သတင်းပဒေသာ

၈၈ မျိုးဆက် (ဦး)ကိုကိုကြီး လက်ထပ်ပြီ

၈၈ မျိုးဆက် (ဦး)ကိုကိုကြီး လက်ထပ်ပြီ

မိုးမခအထောက်တော် ၀၀၁၊ မတ် ၅၊ ၂၀၁၄

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ (ဦး)ကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ဟာ ဒီကနေ့ မနက်ပိုင်း က ရန်ကုန်မြို့
မဟာဗန္ဓုလမ်းရှိ၊ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ လက်ထပ်မင်္ဂလာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

မင်္ဂလာ လက်ထပ်ထိမ်းမြားခြင်း လက်မှတ်ရေးထိုးပွဲကို လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဦးမင်းကိုနိုင် အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား၊ ကျောင်းသူတွေ၊ ဦးကိုကိုကြီးရဲ့ တဦးတည်းသော ညီဖြစ်တဲ့ ဦးအောင်အောင်ထွန်း တို့ မိသားစုနဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ တက်ရောက်ခဲ့ကြပါတယ်လို့  ဆိုပါတယ်။

အထက်ပါဓာတ်ပုံကတော့ (ဦး)ကိုကိုကြီး နဲ့ သူ့ဇနီးလောင်းတို့ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်ဘေးဧရိယာမှာ မိတ်ဆွေသင်္ဂဟများနဲ့အတူ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်မှာ တွေ့ဆုံခိုက် ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။  အဲသည်နေ့က မိတ်ဆွေများက (ဦး)ကိုကိုကြီး အတွက် မွေးနေ့ပွဲကျင်းပပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ 

(ဓာတ်ပုံ – မမိုး(ပုသိမ်))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts