U Win Tin ကဗျာ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

“သံမဏိငှက်သို့..နောက်ဆုံး ဂါရ၀” – နီဇူလိုင်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

“သံမဏိငှက်သို့..နောက်ဆုံး ဂါရ၀”

နီဇူလိုင်၊ ဧပြီ ၂၁၊ ၂၀၁၄

(ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကဏ္ဍ)

 

သံမဏိငှက်…..အတောင်သာလျှင်..

ဝန်ရှိသော..သင်

သင့်ရဲ့  အဆုံးစွန်လင်းလက်တဲ့  ….တောင်ပံတွေကို  သာ..

ကျွန်ုပ်တို့ ကို   တပ်ဆင်ပေးခဲ့ ပါ

သွားတော့….သွားတော့…

သွားတော့…သင်……။

 

လူ့ ငရဲ ရဲ့  နာကျင် ခါးသီးမှုတွေ..မရှိရာ

ကောက်ကျစ် စဉ်းလဲ…စစ် ခွေးဘီလူး သရဲ တွေ….မရှိရာ

အသားထဲကထွက်တဲ့ .လောက်တွေ  ….မရှိရာ

.နောက်ကျောက ထိုးမဲ့ …ဓါးတွေ  ….မရှိရာ

ခရီးတ၀က်.သစ္စာ ပျက်…. ငြမ်းဖျက်သူတွေ..မရှိရာ

ကတ္တီပါ လက်အိတ်နဲ့   အာဏာအဆိပ်နံ့ နံသူတွေ..မရှိရာ

သွားတော့..သွားတော့..

သွားတော့…သင်..။

 

သင့်ရဲ့  နောက်ဆုံးထွက်သက်နဲ့ အတူ

စစ်အာဏာရှင်တွေကို  စွမ်းသမျှ အနိုင်ပိုင်းခဲ့ တဲ့ 

တံတွေး တစက်..

ထွီ…တချက်

သိင်္ဂီ ရွှေခွက်ထဲကခြင်္သေ့ ဆီ

သွားတော့…သွားတော့….

သွားတော့…သင်..။    ။

 

နီဇူလိုင်

( ၂၁.၄.၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts