတင် ကွယ်လွန်သွားပါပြီ..။သူ့နောက်ဆုံးထွက်သက် အထိ…သူ့ ယုံကြည်ချက် ရပ်တည်ချက်တွေဟာ  သွေဖီမသွားခဲ့ ပါဘူး..။ပြည်သူ့ အတွက် အဆုံး စွန် စွန့်လွှတ်
ပေးဆပ် ပြခဲ့ လို့  …သူမရှိတော့ပေမဲ့ ..သူ့တရားတွေ သူ့ယုံကြည်ချက်တွေဟာ…ပြည်သူတွေကြားထဲမှာ   စိမ့်ဝင်  ပျံ့ နှံ့ တင်ကျန်ခဲ့ ပါပြီ…။
             ဒါကြောင့်..သူမရှိခြင်းဟာ…သူရှိနေခြင်းပါပဲ..။
နတ္ထိ  ပစ္စယော
နတ္ထိ မရှိခြင်းဖြင့်
ပစ္စယော..ကျေးဇူး ပြုခြင်း မည်ဧ။်..။     ။
(ဓာတ်ပုံ – မိုးမခ၊ ဦးဝင်းတင် နောက်ဆုံးနေထိုင်ခဲ့သည့် အိမ်)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts