သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

အင်တာနက်နည်းပညာနှင့် မြန်မာလူငယ်များ

ဇော်အောင် (မုံရွာ)
မတ်လ ၃၊ ၂၀၁၄

 

မြန်မာများ အသိပညာနှင့်ဗဟုသုတတွင် အမှောင်တွင်းရောက်ခဲ့သည်မှာ နှစ်ပေါင်း၅၀ကြာခဲ့သည်။ ယခုအခါ တဟုန်ထိုး ကြိုးစားနေချိန်တွင် ဆင်းရဲ၊ချမ်းသာ ကွာဟချက်မှာ အလွန်ကွားခြားနေသည်ကို တွေ့ရသည်။ လူငယ်များအင်အားကို နိုင်ငံအတွက် အသုံးချရန် အလွန်လိုအပ်နေရာတွင် အင်တာနက်နည်းပညာနှင့်မြန်မာလူငယ်များအတွက် အစိုးရ၊ မိဘလူကြီးများ ဘာလုပ်ပေးသင့်သနည်း ..မေခွန်းကို စဉ်းစာမိသည်။

 

အိုင်တီနည်းပညာအတွက် လူငယ်များအတွက် အင်တာနက်လိုင်းများကို ဈေးချိုစွာ၊ ပိုမိုမြန်ဆန်အောင် လုပ်ပေးရန် အစိုးရ၏ တာဝန်ဖြစ်သည်။

 

မြန်မာပြည်တွင် မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းကို ချုပ်ကိုင်ထားရာတွင်၊ ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သော လုပ်ငန်းကြီးများ၏ လိုင်စင်နှင့်ပါမစ်များကို ခရိုနီကုမ္ပဏီကြီးများက ကန်ထရိုက်ရရှိထားသည်။ လွန်ခဲ့သောနှစ်က ရိုးသားဖြောင့်မတ်ပါသည် သတ်မှတ်ထားသည့် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားရာ၊ အစိုးရအကျင့်ပျက်စုံစမ်းရေးအဖွဲ့မှ ဖယ်ရှားနိုင်ခဲ့ခြင်းကြောင့်၊ မြန်မာအစိုးရသည် အကောင်းဆုံးလုပ်ဆောင်နေကြောင်း သိရသည်။ သို့သော် လက်ရှိဆက်သွယ်ရေး ကန်ထရိုက်ရရှိထားသော ကုမ္ပဏီကြီးများ နိုင်ငံအတွက်အခွန်မှန်မှန် ပေးရေးမှာ ခက်ခဲနေဆဲဖြစ်သော်လည်း၊ အောက်ခြေလူတန်းစားများအတွက် မိုဘိုင်းဖုန်းကို ဈေးနှုန်းချိုသာစွာ၊ အင်တာနက်လိုင်းမြန်ဆန်စွာ ရရှိရေးအတွက် မြန်မာအစိုးရတွင် တာဝန်ရှိပါသည်။

 

တာဝန်ရှိသည့်အတိုင်း မြန်မာအစိုးရသည် နိုင်ငံတကာမှာ အကြံဥာဏ်များကို လက်ခံပြီး၊ အလွန်အမြတ်အစွန်းများလှသော၊ ခြစားမှုကြီးမားလှသော မြန်မာ့ဆက်သွယ်ရေး စီးပွားရေးလုပ်ငန်းကို တင်ဒါအမြန်ဆုံးခေါ်ရသည်။ ဆက်သွယ်ရေးအော်ပရေတာ ၂ခု Telenor and Ooredoo တို့ကို မြန်မာခေါင်းဆောင်များရွေးချယ်နိုင်ခဲ့သည်။ မကြာခင် သူတို့သည် ခြစားမှုနှင့်ဈေးနှုန်းမြင့်မားလှသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ကန်ထရိုက်တာများကို ပြိုင်ဆိုင်မည်ဖြစ်သည်။

 

● ဈေးနှုန်းများကြီးနေခြင်း

လက်ရှိမြန်မာအစိုးရက တစ်မိနစ်၅၀ကျပ်ဖြင့် မိုဘိုင်းဖုန်းပြောခမှာ အရှေ့တောင်အာရှတွင်သာမက၊ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဖြစ်နေသည်။ စင်ကာပူတွင် တစ်မိနစ်၂၅ကျပ် (3 cents per minutes, လက်ရှိပေါက်ဈေး US$1=S$1.25=Kyat 990) ဈေးနှုန်းပေါက်ပါသည်။ မကြာမီ မြန်မာကျပ်ငွေဈေးနှုန်း ကျဆင်းလာမှသာ လူများဈေးနှုန်းသက်သာသော မိုဘိုင်းဖုန်းကို သုံးနိုင်ပါမည်။ ဆက်သွယ်ရေးကော်ပိုရေးရှင်း၏ ကန်ထရိုက်တာများသည် မတရားစာချုပ်များစွာကိုလည်း ဥပဒေနည်းလမ်းဖြင့် ဖျက်သိမ်းရန်ရှိသည်။ မြန်မာပြည်တွင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း အားလုံးလိုလိုသည် စီးပွားရေးလုပ်နေကြသည်။ ဥပမာ မြို့နယ်၊ ရပ်ကွက် စစ်မှုထမ်းဟောင်းများအဖွဲ့ကအစ သူတို့ပိုင်ဆိုင်သော မြေယာ၊အိမ်များကို ငှားစားသည်၊ စီးပွားရေးလုပ်နိုင်သူများနှင့် ဖက်စပ်လုပ်ကြသည်။ ထိုကဲ့သို့ အစိုးရ၊ လူမှုရေးအဖွဲ့အစည်းများက စီးပွားရေးလုပ်နေခြင်းသည် တိုင်းပြည်တွင်ဈေးနှုန်းများကြီးနေရခြင်းဖြစ်သည်။ အုပ်စုလိုက် လုပ်ကိုင်သောကြောင့် မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဖုန်းပြောခ ဈေးနှုန်းများ ကြီးနေခြင်းသည် MPT, Telenor and Ooredoo  ဆက်သွယ်ရေးအော်ပရေတာကြီး ၃ခု၏ ညှိနှိုင်းမှုပေါ် မူတည်နေသည်။ အဓိကမှာ မြန်မာ့ဆက်သွယ်ရေး MPT ဖြစ်သည်။

 

မြန်မာ့ဆက်သွယ်ရေးဈေးနှုန်းများ အလွန်ဈေးကြီးနေသောကြောင့် ဆက်သွယ်ရေးနှင့်ပတ်သက်သော မီဒီယာ၊ အင်တာနက် ဆော့ဝဲ၊ ဝက်ဆိုဒ်ဒီဇိုင်းလုပ်ငန်းများလည်း နိုင်ငံတကာထက် ဈေးနှုန်းကြီးနေရခြင်းဖြစ်သည်။ ကွန်ပြူတာများ၊ တယ်လီဖုန်းများ ပစ္စည်းမှန်ကန်လိုပါက ဈေးနှုန်းကြီးပေးပြီး ဝယ်ယူရသည်။ စိတ်ချရမှု Reliable မရှိသောကြောင့် လူငယ်များသည် သင်တန်းများကို ဈေးကြီးပေးတက်ရသည်။ လက်တွေ့လုပ်ရန် ပစ္စည်းများမတတ်နိုင်ပါ။ ဥပမာ www.worldwidemyanmar.com အင်တာနက်နှင့်ကွန်ပြူတာ သင်တန်းနှင့်ပစ္စည်းရောင်းချရေးတွင် နိုင်ငံတကာထက် ဈေးနှုန်းမြှင့်ယူထားသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများစွာ ရန်ကုန်တွင် လုပ်ကိုင်၊ အသက်မွေးနေကြသည်။ နိုင်ငံတကာ အင်တာနက်၊ ခရက်တစ်ကဒ်၊ အဆက်သွယ်ရှိသူများက ပြည်တွင်းရှိ မတတ်ကြွမ်းသူများကို email, facebook အကောင့်များဖွင့်ပေးပြီး ဝန်ဆောင်မှုယူကြသည်။

 

ကျေးလက်ဖွံ့ဖြိုးရေးနှင့် မြို့ပြတိုးတက်ရေး ၂ခုစလုံးတွင် လူငယ်အင်အားဖြင့်သာ တည်ဆောက်ရပါမည်။ လူငယ်များသည် လူကြီးများကို အမြဲတမ်းနမူနာအဖြစ် ကြည့်ရှု၊ နမူနာယူလေ့ရှိသည်။ နိုင်ငံတော်ဝန်ကြီးဖြစ်သူ လူကြီးများ ပညာရပ်ပိုင်းဆိုင်ရာ သိတတ်ဖို့မှာ တိုးတက်သောနိုင်ငံကြီးများတွင် ဖြစ်နိုင်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မဖြစ်နိုင်ပါ။ သို့သော် ဝန်ကြီးဖြစ်သူ ကိုယ်မသိပါက၊ ပွင်လင်းစွာဝန်ခံပြီး၊ လုပ်တတ်သူများကို ဒုဝန်ကြီးခန့်ထား၊  လုပ်ဆောင်စေခြင်းသည် ကောင်းသောနည်းစနစ်ဖြစ်သည်။ ဈေးနှုန်းကြီးမြင့်ခြင်းကိုလည်းကိုလည်း လူကောင်း၊လူတော်များ နိုင်ငံခေါင်းဆောင်နေရာတွင် အမြဲရှိနေပါက ဖြေရှင်းရန် နည်းလမ်းအဖြေ ထွက်လာ မည်ဖြစ်သည်။

 

● အင်တာနက်အမြန်နှုန်း

စာရိတ္တပညာကို မြှင့်တင်ပေးရာတွင် လူကြီးများ၏စာရိတ္တပညာပေးမှာ အခက်ခဲဆုံးဖြစ်သည်။ လူငယ်များအတွက် စာရိတ္တပညာမှာ အလိုအလျှောက်ရှိပြီးသားဖြစ်သည်။ လူကြီးများတွင် စာရိတ္တမှန်ကန်သူများကို တိုင်းပြည်ခေါင်းဆောင်နေရာတွင် ခန့်ထားနိုင်ခြင်းသည် ပြုပြင်ပြောင်းလဲရေး၏ အဓိကအချက်ဖြစ်သောကြောင့်၊ လက်ရှိ နိုင်ငံခေါင်းဆောင်များသည် အာဏာရအစိုးရ၏၊ စာရိတ္တအကောင်းဆုံး  မြန်မာခေါင်းဆောင်များ ဖြစ်ဟန်ရှိပါသည်။

 

မြန်မာဒီဂျစ်တယ်ဖိုရမ် မြန်မာနိုင်ငံတွင် ကျင်းပလာကြသည်။ နိုင်ငံတကာက ကုမ္ပဏီးအကြီးစားတွေနဲ့ ဖိုရမ်များကို မြန်မာ့သတင်းစာဆရာများ တက်ရောက်နိုင်ပြီး၊  ၀ါသနာပါသူများလူငယ်များ စုစည်း၊ ဆွေးနွေးနိုင်လာသည်။ မြန်မာပြည်မှ ကွန်ပြူတာပညာရှင် လူကြီးများနဲ့၊ လူငယ်များစွာ၊ စင်ကာပူမှလူငယ်များလည်း ပါဝင်ကြသည်။ မြန်မာပြည် အိုင်တီပညာရပ်ပိုင်းတွင် အခြေခံအဆောက်အဦး လုံးဝမရှိသေးသောလည်း၊ အိုင်တီပညာကိုသုံးသည့် အကြီးဆုံး တဟုန်ထိုးတက်နေသောလုပ်ငန်းမှာ အင်တာနက်လုပ်ငန်းဖြစ်သည်။  မီဒီယာလုပ်ငန်းနိုင်ငံခြားမြှတ်နှံမှု၊ တီဗွီ၊ ဗွီဒီယို၊ ကြော်ငြာရိုက်ကူးသူ မြန်မာပရိုဖက်ရှင်နယ်များ ၀င်ငွေအလွန်ကောင်းလာသည်။ ကမ္ဘာ့အဆင့်မီ ကြော်ငြာ၊ ဒီဇိုင်းများကို တီဗွီ၊ သတင်းစာ၊ ကုမ္မဏီလက်ကမ်းစာစောင်များ၊ ကုမ္ပဏီကြော်ငြာ၊ စာစောင်များတွင် မြန်မာမီဒီယာ ပရိုဖက်ရှင်နယ်များ၏ ဗွီဒီယို၊ဂရပ်ဖစ်ဒီဇိုင်းများတိုးတက်လာသည်။ ပြည်တွင်း သတင်းစာ၊ ဂျာနယ်များမှာပင်လျှင် အင်တာနက်သုံးပြီး သတင်းထောက်၊ အယ်ဒီတာအလုပ်ကိုင် မြောက်များစွာ ရှိနေပါပြီ။ မြန်မာအစိုးရက အင်တာနက်ကို ပြည်သူများအား ဖွင့်ပေးလိုက်တဲ့အတွက် လူငယ်များစွာ အလွန်အကျိုးရှိသွားပါသည်။

 

အမေရိကန် ဂျာနယ်လစ်စ် သောမတ်ဖရက်မင် Thomas Friedman ၏ World is Flat စာအုပ်ကို ဆရာကျော်ဝင်းက ကမ္ဘာကြီးပြားပြီ ..စာအုပ်ဖြင့် မြန်မာပြန်ခဲ့သည်။ The Lexus and the Olive Tree မောင်စွမ်းရည် ဘာသာပြန်ပေးသောစာအုပ်ကို အမေရိကန်သံရုံးမ ထုတ်ဝေခဲ့သည်။ ထိုစာအုပ်များသည် အိုင်တီပညာကြောင့် ကမ္ဘာကြီးတိုးတက်ပြောင်းလဲခဲ့ကြောင်း၊ ဖေါ်ပြထားသည်။ မြန်မာအိုင်တီပညာရှင်များ၊ မီဒီယာသမားများ လက်ကိုင်ထားသင့်သော စာအုပ်ဟောင်းများဖြစ်သော်လည်း မြန်မာဘာသာဖြင့် ဖတ်လိုသူများအတွက် ခေတ်မီနေဆဲဖြစ်သည်။

 

နိုင်ငံအစိုးရတိုင်း အင်တာနက်ကို ဈေးနှုန်းအသက်သာဆုံး၊ အမြန်ဆုံးဖြစ်အောင် လုပ်ပေးထားရသည်။ သို့မှသာ တီထွင်ကြံဆသူ၊ ပညာထူးချွန်၊ စီးပွားထူးချွန်၊ လူငယ်များ၊ တိုးတက်ကြီးပွားလာမည်။ လူငယ်များ တိုးတက်ကြီးပွားမှ နိုင်ငံစည်ပင်သာယာ လာမည်ဖြစ်သည်။ လူငယ်များအင်အားကို ကြည့်ပါ။ စစ်ဖြစ်လျှင်လည်း လူငယ်များ၊ အားကစား၊ ဂီတ၊ ရုပ်ရှင် ထိပ်သီးများကိုကြည့်လျှင် လူငယ်များသာ ရှိသည်။ လူကြီးများက လူငယ်များကို မြှင့်တင်ပေးရပါသည်။

 

၂၀၁၀ နောက်ပိုင်းတွင် ကိုးရီးယားများ ကမ္ဘာကျော်ဖြစ်လာသည်။ အထူးသဖြင့် စီးပွားရေးကုမ္ပဏီများတွင် ကိုးရီးယား ဆမ်ဆောင်း၊ ဟွန်ဒိုင်း၊ အယ်ဂျီ၊ ဒေ၀ူး စသည့် နာမည်များ Brands ကျော်ကြားလာသည်။ အားကစား၊ ဂီတ၊ ရုပ်ရှင်၊ သိပ္ပံပညာ၊ စာပေ စသည့် ဘက်စုံထူးချွန်သူများစွာ ပေါ်လာသည်။ ကုလအကြီးအကဲ၊ ကမ္ဘာ့ဘဏ်အကြီးအကဲများပင်လျှင် ကိုးရီးယားလူမျိုးဖြစ်လာသည်။ မြန်မာလူဦးရေမျှသာရှိသော ကိုးရီးယားသည် အဘယ့်ကြောင့် ကမ္ဘာ့ထိပ်တန်း ရောက်လာပါသလဲ။ မြောက်ကိုးရီးယား၏ အနီးကပ်ခြိမ်းချောက်မှုကို အမေရိကန်၊တရုပ်များဖြင့် ထိန်းချုပ်ကာ စိုးရိမ်မှုကို၊ အလုပ်များစွာလုပ်ခြင်းဖြင့် ဖြေဖြောက်ပြီး၊ ကမ္ဘာနှင့်ယှဉ်ဘောင်သွားနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် အင်တာနက်နည်းပညာတွင် ကမ္ဘာ့နံပါတ်(၁)၊ အမြန်ဆုံး အင်တာနက်လိုင်းကို တောင်ကိုးရီးယားပြည်သူများ ရရှိထားသည်မှာ အံ့ဘွယ်တစ်ခုဖြစ်သည်။

 

အင်တာနက်အမြန်နှုန်းမြှင့်ပေးခြင်းကို မိုဘိုင်းဖုန်းတိုင်းကို လုပ်မပေးနိုင်သော်လည်း လူငယ်များစုရပ် အဖွဲ့အစည်းများ၊ တက္ကသိုလ်နယ်မြေများတွင် အင်တာနက်ဝိုင်ဖိုင် အမြန်နှုန်းများမြှင့်တင်ပေးခြင်းကဲ့သို့ Special Internet Zone လုပ်ဆောင်နိုင်ပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ နေပြည်တော်၊ ဟိုတယ်ဇုံများတွင်သာ အင်တာနက်အမြန်နှုန်း အလွန်ကောင်းနေခြင်းဖြစ်သည်။ အင်တာနက်သုံးရန် အချိန်မရသော အစိုးရခေါင်းဆောင်များ၊ စီးပွားရေးသမားကြီးများအတွက်သာ အင်တာနက်အမြန်နှုန်းမြင့်ဒေသများဖြစ်နေပြီး၊ နည်းပညာကျွမ်းကျင်သည့် တက္ကသိုလ်ကျောင်းသား နယ်မြေများတွင် ကမ္ဘာ့အနှေးဆုံး အင်တာနက်ဖြစ်နေသည်မှာလည်း ပြုပြင်စရာတစ်ခုဖြစ်သည်။ အနည်းဆုံး ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ နယ်မြေများတွင် မိုဘိုင်းအင်တာနက်အမြန်နှုန်းကို နေပြည်တော်ဟိုတယ်ဇုံများကဲ့သို့ လိုင်းများ၊ ဈေးနှုန်းချိုသာစွာ ချပေးပါက လူငယ်အိုင်တီပညာရှင်များ ကမ္ဘာ့အဆင့် ထိုးဖေါက်ဝင်ရောက်ဖို့ လမ်းပွင့်လာပါမည်။ ယခုအခါ မြန်မာပြည်တွင် တကမ္ဘာလုံး လူငယ်များအလွယ်တကူကြည့်နိုင်သော ယူကြုကို မကြည့်နိုင်ပါ။ အိုင်ဖုန်း၊ ဆမ်ဆောင်း၊ လက်ပတော့ ပြသနာများပေါ်ပေါက်လာပါက ယူကြု Youtube တွင်နှိပ်ကြည့်လိုက်လျှင့် ကမ္ဘာ့လူငယ်များက ရုပ်သံဖြင့်ဖြေရှင်းနည်းကို တင်ပြထားကြသည်။ ထိုကဲ့သို့ ရုပ်သံဗဟုသုတများ ရှိလာပါက မြန်မာလူငယ်များအဖို့ တိုးတက်လမ်း၊ ကိုးရီးယားများကဲ့သို့ ပွင်လာမည်ဖြစ်သည်။

 

အမေရိကန်နိုင်ငံရောက်ရှိသူများအဆိုအရ အမေရိကန်မြို့ကြီး၊မြို့လေးများတွင် အင်တာနက်စာမျက်နှာများကို တစ်ခုမှတစ်ခု ကလစ်လုပ်လိုက်တိုင်း ဖြတ်ကနဲ၊ ဖြတ်ကနဲ ကူးပြောင်းသွားသည်မှာ လျှပ်ပစ်သလို မြန်ဆန်လှသည်။ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား အရှေ့တောင်အာရှနိုင်ငံ အင်တာနက်စာမျက်နှာများ ကလစ်လုပ်လိုက်ပါက အသင့်တင့်မြန်သည်ကို တွေ့ရသည်။ တရုပ်ပြည်ကြီးလည်း အင်တာနက်တော်တော်မြန်သည်။ စင်ကာပူ၊ဟောင်ကောင်၊ကိုးရီးယားများသည် အလွန်မြန်သော အင်တာနက်လိုင်းများ ရှိသဖြင့် လူငယ်များ၊ ငွေကြေးကိစ္စ၊ ပညာရပ်ကိစ္စများကို အဟုန်လျှင်မြန်စွာ လုပ်နိုင်ပါသည်။ အင်တာနက်အမြန်နှုန်းမြှင့်တင်ခြင်းတွင် ခရိုနီများ၊ အစိုးရအရာရှိကြီးများကို ဥပဒေဖြင့်ထိန်းချုပ်ထားနိုင်မည့် ဥပဒေများ မြန်မာနိုင်ငံလွှတ်တော်တွင် ပြဌာန်းပြီးဖြစ်သည်။ ဥပဒေများကို ပိုမိုကောင်းအောင် ပြဌာန်းပြီး၊ ဥပဒေကြီးစိုးမှု လက်တွေ့အကောင်ထည်ဖေါ်လာနိုင်ပါက လူငယ်များအတွက် အင်တာနက်အမြန်နှုန်းလည်း မြင့်လာမည်ဖြစ်သည်။

 

၂၀၁၃ အမြန်ဆုံး နံပါတ်(၁)၊ (၂) တို့မှာ ဟောင်ကောင်-တရုပ် (54.1 Mbps), တောင်ကိုးရီးယား၊ (48.8 Mbps) ဖြစ်သည်။ စင်ကာပူက အဆင့်-၁၀ (30.7 Mbps). အမေရိကန်က နံပါတ်-၁၄ဖြစ်ပြီး၊ ဥရောပနိုင်ငံကြီးများ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဆွဒ်ဇာလန်..များက ထိပ်ပိုင်းတွင်မရှိကြ၊ အင်္ဂလန်နိုင်ငံက အဆင့်-၁၆ (28.1 Mbps) ဖြစ်သည်။

 

● မြန်မာစာလုံးနှင့် မိုဘိုင်းဖုန်းများ

တရုပ်ပြည်တွင် တရုပ်စာ၊ ကိုးရီးယား၊ဂျပန်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံအဆုံး ကိုယ့်လူမျိုးစာများကို မြှင့်တင်ရသည်။ မြန်မာနိုင်ငံတွင် မြန်မာစာလုံးဖြင့် မိုဘိုင်းဖုန်းပညာ တိုးတက်လာသည်။ HTC, Google စသည့် ကမ္ဘာ့ထိတ်တန်း ကုမ္ပဏီကြီးများက မြန်မာလူမျိုး သန်း၆၀ ဈေးကွက်အတွက် လာရောက်ကြသည်။ အချို့လည်း စေတနာများဖြင့် လာရောက်ကြသည်။ မိုဘိုင်းဖုန်းတွင် မြန်မာ App များစွာ ပေါ်ပေါက်လာသည်။

 

ကမ္ဘာ့အဆင့်မီရန် မြန်မာစာကို Unicode နည်းစနစ်ဖြင့် မြန်မာအားလုံး ကမ္ဘာ့ဗဟုသုတများကို မြန်မာစာဖြင့် ဖတ်နိုင်ခြင်းဖြစ်သည်။ မြန်မာစာကို အင်တာနက်ဘာသာပြန်အဖြစ် မိုက်ကရိုဆော့၊ ဂူဂယ် စသည့်ကုမ္ပကြီးများက မြှင့်တင်နေပြီးဖြစ်သည်။ မကြာခင် မည်သည့်အင်တာနက်စာမျက်နှာမဆို မြန်မာဘာသာဖြင့် Translate လုပ်ပြီးဖတ်နိုင်မည်ဖြစ်သည်။ ဥပမာ Google Search ကို မလေးရှားနိုင်ငံတွင် ဘာမှအရေးမယူခံရသော၊ ဝန်ကြီးက မုဒိမ်းကျင့်ခံရသော အိမ်ဖော်အမျိုးသမီး Robengah  နှိပ်ကြည့်ပါက မလေးဘာသာစကားဖြင့် အင်တာနက်ဝက်ဆိုဒ်များကို တွေ့ရမည်ဖြစ်သည်။ Google မှ This Page translate from Malay to English. Click ပေါ်လာသည့်အခါ နှိပ်ကြည့်လိုက်ပါက မလေးဘာသာ ဝက်ဆိုဒ်များ အင်္ဂလိပ်ဘာသာသို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။ ထိုအခါ အင်္ဂလိပ်စာ ဖတ်နိုင်သူများ ထိုသတင်းကို ဖတ်နိုင်သည်။ မလေးရှားနိုင်ငံသည် လပ်စားမှု (ဝန်ထမ်းများအကျင့်ပျက်မှု) Corruption Index တွင် ကမ္ဘာ့အဆင့် ၅၀ရှိသည်။ မြန်မာနိုင်ငံက အဆင့် ၁၅၇ ရှိသည်။ Google Translator ဖြင့် ဝန်ကြီးများမဟုတ်တာလုပ်ခြင်းကို နားထောင်၊ ရေးသားနေခြင်းများအစား နည်းပညာရပ်များကို ဂူဂယ်တွင်ရှာဖွေကြည့်ရှုပြီး၊ မြန်မာဘာသာဖြင့် ဖတ်နိုင်မည့်ကာလမှာ တစ်နှစ်အတွင်းပင် ဖြစ်နိုင်ပါသည်။ မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများကို NewYork Convention ကဲ့သို့အဖွဲ့ဝင်ခြင်း၊ အရှေ့တောင်အာရှနိုင်ငံများအဆင့်တူ ရင်းနှီးမြှတ်နှံမှုများ စိတ်ချစေမှု ဥပဒေများ အသက်ဝင်လာအောင် လုပ်ဆောင်လျှက်ရှိသည်။

 

ယခုအခါ အာဏာရှိသူများက ဥပဒေများကို သူတို့စိတ်တိုင်းကျ၊ အာဏာနှင့်အနိုင်ကျင့်နေဆဲဖြစ်သည်။ အောက်ခြေအဆင့်ပင်လျှင် မြို့နယ်အဆင့်၊ စစ်မှုထမ်းဟောင်းများအဖွဲ့ကပင် အာဏာများစွာ ရှိနေဆဲဖြစ်သည်။ ဥပဒေကြီးစိုးရန်အတွက် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူတွင် ပြောသွားသောစကားမှာ ဘဏ်ငွေသွင်းဖို့ ဝန်ထမ်းကိုလပ်မပေးဘူး၊ တနေ့လုံးတန်းစီဆိုလဲ စီမယ်… ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ လက်တွေ့တွင် ဆင်းရဲသားများပင် တနေကုန်တန်းစီလည်း မသေချာသောကြောင့် ဝန်ဆောင်ခပေးမှ အဆင်ပြေနေရသည်။  (စကားချပ်)

 

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတိုးတက်ရေးအတွက် နိုင်ငံတကာအဆင့် SEZ Special Economic Zone ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် တို့သည် အောင်မြင်မှုရရန် ကြိုးစားနေဆဲ၊ SIZ  Special Internet Zone အဖြစ် လူငယ်များအတွက် အင်တာနက်အမြန်နှုန်းမြင့်မားသော နေရာများ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် ရရှိလာမည့်အချိန်ကို စောင့်မျှော်နေပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts