ရသဆောင်းပါးစုံ

အမွေရလိုက်တဲ့ စိတ်ဖိစီးမှု

မောင်ဖေသက်နီ
မတ်လ ၁၃၊ ၂၀၁၄

 

(SundayReview
Inheriting Stress, MARCH 7, 2014 
http://www.nytimes.com/2014/03/09/opinion/sunday/can-children-inherit-stress.html?ref=international&_r=0 Inheriting Stress –
နယူးယောက်တိုင်း သတင်းစာကြီးရဲ့ “တနင်္ဂနွေရှုဒေါင့်” အခန်းမှအစ္စရေးနိုင်ငံရဲ့ ဟိုင်ဖာ တက္ကသိုလ် University of Haifa ရဲ့  ဇီဝစိတ်ပညာ လက်ထောက်ပါမောက္ခ အင်နား ဂိုင်စ်လာ ဆာလိုမွန် Inna Gaisler-Salomon ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။)

အမျိုးသမီးတယောက်ရဲ့ သူကိုယ်ဝန်ဆောင်ထားစဉ်က ရှိနေခဲ့တဲ့အတွေ့အကြုံတွေကို သိပ္ပံပညာနဲ့သုတေသီတွေကလေ့လာခဲ့ပြီး စာတမ်း တစောင် ကိုပြုစုခဲ့ပါတယ်။ စာတမ်းမှာရေးထားတာက သူခံစားရတာတွေဟာ သူ့ရင်သွေးလေးအပေါ် ကူးစက်ပျံ့နှံ့သွားတယ်ဆိုတဲ့ အ ကြောင်းပါ။ အဲဒီ သုတေသနတွေ့ရှိချက်ကို ကျမတို့ နားလည်လက်ခံသွားပါတယ်။ တကယ်လို့ အဲဒီ့အမျိုးသမီးဟာ ကိုယ်ဝန်မရရှိခင်က တည်းက၊ ကိုယ်ဝန်မရှိခင် ဟိုးအစောကြီးကတည်းက စိတ်ဖိစီးမှုတွေကို ခံစားရရှိခဲ့နိုင်တယ်လို့ မယူဆကြတော့ဘူးလားလို့ ကျမတို့ ပြန် လှန်မေးခွန်းထုတ်မိပါတယ်။

 

အဲဒီ့လို ကိုယ်ဝန်ရှိနေစဉ်က စိတ်ဖိစီးမှုတွေဟာ သူ့ရင်သွေးလေးဆီကို တိုက်ရိုက်မကူးစက်၊ မပျံ့နှံ့နိုင်လို့ ယူဆစရာဖြစ်နေပါတယ်။ အားလုံး ကို ခြုံပြောရရင် မိခင်ရဲ့ ကိုယ်ဝန်မရှိခင်ကရှိခဲ့တဲ့ စိတ်ဖိစီးမှုဟာ ဒီအဲန်အေ Deoxyribonucleic acid လို့ခေါ်တဲ့ မျိုးဗီဇဟာ သူ့ရင်သွေးလေး ဆီကို သယ်ဆောင်မသွားနိုင်ပါဘူး။ ရင်သွေးလေးဟာ ကိုးလရောက်ပြီးမှသာ မိခင်ရဲ့ ဒီအဲန်အေကို သယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ရဲ့ဘ၀မှာ စိတ်ဖိစီးမှုတွေကို သူငယ်ရွယ်စဉ်ကတည်းက ခံစားခဲ့ရတယ်ဆိုရင် သူမွေးလာတဲ့ကလေးတွေ အဆက်ဆက်အထိ စိတ်ဖိစီးမှုကို လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်ပါတယ်ဆိုတဲ့ အယူအဆတရပ်ကလည်းရှိနေပါတယ်။ အကောင်း ဆုံး ဥပမာပေးရရင် ဒုတိယကမ္ဘာစစ်အပြီး ဂျူးလူမျိုးတွေ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရခဲ့ပြီးတဲ့နောက် သူတို့ရဲ့ သားသမီး၊ မြေးတွေအ ထိ စိတ်ဖိစီးမှုတွေကို ကူးစက်ပျံ့နှံ့သွားတာမျိုးပင်။ သုတေသနပြုလုပ်ချက်တွေအရ အဲဒီကလေးတွေဟာ စိတ်ဒဏ်ရာတွေရရှိခံစားခဲ့ရပြီး သေရွာပါ စိတ်ကစဥ့်ကလျား ရောဂါတွေခံစားခဲ့ကြရတယ်လို့သိရှိရပါတယ်။ သူတို့ခံစားရတဲ့ စိတ်ဖိစီးမှုဟာ စိုးရိမ်ရတဲ့အဆင့်မျိုးအထိတော့ မရောက်ရှိနိုင်ပေမယ့် အတော့်ကို ဆိုးရွားတဲ့အဆင့်အထိ ရောက်ရှိနိုင်တယ်လို့သိရပါတယ်။

 

အဲဒီလိုမျိုးတွေကို တခြားလူမျိုးတွေပျံ့ နှံ့မှုတွေမှာလည်း ခင်ဆင်ဆင်တွေ့နေရပါတယ်။ ရ၀မ်ဒါ၊ နိုင်ဂျီးရီးယား၊ ကမ္ဘောဒီးယား၊ အာမေးနီး ယားနဲ့ အရင်ယူဂိုဆလားဗီးယားနိုင်ငံတွေမှာလည်း အသက်ရှင်ကျန်နေခဲ့တဲ့ သူတို့ရဲ့ သားသမီးတွေဟာလည်း အလားတူပုံစံမျိုး တွေအ တိုင်း လေ့လာတွေ့ ရှိရတယ်လို့သိရှိရပါတယ်။

 

အဲဒီလိုမျိုး ခပ်ဆင်ဆင်ဖြစ်တာက ဘာကြောင့်လဲ။ အဲဒီလို စိတ်ဒဏ်ရာရမှုတွေဟာ မွေးဖွားလာတဲ့ ကလေးတွေကို မိဘတွေခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုကို သမရိုးကျပုံစံမျိုးဖြစ်အောင် မိဘအမွေဆိုးတခုအဖြစ် တွန်းအားတခုလို ဖြစ်ပေါ်နေစေသလော၊ ဒါမှမဟုတ် မိဘမျိုးရိုးကိုလိုက်ပြီး စိတ်ဖိစီးမှုကိုလည်း အမွေလက်ခံရလိုက်နေစေသလောလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

 

ကျမတို့ဆက်ပြီး လေ့လာ၊ သုတေသနလုပ်စရာတွေ အများကြီးရှိနေသေးတာ သိလာရပါတယ်။ ကျမ လေ့လာခဲ့ရသလို ကျမနဲ့အတူ လေ့လာခဲ့တဲ့ ကျမရဲ့ သူငယ်ချင်း ဟီဘာ ဇိုင်ဒန် Hiba Zaidan  နဲ့ မီကာ လက်ရှမ် Micah Leshem တို့နဲ့အတူ မကြာသေးမီက သုံးယောက် ပူးပေါင်းပြီး သုတေသနလုပ်ခဲ့တာကို ဇီဝစိတ်ပညာ ဂျာနယ်ထဲမှာ ပုံနှိပ်ဖြန့် ချိခဲ့ပါတယ်။ ကျမတို့လေ့လာသုတေသနပြုတွေ့ရှိခဲ့တာက ကိုယ်ဝန်မရှိခင်က စိတ်ဖိစီးမှုကို ခံစားခဲ့ရတဲ့ ကြွက်အမတွေရဲ့ ကလေးငယ်တွေဟာ သူတို့မိဘကြွက်အမေတွေလိုပဲ စိတ်ဖိစီးမှုတွေကို ခံစားရတာတွေကို သိရှိခဲ့ရပါတယ်။

 

ကြွက်တွေနဲ့ကြွက်ပေါက်စလေးတွေကို သူတို့ငယ်ရွယ်စဉ်တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေခိုက်မှာ တခုခုကို အတင်းအဓမ္မလုပ်ခိုင်း မယ်ဆိုရင် သူတို့ရဲ့ ဒုတိယနဲ့တတိယမျိုးဆက်တွေကျရင် ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို ကျင့်ကြံလာကြလိမ့်မယ်လို့သိရှိခဲ့ကြပါတယ်။ ကြွက်ထီးတကောင်ဟာ စိတ်ဖိစီးမှုခံစားရခဲ့ရင်တောင် သူ့ရင်သွေးလေးတွေကို အစောင့်ရှောက်မပျက်ပြုမူနိုင်ခဲ့ကြတယ်ဆိုတာ လေ့လာ သိရှိခဲ့ရသလို သူ့ကလေးတွေ ဟာလည်း သူ့အဖေပြုမူတဲ့အတိုင်း “မိဘအမူအကျင့်အတိုင်း” ထပ်တူမကျနိုင်ပေမယ့်လို့ ခင်ဆင်ဆင်လုပ်ကြတယ်လေ့လာသိရှိခဲ့ရပါတယ်။

 

ကျမတို့ရဲ့ လေ့လာသုတေသနပြုချက်တွေအရ ကျမတို့ဟာ ကလေးမွေးဖွားတဲ့ ကြွက်မတွေဟာ ရက်သတ္တပါတ်လောက် (၇ ရက်လောက်) အထိ နူးညံ့တဲ့စိတ်ဖိစီးမှုမျိုးကို ခံနိုင်ရည်ရှိကြပါတယ်။ သီတင်းပါတ်နှစ်ပါတ်ကျော်သွားရင်တော့ စိတ်ဖိစီးမှုမခံရတဲ့ ကြွက်တွေဟာ တခြား စိတ်ဖိစီးမှုမခံရတဲ့ ကြွက်တွေနဲ့မိတ်လိုက်လေ့ရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ကျမတို့ရဲ့ လေ့လာသုတေသနပြုချက်တွေအရ စိတ်ဖိစီးမှု ရှိတဲ့ ကြွက်မတွေနဲ့ စိတ် ဖိစီိးမှုမရှိတဲ့ ကြွက်မတွေကို တူညီတဲ့စမ်းသပ်မှုကို စမ်းသပ်ကြည့်တဲ့အခါ အရွယ်ရောက်နေတဲ့ မျိုးဥထုတ်ပေးနိုင်တဲ့ ကြွက်အထီးတကောင်က မျိုးဥ ထုတ်မပေးနိုင်တဲ့ ကြွက်မတကောင်နဲ့စိတ်ခံစားမှုနဲ့ အမူအကျင့်တွေ မတူကြဘူးဆိုတာကို လေ့လာတွေ့ရှိ ကြရပါတယ်။

 

ဒါဆိုရင် အဲဒီ့ စိတ်ဖိစီးမှုဟာ ဘယ်လိုမျိုးနည်းနဲ့ပျံ့နှံ့ကူးစက်သွားကြတာလဲ။ ကျမတို့က မျိုးဗီဇပါတဲ့ မော်လီကျူးတခုကို စိတ်ဖိစီးမှုဖြစ်နေတဲ့ ခန္ဓာ ကိုယ်တခုထဲ ပြောင်းရွှေ့ထည့်ကြည့်လိုက်တဲ့အခါမှာ အဲဒီ့ မော်လီကျူးဗီဇဟာ ပိုမိုများပြားတဲ့ မော်လီကျူးတွေကို ပိုမိုပွားများပြီး ထုတ်လုပ်ပေးနိုင်တာကို ကျမတို့တွေ့ရှိလာရပါတယ်။ ဒါပေမယ့် မော်လီကျူးတွေဟာ အမသားအိမ်ထဲမှာ မျိုးဥတွေကို ဥချပေးလိုက်တဲ့ အတွက် (ပေးတဲ့ကြွက်အမ) ဥချ ပေးလိုက်တဲ့အမ (လက်ခံတဲ့ကြွက်အမ) အပေါ်မူတည်ပြီး စိတ်ထိန်းနိုင်မှုနဲ့ စိတ်မထိန်းနိုင်မှုဆိုပြီး နှစ်မျိုး ကွဲပြားသွားပါတယ်။

 

အစဉ်အလာအရဆိုရင် သိပ္ပံပညာရှင်တွေဟာ အမိသားအိမ်ကနေ ဇီဝမျိုးစေ့ (ဒီအဲန်အေ Deoxyribonucleic acid လို့ခေါ်တဲ့ မျိုးရိုးဗီဇဟာ) နဲ့ ဆိုင်တဲ့ မျိုးဥတွေကို မိဘတွေကနေ သားသမီးတွေဆီကို ပျံ့နှံ့စေတယ်လို့နားလည်လက်ခံထားခဲ့ကြတာပါ။ ဒါပေမယ့် ကျမတို့ယုံကြည် ခဲ့ကြတဲ့ အမသားအိမ်ကနေ မျိုးဥဗီဇတွေသာမကပဲ တခြား နူးညံ့တဲ့အသားမျှင်တွေကိုပါ၊ အထူးသဖြင့် စိတ်ဖိစီးမှုဆိုတဲ့ အချက်အလက် တွေကိုပါ တပူးတွဲထဲ မော်လီကျူးမျိုးဗီဇတွေနဲ့အတူပျံ့နှံ့စေခဲ့တာပါ။ ဟုတ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်နေတဲ့ ကြွက်မတကောင်က သူ့ရင်သွေးတွေ မွေးတဲ့အခါ သူ့ရင်သွေးလေးကို စိတ်ဖိစီးမှုတွေကိုပါ တပါတည်းပူတွဲပျံ့နှံ့စေတာကို ကျမတို့တွေ့ရှိခဲ့ရပါပြီ။ အဲဒီတွေ့ရှိချက်ကိုကြည့်ပြီး ကလေးတယောက်မွေးဖွားရင် သူတို့ ဦးနှောက်တွေကနေ ကလေးတွေကို ထိန်းကျောင်းတည့်မတ်ပေးပါတယ်။ အဲဒီ့အယူအဆအရဆိုရင် သူတို့မိခင်ရဲ့ အမွေဖြစ်တဲ့ “စိတ်ဖိစီးမှု” ကိုပါ အမွေအဖြစ်လက်ခံ ရရှိလိုက်တာဖြစ်ပါတယ်။

 

နောက်ထပ်အနေနဲ့ကျမတို့မျှော်လင့်မထားတဲ့ မျိုးဗီဇတွေကို အရွယ်ရောက်လာတဲ့ ရင်သွေးအပေါ်မူတည်ပြီး မိခင်ရဲ့ စိတ်ဖိစီးမှုတခုတည်းသာ လက်ခံရရှိလိုက်ပေမယ့် အတွေ့အကြုံတွေကတော့ ကလေးကသူ့ဘာသာ လေ့ကျင့်သင်ယူခဲ့တာဖြစ်ပါတယ်။ လေ့လာသင်ယူတယ် ဆိုတဲ့ နေရာမှာတောင် ယောက်ျားလေးနဲ့မိန်းကလေး သင်ယူမှုပုံစံချင်း မတူညီကြပါဘူး။

 

ကျမတို့လေ့လာတွေ့ရှိချက်တွေဟာ လောလောလတ်လတ်မွေးဖွားလာခဲ့တဲ့ ကြွက်ကလေးတွေအပေါ်မူတည်ပြီး လေ့လာခဲ့တဲ့အတွက် မိခင်တွေရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ပတ်သက်ဆက်နွယ်မှု မရှိကြပါဘူး။ မျိုးဗီဇပြောင်းလဲမှုကြောင့်တော့ အပြုအမူတွေပြောင်းလဲမှုတွေ ဖြစ်မ လာနိုင်ပေမယ့် ပြောင်းလဲရင်ဖြစ်လာနိုင်ချေတွေကို တွက်ချက်ကြည့်လို့ရနိုင်ပါတယ်။ ပြောင်းလဲရင် ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာနိုင်သလဲ ဆိုတာကို တွက်ချက် ရှင်းပြနိုင်ပါတယ်။

 

စိတ်ကစဥ့်ကလျားရောဂါအပါအ၀င် စိတ်ရောဂါအများစုဟာ စိတ်ဖိစီးမှုတွေကြောင့် ထင်ယောင်ထင်မှားဖြစ်မှုအပါအ၀င် တခြားစိတ်ဖိစီးမှု တွေကြောင့် ဖြစ်ကြရတာပါ။ မျိုးဆက်ပြောင်းလဲမှုအရ ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေဟာ အနာဂါတ်မှာဖြစ်လာမှာတွေကို ခန့် မှန်းပြောဆိုမှု၊ ရောဂါကုသမှုနဲ့ လူသားဆန်မှုတွေကို ပိုမိုနားလည်သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်လို့ရနိုင်ပါတယ်။

အစ္စရေးနိုင်ငံရဲ့ ဟိုင်ဖာ တက္ကသိုလ် University of Haifa ရဲ့  ဇီဝစိတ်ပညာလက်ထောက်ပါမောက္ခ အင်နား ဂိုင်စ်လာ ဆာလိုမွန် Inna Gaisler-Salomon ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts