Maung Swan Yi ကဗျာ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင် မောင်စွမ်းရည်

မောင်စွမ်းရည် – သေမင်းလက်လျှော့နေလေတော့ (အကို ကိုဝင်းတင်သို့)

သေမင်းလက်လျှော့နေလေတော့ (အကို ကိုဝင်းတင်သို့)

မောင်စွမ်းရည်၊ ဧပြီ ၂၂၊ ၂၀၁၄



(၁) လူ့ငရဲမှာ

လူ့သရဲတွေ၊ အိုးခွဲသလို

လူကို ရိုက်ခွဲ၊ ဆိုဆဲ ထောင်းထု

ရက်စက်မှုတို့၊ ပြုသမျှဒဏ်

အံကြိတ်ခံခဲ့၊ သင့်မာန် အံ့တပါး

ကမ္ဘာကြားပြီ။



(၂) ပါးရိုက် နားရိုက်၊ သွားကို ရိုက်လို့

ရိုက်သမျှ အံခဲ၊ အံတုပွဲမှာ

မျက်စိလဲ မှုန်၊ သွားလဲကုန်ပြီ

နားအုံ နားပင်း၊ နားချွတ်ယွင်းထိ

စစ်မင်း လက်ရွံ့ခဲ့ရပြီ။



(၃) ဗမာ့ဖက်ဆစ်၊ ကမ္ဘာ့ဖက်ဆစ်

ဖက်ဆစ်ဟူသမျှ၊ သြချလက်မြှောက်

`ဒူးမထောက်သူ´

မကြောက်စံပြ၊ သင်တို့ဘအို

ဒို့အကို ကို၊ ဘယ်လိုစစ်ခင်း

ဘယ်သေမင်းမှ မယူနိုင်။



(၄) `ဒီမို´ တိုက်ပွဲ၊ ဒို့တိုက်ဆဲမို့

ရှောင်လွဲသေမင်း၊ ဘိုးသက်ပြင်းကို

မင်းတို့ ငါတို့ ကန်တော့ကြ

ကျန်းမာစေကြောင်း ဆုတောင်းကြ။



မောင်စွမ်းရည် (၂၀၁၄ ဧပြီ ၁၈၊ နယူးယောက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts