သတင်းဆောင်းပါး

ဇာနီကြီး – SME and Electricity အသေးစားလုပ်ငန်းများနှင့် လျှပ်စစ်နှင့် အခွန်ကောက်များ စရိတ်ကြီးလေးနေခြင်း

SME and Electricity အသေးစားလုပ်ငန်းများနှင့် လျှပ်စစ်နှင့် အခွန်ကောက်များ စရိတ်ကြီးလေးနေခြင်း
ဇာနီကြီး
မတ်လ ၂၅၊ ၂၀၁၄

 

သမ္မတဦးသိန်းစိန်မှ အသေးစား၊ အလတ်စား SME Small & Medium Enterprises များသည် ကမ္ဘာ့နိုင်ငံတိုင်း၏ ၈၀%ခန့် စီးပွားရေးကို အထောက်ကူပြုသောကြောင့် အာဏာရပြီး၊ ၃နှစ်နောက်ပိုင်းတွင် SME ကိုအထူးဦးစားပေး ဆောင်ရွက်မည်ဟု မကြာမီက မိန့်ခွန်းပြောကြားခဲ့သည်။ မြန်မာပြည်တွင် လက်ဝါးကြီးအုပ် စီးပွားရေးသမားများကြောင့် စိတ်ပျက်နေသည့်ကြားမှ အခွန်ကောက်ရာတွင်လည်း လက်ဝါးကြီးအုပ်စီးပွားရေးသမားများကို အခွန်ကောက်စနစ်မရှိပဲ ကိုယ့်စေတနာနဲ့ ပေးကြပါဗျို့… ဟု အစိုးရက အောက်မှနေပြီး အသနားခံတောင်းနေရသောကြောင့် ပိုပြီး စိတ်ပျက်မိသည်။ အခွန်ဆိုသည်မှာ စာရင်းစစ်မှန်ကန်မှုရှိပါက ပြေးမလွတ်နိုင်သော ဥပဒေကြီးဖြစ်သော်လည်း ဥပဒေလုံးဝမကြီးစိုးသော မြန်မာနိုင်ငံအတွက် အထူးစိတ်ပျက်မိသည်။

စိတ်ဓါတ်အကျဆုံး ဥပဒေတစ်ခု ထွက်လာသည်မှာ လက်လုပ်လက်စား၊ တစ်လ ကျပ်တစ်သိန်းခွဲအထက် ဝင်ငွေရှိသူများကို အခွန်ကောက်တော့မည် ဆိုသည့် ဥပဒေဖြစ်သည်။

လက်ဝါးကြီးအုပ်အရင်းရှင်စနစ်တွင် ဥပဒေများကို လက်ဝါးကြီးအုပ်သူများက ကျွမ်းကျင်စာ အဆိုပြုပြီး၊ လွှတ်တော်ကို အတည်ပြုစေသည့် နည်းလမ်းဖြင့် နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ထားကြသည်။ အမေရိကန်၊ တရုပ်၊ စင်ကာပူတွင် လက်ဝါးကြီးအုပ်လို့မရပါ။ အစိုးရက သန့်ရှင်းနေပြီး အစိုးရက ကောင်းမွန်နေသောကြောင့် အကြီးစား အကျင့်ပျက်လက်ဝါးအုပ် ကုမ္ပဏီပိုင်ရှင် တစ်ယောက်ကို တစ်လတစ်ခါ မဲနှိုက်၊ တရားရုံးတင်၊ ပိုင်ဆိုင်မှုသိမ်း၊ သေဒဏ်ချသင့်လျှင် ချမှတ် လုပ်ဆောင်နေသည်။ ဒေါက်တာဦးမြင့်၏ အစိုးရသစ်ကို တင်ပြခဲ့သော Corruption Paper တွင်ပါရှိပြီးဖြစ်သည်။ ယခုအခါ ဒေါက်တာဦးမြင့်သည်လည်း ဒေါက်တာနေဖင်လတ် ပုံစံ စီးပွားရေးလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေလျှင်တော့ အလွန်ဝမ်းနည်းလိုပါသည်။ ဒေါက်တာ ဦးမြင့်လို ပုဂ္ဂိုလ်မျိုးသည် ငွေဖြင့် အရေဖျော်၊ ငွေတိုက်ပိတ်ခံရလဲ မီဒီယာလောကတွင် စံနမူနာထားရမည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့်၊ ကိုယ်ပိုင်စီးပွားများဖြင့် အလုပ်ရှုပ်နေပါက Something Wrong for Myanmar ဖြစ်နေပါသည်။ အာဏာနှင့်ငွေကို ဦးစားပေးသူများ အစိုးရတွင် ၂၅% ထက်နည်းပါမှ တောင်ကိုးရီးယား၊ အမေရိကား တို့ကဲ့သို ကမ္ဘာက လေးစားရမည့် မြန်မာ့ခေါင်းဆောင်များ ဖြစ်လာပါမည်။

ယခု အသေးစားလုပ်ငန်းနှင့် လျှပ်စစ်အကြောင်း အနည်းငယ် ရေးလိုပါသည်။

“အသေးစားလုပ်ငန်းတွေက ယူနစ် ၅၀၀၀၀ ၀န်းကျင်မှာပဲ ရှိတယ်။ ဆိုလိုတာက အိမ်တွင်းစက်မှုလုပ်ငန်းတွေပေါ့။ ၅၀၀၀၀ နဲ့ ၂၀၀၀၀၀ ကြားဆိုရင် ဒါက အလတ်စား စက်မှုလက်မှုလုပ်ငန်းပဲ။ ၅၀၀၀၀ အထိကို ၁၂၅ ကျပ်၊ ၅၀၀၀၀ နဲ့ ၂၀၀၀၀၀ ကြားဆိုရင် တစ်ယူနစ်ကို ၁၅၀ ကျပ်ကောက်မယ်။ ၃၀၀၀၀၀ အထက်ဆိုရင် တစ်ယူနစ်ကို ၁၀၀ ကျပ်ပဲ ရှိတယ်။ အဲဒီတော့ အခု တိုးကောက်မယ်ဆိုတဲ့ နှုန်းထားမှာ အသေးစားနဲ့ အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေကို ကောက်တဲ့နှုန်းက အများဆုံးဖြစ်နေတယ်” ဟု လှိုင်သာယာစက်မှုဇုန်ရှိ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည် .. ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အသေးစားစက်မှုလုပ်ငန်းများကို တကယ်မြှင့်တင်လိုလျှင် အသေးစားများကို အခွန်လွှတ်ပေးရမည်။ လျှပ်စစ်ဈေးနှုန်းချိုသာစာ အခမဲ့နီးပါး ၁နှစ်ခန့်ပံ့ပိုးရမည်။ အသေးစားများ ကိုယ့်ခြေပေါ်ရပ်တည်လာရန်လိုသည်။ အသေးစားလုပ်ငန်းများ အထူးလိုအပ်သည်မှာ နံပါတ်(၁) .. ခြစားမှုမရှိသောလူတော်လူကောင်းများဖြစ်သည်။ ပြီးမှ လျှပ်စစ်၊ ချေးငွေ စသည်တို့ လိုအပ်သည်။ စီးပွားရေးလုပ်ရာတွင် ဥပဒေလက်တစ်လုံးခြား၊ အခွန်ရှောင်နိုင်သည့် ကုမ္ပဏီများက အမြတ်အစွန်းများများရသဖြင့် မြန်မာပြည်တွင် အခွန်ရှောင်နိုင်သော ကုမ္ပဏီပိုင်ရှင်ကြီးများကို ခရိုနီ ဟုခေါ်ကြသည်။ နိုင်ငံအဆင့်တွင် ခရိုနီ ၂၀ခန့်ကို သမ္မတဦးသိန်းစိန်က ခေါ်ယူတွေ့ဆုံပြီး၊ လက်ဝါးကြီးမအုပ်ရန် ပြောခဲ့သည်။ မြို့နယ်တိုင်းတွင် မြို့နယ်အဆင့် ခရိုနီများက ကြီးစိုးနေသည်။ အသေးစားလုပ်ငန်းရှင်များအတွက် လျှပ်စစ်လိုပါက ခရိုနီများပင် သုံးမလောက်ဖြစ်နေသည်။

အသေးစားလုပ်ငန်းကို တစ်ယူနစ် ကျပ်၁၅၀ ကောက်ပါက အလွန်နစ်နာပေသည်။ ခရိုနီ စက်မှုလုပ်ငန်း အကြီးစားများကို တစ်ယူနစ် ကျပ်၁၀၀ ဟု လျှော့နည်းကောက်သော လျှပ်စစ်ဝန်ကြီးဌာနသည် ခရိုနီ ဧရာမကြီး ဖြစ်မနေဘူးလား ခင်ဗျာ။ မြန်မာပြည် လက်ဝါးအုပ်အရင်းရှင်ရန်မှ လွတ်ရန်

၁။ လျှပ်စစ်ဈေးနှုန်းကို တစ်ယူနစ် US$ 10 cent (၉၅ကျပ်) ထက်ပိုမယူသင့်ပါ။

၂။ လျှပ်စစ်လုပ်ငန်းကို ဆက်သွယ်ရေးအော်ပရေတာ၂ခု တင်ဒါခေါ်သကဲ့သို့ နိုင်ငံခြား၁၀၀% ရင်းနှီးမြှတ်နှံစေရပါမည်။

ဖက်စပ်လုပ်စေခြင်းသည် Service Industry ဝန်ဆောင်မှုလုပ်ငန်းများတွင် အကျိုးရှိသည်။ သို့သော စက်ရုံကုန်ထုတ်လုပ်မှု၊ လျှပ်စစ်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လာဘ်စားမှု၊ ခြစားမှုများကို ဖက်စပ်လာမလုပ်ချင်ကြပါ။ လျှပ်စစ်ထုတ်လုပ်ခြင်းကို ဖက်စပ်လုပ်ပါက မြန်မာနိုင်ငံသည် ဖိလိပိုင်နိုင်ငံကဲ့သို့ လျှပ်စစ်ဈေးကြီး၊ အရာရာဈေးကြီး၊ ကျတာဆိုလို့ စိတ်ဓါတ်ပဲရှိပြီး နောက်ဆုံး ဘင်္ဂလားနိုင်ငံထက်ပင် နိုမ့်ကျနေဦးမည်ဖြစ်ပါသည်။

လျှပ်စစ်လုပ်ငန်းကို အနည်းဆုံး အထက်မြန်မာ၊ အောက်မြန်မာ ၂ခု အ်နပြိုင်အဆိုင် လုပ်ခိုင်မှ ဖြစ်မည်။ ဈေးချိုလာမည်။ တရုပ်ပြည်ကြီးတွင် လျှပ်စစ်ကို အစိုးရကုမ္ပဏီများအား ပုဂ္ဂလိကအဖြစ် ပြောင်းလဲပြီး အပြိုင်ဆိုင်လုပ်စေသည်။ တစ်ယူနစ်ကို လက်ရှိပေါက်ဈေး (US$ 1 = kyat 980) နှုန်းဖြင့် တွက်ချက်ပါက တရုပ်၊ အမေရိကန်၊ ထိုင်း၊ မလေးရှားတို့တွင် အလွန်ဈေးချိုပါသည်။ တစ်ယူနစ် ကျပ်၅၀မှ ၇၀ အတွင်းသာ စက်မှုလုပ်ငန်းများကို လျှပ်စစ်ဈေး အစိုးရက သတ်မှတ်ထားပါသည်။ လောင်စာဆီဈေးနှုန်းတက်ခြင်း၊ လျှပ်စစ်ဈေးနှုန်းတက်ခြင်းကြောင့် လူထုအုံကြွမှုများ ဖြစ်ခဲ့သည်များကို လက်ရှိအစိုးရ မေ့ပျောက်မည်မဟုတ်ပါ။ သင်ခန်းစာယူတတ်ရန်လိုပါသည်

ထို့ကြောင့် နိဂုံးအနေဖြင့်

လျှပ်စစ်ဈေးနှုန်(လျှပ်စစ်ခွန်) နှင့်၊ ဆင်းရဲသားများအား Personal Tax အခွန်ကောက်မှု၊ များ ကြိုးစားလုပ်ဆောင်နေမည့်အစား ခရိုနီ၊ လက်ဝါးအုပ်များကို အခွန်သုည သွင်း/ုထုတ်ကုန် လုပ်နေမှုများကို အခွန်ကောက်ရန်သာ အရေးတကြီးလိုအပ်သည်ဟု ရိုးသားစွာမြင့်ပါသည်။ လျှပ်စစ်အခွန်ကောက်ခြင်းကို သေချာစွာ လေ့လာလုပ်ဆောင်ရန်လိုပါသည်။ မြန်မာပြည်တွင် လျှပ်စစ်ဈေးနှုန်းကို 3 to 80 cent ဟုရေးထားပါသည်။ အချို့ ခရိုနီးများသည် အခမဲ့နီးပါး ရယူ၊ နိုင်ငံပိုင်အဆီအနှစ် သယံဇာတလျှပ်စစ်ကို စုတ်ယူနေဆဲဖြစ်သည်။ တစ်ယူနစ် 3cent ကဲ့သို့ (တရားမဝင်) ယူသုံးနေခြင်းများအား အရေးယူပြီး၊ ပျမ်းမျှ ၈၀ကျပ် ဈေးနှုန်းထက် မပိုသင့်ပါ။ အနည်းဆုံး မီးထွန်းခြင်းအတွက် ပြည်သူများကို ၃၅ကျပ်ထက် ပိုမကောက်သင့်ပါ။ စီးပွားရေးလုပ်ငန်းရှင်များကိုမူ သင့်တင်မျှတသော ဈေးနှုန်း၊ တစ်ယူနစ် ကျပ်၁၀၀ထက် ပိုမကောက်သင့်သော်လည်း မြန်မာပြည်တွင် ဈေးနှုန်းများကြီးနေသောကြောင့် လျှပ်စစ်ဝန်ကြီးဌာန အရှုံးဘဝဖြစ့် မျက်နှာမလှ ဖြစ်နေပါသည်။ လျှပ်စစ်ဝန်ကြီးခင်ဗျား.. တိုင်းပြည်လူထု လျှပ်စစ်မီးရရန် (ထမင်းချက်၊ အဲကွန်း၊ ရေတင်စက်မပါ) လျှပ်စစ်ဈေးနှုန်းကို ကမ္ဘာ၊ အိမ်နီးချင်းနိုင်ငံများ ဖြေရှင်းနည်းကို ဝန်ကြီးကိုယ်တိုင် သွားရောက်လေ့လာသင့်သည်။ ဝန်ကြီးဌာန အမြတ်မထွက်သောကြောင့် မျက်နှာပျက်လျှင်လဲ ဘတ်ဂျတ်ပိုတောင်းပြီး လူထုအထွက် အရှုံးခံ၊ လျှပ်စစ်မီးထွန်းပေးနေဆဲဖြစ်သည်ကို ဂုဏ်ပြုပါသည်။ ဆက်လက်ဂုဏ်ပြုလိုပါသည်။

လျှပ်စစ် ရောင်းဈေးနှုန်းများကို နိုင်ငံတကာနှင့် ယှဉ်ပြီး လေ့လာနိုင်ရန် အောက်ပါဇယားကို ထပ်မံတင်ပြလိုက်ပါသည်

 


ကိုးကားချက်။
http://blackpearlengineering.com/power


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts