Uncategorized သရော်စာ ဂျော်ဒီး

ဂျော်ဒီး – ၂၀၁၄ သင်္ကြန် သံချပ် (မိုးမခ မဏ္ဍပ်) (၁) ဂျော်ဒီး

၂၀၁၄  သင်္ကြန် သံချပ် (မိုးမခ မဏ္ဍပ်) (၁)
ဂျော်ဒီး
ဧပြီ ၄၊ ၂၀၁၄
သရုပ်ဖော် – ကာတွန်း စောငို

 

*** ရှာပုံတော်..မင်းသားကြီး  ..မဏ္ဍပ်တကာ ရောက်ခဲ့ပြီ .. +++ ဘာကြောင့်ကွယ်..သမတကြီးစကား…မင်းတို့ ဂရုမစိုက်သည်.. +++.. အရက်နဲ့ နွားနို့လဲကြပါ…. ++  လေတွေကုန်လို့ မောနေပြီ..+++ ဖမ်းမိတဲ့ … အရက်ပုလင်းများ..ဘယ်ဆီ ++++++  အရက်ပုလင်းတွေ့ တာ..ဂိုဒေါင်လိုက်မို့….အရေးမစိုက်ပါပြီ…….ခရိုနီကြီးတွေ …. ရီတာပေါ့လို့ ..ဟားတိုက်…လှောင်နေပြီ။ သမတကြီးရယ်… သနားလှ တယ်.. ပျော့ပျော့လေးနဲ့ အပျော့ဆွဲ ဆွဲတတ်တယ်.. +++ အာပလာ..သမတကြီး..မိန့်ခွန်းတွေ ပြောတတ်တယ်.. တလတခါ ရီစရာများလဲ
သိပ်သိပ်ပြောတတ်တယ်.. မနှစ်ကပြောတဲ့.. ..မိန့်ခွန်းဟာ…ရေတွေစိုလို့ ရွှဲကုန်ပြီ.. လေပေါတာ..လူတိုင်းသိကုန်ပြီ +++

မိုးမခ မဏ္ဍပ်က သံချပ်သံ…. ( ပြည်သူ့ အသံ..ပဲ့တင်ပြန်ဖို့ ..)၂

ပြည်သူ့အသံ..ပဲ့တင်ပြန်… (ရင်ဖွင့်လိုက်မယ်… အမောပြေစေသား) ၂
အမေပြောတဲ့ အမောပြေဆိုတာ… (လွှတ်တော်ထဲမှာ  ရှာတာတွေ့ဘူး) ၂
လွှတ်တော်ထဲမှာ  လိုက်လို့ရှာ..(.ပြည်သူ့အသံ  ဘယ်ချောင်မှာ..တိုး)၂
ပြည်သူ့အသံ ကြားရအောင်… (လွှတ်တော်အမတ်တွေ  နားဖာချေးကော်ဦး)၂
နားဖာချေးဆို့တဲ့ အမတ်တွေ…(မီတာခတွေ  တက်တော့မယ်တဲ့)၂
မီတာခတွေ တက်လာရင်  .. (ပြားသထက်ပြားမှာ.. တို့ပြည်သူပဲ)၂
ပြားသထက် ပြားတဲ့ တို့ပြားသူ …(ဆင်းရဲအောင်လံ..တလူလူလွှင့်) ၂

 

ဟေ့.. သမတ.. ဟေ့.. ဥက္ကထ
ဟေ့.. သမတ.. ဟေ့.. ဥက္ကထ
ဟေ့လား…မောင်တို့ဝါး.. (တော်..တို့ပဲ..၀ါးကြဆို့ကြပါ.. တော်)

 

မိုးမခ မဏ္ဍပ်က သံချပ်သံ…. ( ပြည်သူ့ အသံ..ပဲ့တင်ပြန်ဖို့ ..)၂
ပြည်သူ့အသံ..ပဲ့တင်ပြန်… (ရင်ဖွင့်လိုက်ပါ… အမောပြေစေသား) ၂
အမေပြောတဲ့ ..အမောပြေဆိုတာ..(.တို့ပြည်သူတွေ.. ခံစားရသေးဘူး)၂
တို့ပြည်သူတွေ  ဆန္ဒအမှန်.. (ဖော်ထုတ်ရတာ..ဘ၀ဂ်ညံလို့)၂
ဘ၀ဂ်ညံတဲ့ ပြည်သူ့အသံ ….(နားလျှံထွက်တာ…သမတကြီး)၂
သမတကြီးက… နားမလျှံတာ   …(ခရိုနီ့အသံပါ…  နှစ်ကိုယ့်တစိတ်) ၂
နှစ်ကိုယ့်တစိတ် ခရိုနီ…(သမီးသမက်ပေးကာ  ခမည်းခမက်တော်ထား)၂
ဟေ့ ..သမတ..ဟေ့ .. ဥက္ကထ
ဟေ့ .. ဥက္ကထ..ဟေ့ ..သမတ
မင့်နှမ  ငါ့ပေးထား.. (တော်တို့ပဲ  စည်းလုံးကြပါတော်)
မိုးမခ မဏ္ဍပ်က သံချပ်သံ…. (ပြည်သူ့အသံ..ပဲ့တင်ပြန်ဖို့ ..)၂
ပြည်သူ့အသံ..ပဲ့တင်ပြန်… (ရင်ဖွင့်လိုက်ပါ… အမောပြေစေသား) ၂
အမေပြောတဲ့ အမောပြေဆိုတာ…(သုံးနှစ်ကြာပီ..ဟောဟဲ..ဟောဟဲ)၂
ဟောဟဲ..ဟောဟဲ..သုံးနှစ်ကျော် (သမတကြီးနော်….ပြောင်ပြောင်ပြောတုံး)၂
သမတကြီးရဲ့   အပြောတွေ…(အဆန်မပါ…သင်္ကြန်အမြှောက်)၂
အဆန်မပါပေမဲ့ …အဆန်းပါ..(သမတကြီးခမျာ…အမျှော်အမြင်ကြီးစွ) ၂
အမျှော်အမြင်ဘကီးတဲ့ သမတဟာ…(သူတောင်းစားလိုင်စင် သုံးသိန်းနဲ့ပေး)၂
သုံးသိန်းထက်တော့ မကျော်နဲ့ကွာ..(ဟို..ကော်မရှင်ကြီးခမျာ…ဟတ်ကော့ကြီးဖြစ်)၂
ဟို..ကော်မရှင်ကြီးခမျာ..ပလပ်ကျွတ်ရှာ..(လာဘ်ပေး လာဘ်ယူမရှိတော့ဘူးတဲ့)၂
လာဘ်ပေး လာဘ်ယူမရှိတော့ရင်..(လက်ဆောင်လေးတော့ ..ဟဲ..ဟဲ..ဟဲ..ဟဲ)၂
လက်ဆောင်ခြင်းကလေး တခြင်းပါဗျာ (သုံးသိန်းဆိုတာ  ..ပါးပါးလေးတဲ့) ၂
MOU ထိုးတဲ့ ဘောပင်လေးပါဗျာ…(သုံးသိန်းဆိုတာ ..ပါးပါးလေးတဲ့)၂

 

(သမကြီး … ကယ်ပါ.. ကယ်ပါ)
ဥက္ကထကြီးလဲ..ကယ်ပါ..ကယ်ပါ
အစိုးရကြီးလဲ…ကယ်ပါ..ကယ်ပါ
ဟေ့ … သမတ…ဟေ့ … ဥက္ကထ
ဟေ့ … သမတ…ဟေ့ … ဥက္ကထ

 

ဟေ့လား…သူတောင်းစား ..(တော်တို့လက်ထက်မှ..ကျားသားမိုးကြိုးတော်)
မိုးမခ မဏ္ဍပ်က သံချပ်သံ…. ( ပြည်သူ့ အသံ..ပဲ့တင်ပြန်ဖို့ ..)၂
ပြည်သူ့အသံ ..ပဲ့တင်ပြန်… (ရင်ဖွင့်လိုက်ပါ… အမောပြေစေသား) ၂
အမေပြောတဲ့ အမောပြေဆိုတာ..(တို့ပြည်သူတွေ မပါသေးဘူး)၂
သုံးသိန်းမပြောနဲ့ သုံးရာတောင်…. (ပြည်သူတွေမှာ… ကြက်လိုယက်ရ)၂
တို့ပြည်သူတွေ  ကြက်ယက်ရှာ…(တနပ်စာကိုတောင် အနိုင်နိုင်ရုန်း)၂
တနပ်စာ..အရေး  တွေးပူစဉ်….(ကြွေးရှင် ချစ်တီး..အကြံကြီးပ)၂
အစိုးရ၀န်ကြီး ..မစာနာ   (အကြံပေးပုံက..တနပ်လျှော့စား)၂
တနပ်လျှော့ကာ…ဗိုက်မှောက်နေ…(နေရေးကကော  အဆင်ပြေလို့လား)၂
နေရေးကတော့ အေးဆေးပါ (ဘူဒိုဇာလာရင်…အသက်လုပြေး)၂
ဘူဒိုဇာလာရင်.ပြေးရရှာ….(ကျူးကျော်သူတဲ့ ….  သူခိုးက  လူဟစ်)၂
သူခိုးလူဟစ်..တပ်ပိုင်မြေ….(သင်္ချိုင်းကုန်းမချန်  ..  အပိုင်သိမ်းထား)၂
အပိုင်သိမ်းထား..တပ်ပိုင်မြေ..(ကျူးကျော်ဆိုတာ…သူတို့ မှ  အစစ် )၂
ကြားရ သမျှ…လက်ဖျားခါ…(နယ်လှည့်ပြီးတောင်  ပါးရိုက်ဦးမတဲ့)၂
ကြားရသမျှ  လက်ဖျားခါ..(တရုတ်ကိုတောင်  ကြောက်ရသေးသတဲ့) ၂
ကြားရသမျှ  လက်ဖျားခါ…(ဘူးလက်နဲ့တောင်..ခေါ်ဦးမလို့တဲ့)
ကြားရသမျှ  လက်ဖျားခါ…(သုံးသိန်းထက်တော့ ပိုမယူနဲ့ ..တဲ့)

 

ဟေ့ …သမတ..ဟေ့.ကာချုပ်
ဟေ့ …ဥက္ကဌ..ဟေ့ ….၀န်ကြီး
ဟေ့လား…ခြောက်ပေစား (သေရင် ထားခဲ့ရမှာပါ…တော်)

*** ရှာပုံတော်..မင်းသားကြီး  ..မဏ္ဍပ်တကာ ရောက်ခဲ့ပြီ +++ဘာကြောင့်ကွယ်..သမတကြီးစကား…မင်းတို့ဂရုမစိုက်သည်.. +++.. အရက်နဲ့နွားနို့ လဲကြပါ….++  လေတွေကုန်လို့ မောနေပြီ..+++ ဖမ်းမိတဲ့ အရက်ပုလင်းများ..ဘယ်ဆီ ++++++ အရက်ပုလင်းတွေ့တာ..ဂိုဒေါင်လိုက်မို့….အရေးမစိုက်ပါပြီ … ခရိုနီကြီးတွေ ရီတာပေါ့လို့ .. ဟားတိုက်…လှောင်နေပြီ….။သမတကြီးရယ်…သနားလှ တယ်.. ပျော့ပျော့လေးနဲ့ အပျော့ဆွဲ ဆွဲတတ်တယ်..+++အာပလာ..သမတကြီး..မိန့်ခွန်းတွေ ပြောတတ်တယ်..တလတခါ ရီစရာများလဲ သိပ်သိပ်ပြောတတ်တယ်..မနှစ်ကပြောတဲ့ .. ..မိန့်ခွန်းဟာ…ရေတွေစိုလို့ ရွှဲကုန်ပြီ.. လေပေါတာ..လူတိုင်းသိကုန်ပြီ +++ (အဆင်ပြေလျှင် ပြေသလို..ဆက်လာပါဦးမည်..။ သင်္ကြန်မတိုင်မီ သံချပ်ကောင်းများရရန် သမတကြီးတို့အဖွဲ့သားများမှ  ရီစရာများများ ပြောကြ လုပ်ကြဦး မည်ဟု..မျှော်လင့် လျှက်))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဂျော်ဒီး – ၂၀၁၄ သင်္ကြန် သံချပ် (မိုးမခ မဏ္ဍပ်) (၁) ဂျော်ဒီး

Comments are closed.