ရသဆောင်းပါးစုံ

အမုန်းပဒေသာပင်ကြီး

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)
မတ်လ ၉၊ ၂၀၁၄

 

အချိန်တန်တော့…. အချိန်မှန်ရောက်လာတာက နွေဦးတပေါင်း … အဖော်မဲ့ ဥသြငှက်တကောင်ရဲ့ လွမ်းတေးသီကျူးသံသာလေးက နွေ အရောင်ရင့်စေခဲ့ …။ လေပွေ လေရိုင်းတွေသယ်ဆောင်ရာ လွင့်မျှောနေတဲ့ မြူမှုန် မြူခိုးတွေက အထီးကျန်အပင်အိုကို ရစ်သိုင်းလျှက်. သစ်ရွှက်ကြွေတွေကလည်း လေပွေ လေရိုင်းနဲ့အတူ ဟိုရောက် ဒီရောက်..ကစဥ့်ကလျား …၊၊

 

အော်.. နွေဦးတပေါင်းနဲ့အတူ.. ကဗျာဆန်ဆန် ဖွဲ့ ဆိုခဲ့တဲ့ မြန်မာ့နွေဦးလည်း ရောက်လာပြန်ပြီပေါ့။ ရွှာမလိုလို ဟန်တပြင်ပြင် မိုးခြိမ်း သံ တဂျိမ်းဂျိမ်းနဲ့  ပြေးထွက်ပျောက်ကွယ်သွားတဲ့ မိုးရိပ် မိုးတိမ်တွေလိုလေလား …?။ တနှစ်မှာ တကြိမ်ဘဲ ကြားခွင့် နားစွင့်ခွင့်ရတဲ့ သင်္ကြန် သံချပ်တွေလိုလေလား … ?။ ပုံမှန်အချိန်မှန်ရောက်လာ အချိန်တန် အချိန်ကုန်တော့ ပျောက်ကွယ်ခဲ့ရတဲ့ မြန်မာ့နွေဦးကို… အမြဲတမ်း မြန်မာ့နွေဦး …ထာဝရမြန်မာ့နွေဦးရယ်လို့ ကမ္မည်းထိုး မှတ်တမ်းတင်ခံရတော့လေမလား …? ? ?၊၊

 

ဒီပုံ ဒီနည်း ဒီမိုး ဒီလေနဲ့ မိုးကြီးချုပ်ရတော့မလို .. ဂျာအေး သူ့အမေရိုက်လို့ မှောင်မိုက်မှာ ငိုရတော့မလို … ပစ်တိုင်းထောင်ကြိုးက ရှုပ် … ဘကြီးအောင်က ညာခဲ့ပြီမို့ ပင့်သက်တွေဖြာ သောကပင်လယ်ဝေခဲ့ရပြီပေါ့ …၊၊

 

မြင်တယ် တွေ့တယ် သိတယ်ရယ်နဲ့ ရုန်းမထွက်နိုင် အညှို့ခံစက်ဝိုင်းအတွင်း လည်စင်းခံပေးရမလို …သိုးငယ်အယောင်ဆောင် ဝံပုလွေရဲ့  အသည်းနှလုံးကိုမှ ပုတ်သင်ညို အရောင်ပြောင်းသလို ..ပြောင်းလဲလာလေမလားရယ်လို့ ..စိတ်ချ လက်ချ မျှော်လင့်ဆုပန်နေတာကို အား ပေးရတော့မလို ..  နေသာသပ လေညာကရယ်လို့ .. သစ်တပင်အောက်မှာ  တရားထိုင်ရတော့မလို …၊၊

 

တပ်တော်အင်အား အခြေတည် … ၂၀၀၈ ဖွဲ့စည်းပုံဒိုင်းကိုယူ … ပြုပြင်ပြောင်းလဲရေး ရောင်ပြန်တံလျှပ်ကိုသုံး…ဘာသာ သာသနာ အမျိုး သားရေးမှိုင်းတွေ ဖုံးအုပ်လိုက်တော့  …အနီးဆုံးရန်သူကို ရှာမတွေ့နိုင်အောင် ဝေဝါး မှုန်ဝါးသွားခဲ့လေသလား ….?၊၊

 

စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲအတွက် အရေးကြီးနေချိန်အခါမှ … တွေ့ဆုံဆွေးနွေးနေဆဲ … ပူးပေါင်း တိုင်ပင်နေဆဲ … ဘုံသဘောတူညီချက်ရအောင် ကြိုးပမ်းနေဆဲ …. ရလာတဲ့ ဘုံသဘောတူချက်တွေ လက်တွေ့လုပ်ဆောင်နိုင်အောင်  လမ်းစဉ်တရပ် ရှာဖွေနေဆဲ…. ချမှတ်လိုက်တဲ့လုပ်ငန်းဆောင်တာ လမ်းစဉ် အကောင်အထည်ဖော်ရန် ပူးတွဲကော်မတီတခုအတွက် စိုင်း ပြင်းနေဆဲ… ပါတီ တဖွဲ့ ချင်းရဲ့ သဘောထားကြေညာချက်တွေလဲ  အပြိုင်အဆိုင် ထုတ်ပြန်နေဆဲ …၊၊

 

အနီးဆုံး ဘက်တူ တဖက်မှာလဲ ငြိမ်းချမ်းရေးစကားလုံးတွေအတွက် .. သုတေသနပြုစု တီထွင်နေရော့သလား….?  ငြိမ်းချမ်းရေး စားပွဲဝိုင်း က တနေရာပြီး တနေရာ…. မူကြမ်းတွေက တစောင်ပြီး တစောင်… ရက်ချိန်းတွေက တချိန်းပြီး တချိန်း … အထောက်အကူပြုအဖွဲ့ .. ညှိ နှိုင်း အကြံပေးအဖွဲ့ တွေက တဖွဲ့ပြီး တဖွဲ့ … အချိန်ကြာလာတော့  ပါမစ်တန်ဖိုး မြင့်သထက်မြင့်လာ… လုပ်ကွက်လိုင်စင် များသထက် များ လာ… ခံယူချက်တွေပြောင်း … စကားတွေပြောင်း …. အရောင်တွေပြောင်းရင်းနဲ့ … ငြိမ်းချမ်းရေးနဲ့ ဝိုင်ကော့တေးခွက်မော့ရင်း တွဲက လိုက်ကြတော့လေမလား  …?၊၊

 

မိုးဦးကျ မှိုကျင်းလို အပြိုင်အဆိုင်ပေါ်ထွက်လာတဲ့ အရပ်ဖက် အဖွဲ့ အစည်းတွေလဲ  .. ကိုယ်သန်ရာသန်ရာ ကိုယ်မြင်ရာ မြင်ရာ ကိုယ်ပိုင် ရာ ပိုင်ရာ.. ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်… ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်… ဆိုင်ရာ ပိုင်ရာကဏ္ဍအတွက် ဥပဒေကြမ်း စရေးဆွဲ နေတုန်း … ရှင်းလင်းတင်ပြနေတုန်း … သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း … စုပေါင်း မျက်နှာစုံညီ ညီလာခံအတွက် စိုင်းပြင်းနေတုန်း .. တဖိတ်ဖိတ်တောက် ကြယ်ငါးပွင့် ဟိုတယ်ခန်းမဆောင်ကြီးထဲ … လက်သီးလက်မောင်းတန်း ဆွေးနွေးနေတုန်း ….၊၊

 

ကမ္ဘာဦးလူသားတွေ  အရူးအမူးမျှော်လင့်တောင်းတခဲ့တဲ့ မီးအလင်းရောင်လို …  ခက်ထန်ကြမ်းတမ်း မုန်တိုင်းထဲ စက်ပျက်မျောလွင့် နေတဲ့ သဘောင်္အတွက်  အရေးတကြီးလိုအပ်နေတဲ့ မီးပြတိုက်လို .. အင်အားအကြီးဆုံး  အရှိန်ပါဝါအမြင့်ဆုံး လူသိ သူသိ အများဆုံး အရပ်ဖက် အဖွဲ့ကြီးတခုကလည်း … အရေးထဲအရာပေါ် စိုးထိတ် ရင်ခုန်စောင့်မျှော်နေသူအတွက် … မင်္ဂလာသတင်းနဲ့ဘဲ  ပျားရည်နဲ့ ဝမ်းချလိုက်ပြီလား ?။ သေရဲ တိုက်ရဲ  အနိုင်ယူရဲတယ်ဆိုတဲ့စကားဟောင်းတွေနဲ့အတူ … စွန့်လွှတ်ခဲ့  ရင်ဆိုင်ခဲ့ ဖြတ်ကျော်ခဲ့တယ်ဆိုတဲ့စကား  …. ဒဏ္ဍာရီထဲ ထားခဲ့တော့မှာလား …? ပြတိုက်ထဲ ပို့လိုက်တော့မှာလား  …? မှတ်မှတ်ရရ  အမှတ်တရ တကြိမ်တခါတည်း လမ်းပေါ်ထွက်ကြွေးကြော်သံ အတွက်… အိပ်ပျော်လုနီးနီး ပြည်သူအများအတွက် ပြန်အိပ်မရ  ရင်တုန် ခေါင်းကိုက် ကျန်ရစ်ခဲ့တာ ဒီနေ့အထိ၊၊

 

တဖက်မျက်နှာချင်းဆိုင် အယောင်ဆောင် စစ်အာဏာရှင်အုပ်စုအတွက် ကြိုတင်ပြင်ထားတဲ့ ကစားကွက်တိုင်း  အောင်ပွဲတခုပြီးတခု ဟန် ဆောင်မျက်လှည့်ပွဲတွေက တပွဲပြီး တပွဲ၊ တမင်ရည်ရွှယ်ချက်ရှိရှိ  နှစ်ရှည်လများ ပြစုပျိုးထောင်လာခဲ့တဲ့ သွေးခွဲ အုပ်ချုပ် ရန်တိုက်တဲ့နည်း ဗျူဟာပဒေသာပင်ကြီး  ရှင်သန်ကြီးထွားလာတဲ့အပြင်  အသီးအပွင့်တွေ သီးပွင့်လာပါပြီ။

 

မူလ အစပထမ …ပင်ကိုယ်သမိုင်းအစဉ်အလာ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွသော ရခိုင် အမျိုးသားတရပ်လုံးအတွက် ၁၉၈၂ ခု နိုင်ငံသားပြုမှုဥပဒေ ခိုင်ခိုင်မာမာရှိနေပါလျှက်၊ တရားမဝင် ခိုးဝင်ဘင်္ဂါလီအုပ်စု များသထက်များအောင် ကိုယ်ကျိုးအတွက် ရေရှည် ပြ̔ဿ နာ ဖန်တီးရန်အတွက် အခြေချနေထိုင်ခွင့် ခိုးဝင်ခွင့် ပြုပေးပြီးနောက် ပါတီတခုအောင်မြင်ရေး၊ အစိုးရတရပ်အသွင် ကူးပြောင်းနိုင်ရေးအ တွက် ပြောင်ပြောင်တင်းတင်း မျက်နှာပြောင်တိုက် အနိုင်စာရင်း ကြေညာနိုင်ရက်နှင့် တရားဝင် ရခိုင်အမျိုးသားနဲ့ တရားမဝင် ဘဂါင်္လီ  အုပ် စုနှစ်ခုအကြား  … အဖြူရောင်ကဒ်ပြား မီးစ တစချလိုက်တော့ အမှောင်ထုအောက်  မိုးကြီးလေကြီးထဲ  ရွှံ့နွံလယ်ပြင်ထဲ  ဘတပြန် ကျားတ ပြန် သေသေကျေကျေ …။

 

ဇာတ်လမ်းက အမြော်အမြင်မဲ့၊ အသိမဲ့၊ ပရမ်းပတာမဲ့ လုပ်ရပ်မဟုတ် … တမင်ရည်ရွယ် နှစ်ရှည်လများ စိုက်ပျိုးလာတဲ့ အမုန်းပဒေသာပင် တပင် အရွှယ်ရောက် အချိန်ကိုက် အမုန်းအသီးအပွင့်တွေ ပွင့်လာ သီးလာခဲ့ပါပြီ။ ဘာသာရေးပဋိပက္ခ အသီးခါးခါး၊ အမျိုးဘာသာ သာသနာ မှိုင်း အသီးဖန်ဖန်၊ မျိုးစောင့်ဥပဒေ အသီးချဉ်ချဉ်၊ တလုံးပြီး တလုံး ပစ်ပစ်ချကြွေးနေတာကို သတိလက်လွတ်လို့မရနိုင်တော့ မကာကွယ် နိုင်ရင် မဖြစ်ချေတော့၊၊

 

နောင်လာလတ္တံ မတရား စော်ကားအနိုင်ကျင့် ချုပ်ဆိုခံခဲ့တဲ့  နားလည်မှု စာချွန်တော်ပေါင်း (၂၀၀) ကျော်ကိစ္စအတွက် အယောင်ဆောင် ဝ တပ်မတော်အဖြစ် တပ်စွဲထားပြီး  ပြည်နယ်တောင်းဆိုနေတဲ့ကိစ္စအတွက် သမ္မတအကြံပေး ဒေါက်တာကြီးတယောက်  ပြုံးတုံ မပြုံးတုံနဲ့ ဖွင့် ဟသွားခဲ့တဲ့ ပြည်သူ့အကြွေး  ၁၁ ဘီလျှံအတွက် ပြည်သူတရပ်လုံး ပြတ်ပြတ်သားသား ဖြေရှင်းနိုင်ဖို့အတွက် … နိုင်ငံရေးပါတီအားလုံး…တိုင်းရင်းသားအဖွဲ့များအားလုံး .. အရပ်ဖက်အဖွဲ့အစည်းအားလုံး… ပြည်သူရှေ့ မားမားမတ်မတ်ရပ်တည် ပူးပေါင်းပြီး အမုန်းပဒေသာပင် ကြီးကို အမြစ်လှန် ခုတ်ထွင် မီးရှို့ပစ်လိုက်ကြပါစို့ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts