မိုးမခကို ပေးတဲ့စာ

မီးအတွက်စိုးရိမ်လို့ သက်ဆိုင်ရာလူကြီးမင်းများ သိစေရန်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဧရာဝတီတိုင်းသား
မတ်လ ၁၇၊ ၂၀၁၄

 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့  ဥယျာဉ်မြောက်ရပ် မန်းဘခိုင်လမ်းတွင်တည်ရှိသော ပဒေသာဈေးကြီးအတွင်းမှာ အခုအလွန်ပူပြင်းသည့်အချိန်သို့ရောက်ရှိနေသေကြောင့် ပဒေသာဈေးကြီးအတွင်းမှာ အဖွဲ့အစည်းများနဲ့ပတ်သက်သောဆိုင်၊ လူကြီးအသိုင်းအ၀ိုင်းနှင့် ပတ် သက်သောဆိုင်များသည် (လူမှုရေးအရ ပထမအကြိမ် ဆိုင်းခန်းနံပါတ်များနှင့် ဆိုင်နံမည်များကို ထည့်မရေးပါ။ သူများအကျိုး ပျက်လို ပျက်စီးကြောင်းဆန္ဒ လုံးဝမရှိပါ။ မီးလောင်ရင် ဈေးသူဈေးသားများ၊ ဈေးသူဈေးသားတွေကိုမှီခိုကာ အလုပ်လုပ်နေသော နေ့စားဝန်ထမ်းများ အတွက် ဘ၀ပေါင်းများစွာ ပျက်မည်စိုးရိပ်ပြီး တင်ပြလိုက်ပါတယ်။) ဈေးထဲတွင် ပစ္စည်းများ (မီးလောင်လွယ်နိုင်တဲ့ပစ္စည်းများ) ကို စည်း ကမ်း မဲ့စွာထားခြင်း၊ အမိုးနဲ့နီးသောနေရာများတွင် စည်ပင်ကခွင့်ပြုချက် ဈေးခေါင်း၏ခွင့်ပြုချက်ကိုမတောင်းဘဲ ကိုယ့်ဆိုင်ကိုယ်လုပ်မယ်၊ ဘယ်သူ့ဂရုစိုက်ရမလဲ ပုံစံဖြင့် ငါက ဘယ်ပါတီက ငါက ဘယ်အဖွဲ့အစည်းကလိုလုပ်ပြီး သင်အူ၊ဖျာ၊ ခြင်းတောင်း၊ ဆီ (စားသုံးဆီ) ပုံးများကို ပုံမှာလူကြီးမင်းတို့ မြင်ရတဲ့အတိုင်း စည်းကမ်းမဲ့စွာ သိုလှောင်ခြင်း၊ စုပုံထားခြင်းတို့ကို သက်ဆိုင်ရာက ဈေးကိုလာစစ်ရင်လည်း ဒါတွေ နောက်မတွေ့ချင်ဘူး ရှင်းလိုက် (အဲဒီစကားပြောသွားတာ အခုဆို တစ်နှစ်ကျော်ရှိပြီ။ အရင်ကမှ လမ်းသွားလို့ရသေးတယ်။ အခု အ လယ် လမ်း ကျဉ်းပြီး ပိတ်ဆို့နေပါတယ်။ ဆီတိုင်ကီတွေလည်း ထားချင်တိုင်းထားခဲ့လို့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ (၂၆) တွင်ဖြစ်သွားသော ကံကြမ္မာ ဆိုးမျိုးကို နောက်ဘယ်လိုမှ ပြန်မဖြစ်စေချင်တော့ပါ။ လူတွေ အကုန်ဒုက္ခရောက်တယ်။ ဘ၀ပေါင်းများစွာ ပျက်တယ်။ ဘယ်က စလောင် တယ်ဆိုတာတောင် အတိအကျ မသိဘူး။ ၀ါယာရှော့လို၊ ကြောင်သားချက်ရင်းဖြစ်သလိုလိုနဲ့ နာက်ဆုံးစည်ပင်အမှုဆောင် အရာရှိ ပြောင်းရ တယ်။ ဈေးခေါင်းပြုတ်တယ်။ ဈေးအရာရှိပြုတ်တယ်။ လူတွေအများကြီးကို ဘ၀ပျက်ခဲ့ရပါတယ်။

 

 

အခု လက်ရှိဈေးအရာရှိကို ဒီဆိုင်တွေ ဘယ်ဆိုင်တွေလည်းမေးကြည့်ပါ။ သူလည်း မသိပါဘူး။ နာမည်ခံထားပြီး ဈေးထဲ တပတ် တခေါက် တောင် မရောက်ပါဘူး။ သူ ဘာမှ မသိဘူးလေ။ သူမသိရင် သူ့အထက်လူကြီး မသိနိုင်ပါ။ ဈေးကို တိုင်းစည်ပင်က လာစစ်တယ်။ ဒါတွေ ကိုမြင်မသွားပါဘူး။ မမြင်အောင်လည်း လမ်းကောင်းတဲ့နေရာ ဒါတွေမရှိတဲ့နေရာတွေက ရွေးခေါ်သွားတာလေ။ ဒီလိုပစ္စည်းတွေထားလို့ တခုခုဖြစ်ရင် ဈေးအရာရှိက တာဝန်ယူမှာလား၊ စည်ပင်အမှုဆောင် အရာရှိက တာဝန်ယူမှာလား၊ တိုင်းစည်ပင်ညွှန်မှူးက တာဝန်ယူမှာလား၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းတို့က တာဝန်ယူနိုင်လို့လား။ တာဝန်မယူနိုင်ဘူးဆိုရင်လည်း သေသေချာချာ အဖွဲအစည်းနဲ့ လာရောက်စိစစ်ပြီး ဆောင်ရွက်ပေးပါ။ စည်းကမ်းတကျ ဖြစ်သွားရင် တော်ပါပြီ။ သက်ဆိုင်ရာက အမြန်ဆုံးမှန်မှန်ကန်ကန် ရှင်းပေးစေချင်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts