ကဗျာ

ဇေမှိုင်း – ခေါင်းစဉ်ကိုနောက်မှတတ်ပါမယ်

 

ခေါင်းစဉ်ကိုနောက်မှတတ်ပါမယ်

ဇေမှိုင်း၊ မတ် ၂၃၊ ၂၀၁၄

 

ကဗျာတွေကလည်း

နှင်းဖွဲဖွဲကြားထဲက

ကျကျလာတဲ့

နှင်းမိုးသီးတွေလိုပဲ

နှင်းတွေအဆုပ်လိုက် အဆုပ်လိုက်

မျက်စိရှေ့ ဝဲနေတာတွေ့ ပေမဲ့

ကိုယ့်ရုပ်ကြီးနဲ့ ကိုယ်

နာမ်နဲ့ တခြားစီ

ချောင်းတခုထဲစီးနေတာတောင်

အမှိုက်အချင်းချင်း

ပေါ့ပါးတယ်ဆိုပြီး

ကမ်းမနီး ပန်းမနီး ဖြစ်ခဲ့ရတာပါ။

 

 

သူရို့ 

သတ်မှတ်ပေးခဲ့တယ်ဆိုတဲ့

ဒီနေ့ ကိုပဲ

နည်းနည်းလှိုက်မောကြည့်တာပေါ့

သေချာပါတယ်

ကဗျာဆရာတွေထဲက

ကဗျာဆရာတချို့ ကို

လွမ်းရဲ့ ….။

 

၂၁ နဲ့ ၂၃ ကိုလွမ်းလို့ ပါ။

 

ဇေမှိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts