ကဗျာ ကျော်ဟုန်း

အို ဒေသနာ

ကျော်ဟုန်း
မတ်လ ၂၊ ၂၀၁၄

 

 

ဘ၀ကို အရည်ညှစ်ကြည့်လိုက်တော့
ခါးသက်သက် အရည်တွေသာ အရသာခံမိ၊

 

အချိုလွန် ခါးသွားလေခြင်းလို့ 
စိတ်ကျန်းမာရေးအတွက် ဖြေတွေးလိုက်ပြန်။

 

(ဘ၀ခါးခါးကို မသောက်ဖူးတဲ့သူ
ဘယ်သူများ ရှိလို့ လဲ)

 

မိုင်တိုင်တွေကို သမင်လည်ပြန်ကြည့်ရင်
ခုတ်ထစ်ရာ ဗလပွနဲ့ ချည်း၊

 

(သြော်…ဘ၀ဆိုတာ
လိုက်ပွဲတွေ အထပ်ထပ်နဲ့ 
တိုက်ပွဲပါလား)
ဒဿနတခုရရုံမှတပါး အသက်ကြီး။

 

အသက်တွေကြီးလာတဲ့ ကြွေမယ့်ပန်း
ရွှေနန်းတော့ ထိုက်ချင်ကြပြန်ရော။

 

တချို့ တွေကြ
ခေါင်းဆေးမင်္ဂလာပြု
သီးပင်စိုက်ကြ။

 

တချို့ တွေများ …
အဲဒီမှာ သူတော်ကောင်းယောင်ဆောင်
အဲဒီမှာ သူရဲကောင်းလိုလို ပြ
အဆိပ်လုံးကို သကာလူးပြီး နံ့ သာဆွတ်ကြရဲ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts