မေလကို ဖြတ်သန်းဖို့
ငါ့မျက်ရည်တွေကို တမံတုပ်ထားရတယ်။
စိတ်ကို
ကလစ်တချက်နှိပ်ရုံနဲ့
မေလထဲက
အံကြိတ်သံ၊ တောက်ခေါက်သံတွေဟာ
ငါ့ရင်ထဲမှာ ဆူညံနေဆဲ …။
သစ္စာတရားရဲ့
ခါးသီးတဲ့ အရသာကို စားသုံးဖို့
သူတို့ထွက်ခွာသွားကြမယ့်
၁၉၉၈ ခုနှစ်ရဲ့
မေ (၁၀) ရက်ဟာ
အသင့်အနေအထားရှိဖို့
ငါတို့အားလုံးကို
ပုတ်နှိုးလိုက်တယ် …။
သူဟာ
တရားဥပဒေအထက်က လူများရဲ့
မတရားမှုကို ခုခံဖို့
မသမာမှုတွေ
ရှေ့မတိုးနိုင်အောင်တားမယ့်
ခံစစ်ဖြစ်သလို
သစ္စာတရားအတွက်
ရှေ့တလှမ်းတိုးမယ့်
ထိုးစစ်လည်းဖြစ်တယ် …။
တကယ်က သူဟာ
ယုံကြည်ချက်ကို
အသက်ထက်ချစ်သူ …
ဂုဏ်သိက္ခာကို
ရှင်သန်ခြင်းထက်မြတ်နိုးသူ …
ဆရာတော်ဦးဝိစာရဟာ
ရက်ပေါင်း (၁၀၀) ကျော်တဲ့အထိ
ကျွန်းတိုက်ပွဲမှာ
ရက်ပေါင်း (၅၀) ကျော်တဲ့အထိ
ဒါပေမယ့်
သူ့ကျတော့ …
အယ်လ်နီညိုကြောင့်
မာန်တက်နေတဲ့ မိုးနတ်မင်းကြီးတောင်
ကိုအောင်ကျော်မိုးကြောင့်
(၁၅) ရက်နေ့မှာ
မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်။
ဆရာတော်ဦးဝိစာရကို
သူ့ခေတ်ရဲ့သူရဲကောင်းအဖြစ်
နှောင်းလူတွေ
ဦးညွတ်ကြ
ဂုဏ်ပြုကြ
တန်ဖိုးထားကြ …
ဒို့ခေတ်ရောက်မှ ရိုင်းကြရတော့မှာလား
စစ်ပြိတ္တာတွေက
ငါတို့သမိုင်းကို ချောင်းထိုးထား
ပါးစပ်မဟရဲအောင် လုပ်ထားကြပေမယ့်
ငါတို့ခေတ်ရဲ့
အပြောင်မြောက်ဆုံးသော
သူရဲကောင်းအကြောင်းကို ပြောမယ်။
ကိုအောင်ကျော်မိုးရေ …
အတိုဆုံးသော ဒီကဗျာလေးရဲ့
အကျယ်လောင်ဆုံးသော မြည်ဟည်းသံကို
လူသားတိုင်း ကြားသိစေ
ခေတ်တိုင်းရဲ့လူသားတိုင်း ကြားသိစေ
ကမ္ဘာတည်သရွေ့ ကြားသိစေ …။ ။
(၁၉၉၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် သာယာဝတီထောင်၌ အစာငတ်ခံဆန္ဒပြရင်း စစ်ပြိတ္တာပါးကွက်သားတို့၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အာဇာနည် ကိုအောင်ကျော်မိုးသို့ ဦးညွှတ်ဂုဏ်ပြုလျက် …)