ကဗျာ

မောင်စိုးချိန် – သေချာမှုများထဲက မသေချာမှုများ

မတ်လ ၁၉၊ ၂၀၁၄

 

 

တိုက်ပွဲ
စစ်ပွဲထဲမှာ
ရန်သူ့ထောင်ချောက်ထဲ
ပက်လက် မှောက်ခုံ လဲကျသွားမလား
ကျားပါးစပ်ထဲက သမင်ဒရယ်
ဖြစ်သွားတော့မလား
မရေရာလိုက်တာ။

 

တိုက်ပွဲထဲမှာ
ဒဏ်ရာပြင်းမလား
ကိုယ်ခန္တာ အစိတ်အပိုင်း
ခြေလက် မျက်လုံးပေးရမလား
မသေချာလိုက်တာ။

 

ရန်သူကိုခုခံဖို့
ထိုးနှက်ချေမှုန်းဖို့
ကိုယ်ကျိုးစွန့်
အသက်စွန့်ပေးဆပ်မယ်
ဒါ   ကိုယ့်ဘက်ကအသေချာဆုံး
အရေရာဆုံး ဖြစ်တယ်။

 

မသေချာဆုံးက ဘာလဲ
ကိုယ့်ဘေးကလူပဲ
တိုက်ဖော် တိုက်ဖက်တဲ့
ရန်သူ့ထံ အရောက်သွား
သစ္စာဖောက်မလား
ရန်သူ့ဘက်တော်သား
ဖြစ်နေမလား
ရဲဘော်ရဲဘက်လား
မသေချာလိုက်တာ။       ။
မောင်စိုးချိန်
မတ်လ ၁၀၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts