စာအုပ်စင် ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ချစ်သူသက်ထား လူသတ်သမား၊ အဂ္ဂသာခရစ္စတီ၊ ဘာသာပြန် – တက္ကသိုလ်ရွှေရီဝင်း


ချစ်သူသက်ထား လူသတ်သမား၊ အဂ္ဂသာခရစ္စတီ၊ ဘာသာပြန် – တက္ကသိုလ်ရွှေရီဝင်း
မိုးမခအီးဘုတ်၊ ဧပြီ ၅၊ ၂၀၁၄

စုံထောက်စာရေးဆရာမကြီး အဂ္ဂသာခရစ္စတီရဲ့ ဇာတ်ကောင် ဟာကြူလီပွိုင်ရို ၀တ္တုတပုဒ်ဖြစ်တဲ့ (Agatha Christie’s The Mysterious Affair At Styles) ကို တက္ကသိုလ်ရွှေရီဝင်းက ဘာသာပြန်ထားတဲ့ အီးဘုတ်ဖြစ်ပါတယ်။ ဒေါက်တာခင်မောင်ဝင်းကတော့ အဲဒီစာအုပ်ကို အောက်ပါအတိုင်း မိတ်ဆက်ထားပါတယ်။

အင်္ဂလိပ်စာဖတ်ပရိသတ်အတွက်ကတော့ အဂ္ဂသာခရစ္စတီကို အထူးမိတ်ဆက်စရာမလိုပါ။ (Agatha Christie’s The Mysterious Affair At Styles) ကို မြန်မာမှုပြုထားတော့ ‘ချစ်သူသက်ထား လူသတ်သမား’ ဆိုပြီး ဖြစ်သွားပါတယ်။ ရွှေရီဝင်းရဲ့ ပထမဦးဆုံး ဘာသာပြန်ကတော့ Agatha Christie’s Five Little Pigs ဖြစ်ပါတယ်။ မြန်မာလိုပြန်ထားတာကတော့ ‘အဆိပ်ပြင်းထန် ချစ်မုန်းမာန်’ လို့ ဆိုပါတယ်။ စာရေးဆရာမ မစန္ဒာကတော့ စာအုပ်ခေါင်းစဉ်က လူသတ်သမားဘယ်သူလဲဆိုတာကို တ၀က်ဖော်ထားပေးသလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

 အခုဘာသာပြန်တဲ့ စာအုပ်ဟာ မူလစာရေးဆရာမရဲ့ ပထမဦးဆုံး စုံထောက်ဝတ္ထုဖြစ်ပြီး ထုတ်ဝေသူတွေရဲ့ အငြင်းခံရတဲ့ စာမူလည်း ဖြစ်ပါတယ်။ ရွှေရီဝင်းရဲ့ ဘာသာပြန်ကလည်း မြန်မာပြည်က ထုတ်ဝေသူတွေရဲ့ ငြင်းဆိုခြင်းကို ခံရတာပါပဲ။ အဲသည်လို ဆင်တူဖြစ်ခြင်းရဲ့ လမ်းခွဲကတော့ အဂ္ဂသာခရစ္စတီဟာ နောက်ပိုင်းမှာ နံမယ်ကြီး စာရေးဆရာတဦး ဖြစ်လာခဲ့ပါတော့တယ်။ ရွှေရီဝင်းရဲ့ ဘာသာပြန် ‘အဆိပ်ပြင်းထန် ချစ်မုန်းမာန်’ စာအုပ်ဟာ သူ့အတွက် အရှုံးနဲ့ ရင်ဆိုင်ရပါတယ်။ အခုစာအုပ် ‘ချစ်သူသက်ထား လူသတ်သမား’ ကို ယခင်က တက္ကသိုလ်နေ၀င်း ဘာသာပြန်ခဲ့ပြီး ဖြစ်တာကြောင့် ထုတ်ဝေသူတွေက ပယ်ချခဲ့တာပါ။ သို့သော် ရွှေရီဝင်းအတွက်ကတော့ ဘာသာပြန်ခြင်းဟာ ပျော်စရာလို့ ခံယူသူ သက်သက်ဖြစ်တာမို့ ဂရုမထားခဲ့ပါဘူး။

အခုတော့ ဒီစာအုပ်ကို အီးဘုတ်အဖြစ် ထုတ်ဝေတင်ဆက်လိုက်ပါပြီ။ လူအများဖတ်ရှုနိုင်တဲ့ စာနယ်ဇင်းအမျိုးအစားတွေထဲမှာ အီးဘုတ်အဖြစ် ထုတ်ရတာဟာ အကောင်းဆုံးရွေးချယ်မှုတခု မဟုတ်ဘူးလို့တော့ ကျနော်ကတော့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလကားရတဲ့ နွား သွားဖြဲ မကြည့်သင့်ဘူး မဟုတ်လား။ အကြောင်းကြောင်းသော အကြောင်းတွေကြောင့် ရွှေရီဝင်းအတွက်ကလည်း တခြားရွေးချယ်စရာ မရှိဘူးလို့ ထင်ပါတယ်။
အခုတော့ ဒီစာအုပ်ကို တင်ဆက်လိုက်ပါပြီ။ ရွှေရီဝင်းရဲ့ ဘာသာပြန် စာအုပ် ၂ အုပ်စလုံးကို အကြံပေးခဲ့သူကတော့ မိခင် ခင်မျိုးချစ် ဖြစ်ပါတယ်။
(ဒေါက်တာခင်မောင်ဝင်း)
သည်နေရာမှာ အားပေးဖတ်ရှုနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts