မာမာအေး ရသဆောင်းပါးစုံ

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၂၃)

မာမာအေး
မတ်လ ၂၊ ၂၀၁၄

 

● ပြဿနာ၏ နိဂုံး

 

သောတရှင်များ ကျန်းမာတော်မူကြပါစေရှင်

 

မာအေးချစ်တဲ့သောတရှင်တွေ  ဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။

 

သောတရှင်တို့ရေ၊ လေးနှစ်တာထောင်အချခံခဲ့ရတဲ့ ဆရာတောဦးဥတ္တမရဲ့ ထူခြားတဲ့ဝတ်ရုံလေးကတော့၊ ထောင်အဝတ်၊ ထောင်အင်္ကျီ- လုံချည်၊ အဖြူဝမ်းဆက်နဲ့တဲ့၊ ဆရာတော်ကတရားဟောတာကို လာနားထောင်တဲ့တရားတော်ကို- ကိုယ်ချင်းစာစိတ်ရအောင် ညွှန်ပြ လို လို့ပြမယ်ထင်ပါတယ်ရှင်၊ တိုင်းတပါးသားကဖြစ်လာတဲ့ အစိုးရဆိုတာ၊ ကိုယ့်လူမျိုး ကိုယ့်လူထုမှမဟုတ်တော့ စေတနာထားမှာ မဟုတ်တဲ့အကြောင်း ကိုယ့်ဗမာအချင်းချင်း ယိုင်းပင်းကြဘို့လိုတဲ့အကြောင်းတွေ ဟောပြောတတ်ပါတယ်၊ “မိန်းမတွေဟာ မင်းကတော် စိုးကတော်ဖြစ်ဖို့လေါက်ကိုသာ မှန်းပြီးဂုဏ်ပြိုင်နေကြတယ်၊ ဒီလိုမိန်းမတွေစည်းမစေါင့်လို့ ကျွန်သက်ရှည်နေတာ၊ ဘုန်းကြီးတွေကလဲ ဗမာအိမ်မှာဆွမ်းခံပြီးတော့-ဝယ်တော့“ ရိုး” တိုက်မှာသွားဝယ်တယ်၊ လို့ဟောပါတယ်၊

 

သူထောင်ကျရတဲ့အကြောင်းရင်းကိုလဲ ဟောပြောပြပါတယ်၊ “ ငါမအူပင်မှာထောင်ကျတာ“၏”ဆိုတဲ့ စာလုံးလေးတလုံးပါမသွားလို့ ထောင်ကျတာဘဲ၊ ငါကပြောတယ် ဗမာတွေဟာ အရေးပိုင်ဆိုရင်သိတ်ကြောက်၊ ဝန်ထောက်မြို့အုပ်ဆိုရင်လဲ ကြောက်နေကြတာဘဲ၊ ဘာတခုမှမဟုတ်တာ မမှန်တာလုပ်မနေဘဲနဲ့ ပြန်မပြောဝံ့ကြဘူးနော်၊ ခွေးလောက်မှမလိမ္မာဘူး၊ မင်းတို့အိမ်မှာမွေးထားတဲ့ ခွေးဝဲစား ဘဲဖြစ်ဖြစ်၊ အရေးပိုင်ခွေးနဲ့တွေ့ရင်၊ ခံတော့ကိုက်ဦးမှာဘဲလို့ ငါကပြောတယ်၊ ဒါကို အရေးပိုင်က သူ့ကိုခွေးလို့ပြောရမလားဆိုပြီး တရားစွဲတာဘဲ၊ အရေးပိုင်၏ခွေးလို့ပြောရမယ့်ဟာကို၊ ငါကအရေုးပိုင်ခွေးလို့ပြောလိုက်မိတာကိုး” လို့ပြောပြတာမျိုးပါ၊ စကါးနှစ်ခွအဓိပ္ပါယ် ရနိုင်တာကို သုံးနိုင်တာလဲဖြစ်နိုင်ပါတယ်၊ စာတလုံးကြောင့် ဒုက္ခရောက်နိုင်တာကိုလဲ သခင်္ဏးစာရစေချင်ဟန်ပါဘဲ၊ ဒါတွေဟာ ပထမ အကြိမ် (၄) နှစ်ထောင်ကျပြီး ပြန်ထွက်လာမှ ပြောခဲ့တာတွေပါ၊

 

အစိုးရမင်းတို့က- သူတို့ကိုအကြည်ညိုပျက်အောင် ဟောပြောခဲ့ရင်၊ ထောင်ဒဏ်ကျခံရမယ်လို့ ပညတ်ထားသော်လဲ၊ ဦးဥတ္တမအဖို့မှာကတော့- သူတို့ကိုအကြည်ညိုပျက်အောင်ဟောပြောမှ ကိုယ့်လူတွေကနိုးကြာမယ်၊ လှုံ့ဆော်ရာရောက်မယ်၊ သူရဲ့ဝတ္တရားကျေပွန်မယ်ဆိုတဲ့အသိနဲ့ ဟောရှာရတော့တာပေါ့ရှင်၊ “လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရလုပ်ပုံမကေါင်းရင်- မကေါင်းဘူးလို့ ဝေဖန်ခွင့်ရှိသော်လဲ၊ ငါတို့ကျတော့ အစိုးရလုပ်တာမကေါင်းရင် ခေါင်းငုံ့ခံရမှာလား၊ မခံဘူး၊ မခံကြနဲ့” လို့ဟောပြောပြီး (၇)ရက်အကြာမှာ ဒုတိယအကြိမ် ဖမ်းဆီးပြန်ပါတယ်၊ ပြီးတော့ရန်ကုန်မြို့အရပ်ရပ်မှာ စည်းဝေးများကျင်းပပြီး ဆူပူမှုမလုပ်ရအောင် ပုဒ်မ(၁၄၄) ထုတ်ပြန်ခဲ့ပါတယ်၊

 

ဆရာတော်ဦးဥတ္တမကို အမှုစစ်တဲ့နေ့မှာတော့၊ ရန်ကုန်ခရိုင်တရားသူကြီးရှေ့မှာ တိုင်ရန်ကုလားထိုင်ပေးထားတာကြောင့်၊ ဆရာတော်က ထိုင်ပါတယ်၊ တချို့သောဆရာတော်အရှင်မြတ်တို့လဲ တရားခွင်ကိုကြွရောက်နားထောင်ဖို့ရာ လာကြလေတော့၊ ဦးဥတ္တမအနားက ကုလားထိုင်များမှာ ထိုင်ကြတာပေါ့ရှင်၊ အရေးပိုင်မင်းရုံးတတ်လာတဲ့အခါမှာ ဘုန်းတော်ကြီးတွေက လူဒကါတွေကို မတ်တတ်ရပ် မပေးကြပါဘူး၊ ဒါကြောင့် ဘာသာသါသနာမသိကြတဲ့ ဂေါ်ရာပုလိပ်တွေက ဘုန်းဘုရာများထိုင်နေတဲ့ ကုလားထိုင်တွေကို ဆွဲတွန်းပစ် လိုက်ကြတဲ့အတွက်၊ ဆရာတော်တွေကိုစော်ကါးတယ်လို့ တပြည်လုံးက စိတ်မချမ်းမသာဖြစ်ကြရပါတယ်၊

 

ဒီလိုမြန်မာ ဗုဒအာသာဘုန်းတော်ကြီးများကို ထိပါးခံကြရတဲ့အကြောင်းကြောင့် အစိုးရက အစည်းအဝေးမလုပ်ရ၊ လူစုလူဝေးဆူညံမှု မလုပ်ရလို့ တားမြစ်ထားတဲ့အကြောင်းက မနာခံတဲ့အာဏာဖီဆန်မှုကိစ္စ ဖြစ်လာခဲ့တဲ့အခါ၊ ဆူးလေပန်းခြံထဲမှာ စုဝေးနေကြတဲ့ရဟန်းသံဃာတော်များနဲ့ လူအများကို ဂေါ်ရာစာသင်တွေက  မြင်းနဲ့လိုက်တိုက်၊ နံပါတ်တုတ်နဲ့ရိုက်ကြတဲ့အတွက်၊ အတော်များများ ဒဏ်ရာများ ရကုန်ကြရပါတယ်၊ ဂေါ်ရာစာသင်တွေဟာ ဘုန်းကြီးတွေကိုရွေးပြီးရိုက်ကြတယ်၊ ကျကျန်ရစ်တဲ့ သင်္ဃန်းတွေကိုလဲ နင်းခြေပစ်ခဲ့ကြတာ ကိုယ်တွေ့မျက်မြင်ဖြစ်ပါတယ် လို့ ဗမာ့ခေတ်ဦး အရင်ကထုတ်ဖေါ်ပြောသွားခဲ့ပါတယ်၊

 

ဆရာတော်အရှင်ဥတ္တမ- ထောင်ကျထားတဲ့အချိန်အတွင်း (၁၂၈၆-ခုနှစ်) မှာ ပေါင်းတည်ကွန်ဖရင့်က ဆုံးဖြတ်ချက်ချထားခဲ့တဲ့အတိုင်း၊ ထားဝယ်နယ်ကျေးရွာတရွာက ဝံ့သာနုအသင်းဝင်တွေကစပြီ “အခွန်မပေးရေး” ကိစ္စဆောင်ရွက်ခဲ့ကြပါတယ်တု၊ ဒီအခါမှာအဲဒီဝံ့သာနုတွေရဲ့အိမ်တွေကို လက်နက်ကိုင်ပုလိပ်များ ဝိုင်းတားစီးနင်းကြပြီး၊ လက်ထိပ်ခက်ဖမ်းဆီးခြင်း လက်ထိပ်ခက်ဖမ်းဆီးခြင်း၊ စပါး၊ ကျွဲနွား၊ ထွန်တုန်းများပါမကျန် သိမ်းယူခြင်းများ၊ အစိုးရကပြုလုပ်စေခဲ့ပါတယ်၊  အစိုးရမင်းများ၊ သူကြီးများ၊ ပုလိပ်များက လာရောက်မေးမြန်းကြတဲ့အခါ မှာလဲ “မသိဘူး” တခွန်းသာဖြေကြားခဲ့တဲ့ “ဘူး” အသင်းဆိုတာလဲပေါ်လာခဲ့ပါတယ်၊ ဒီတော့လဲအစိုးရက အဲဒီလိုဆောင်ရွက်နေတဲ့ ကသောင်ရွာတွေကို မတရားအသင်းကျေညာပြီး စစ်တပ်နှင့်ဝိုင်း၊ ယောင်္ကျားတိုင်းကိုဖမ်းဆီးခေါ်ထုတ်၊ ထောင်ထဲထည့်တဲ့အလုပ်ကို လုပ်ခဲ့တာဟာ ထောင်မဆန့်အောင်ဘဲတဲ့ရှင်၊

 

မိန်းမသားတွေသာကျန်တဲ့ရွာတွေမှာ ပုလိပ်ဂေါ်ရာစာသင်တွေဟာ မတရားမှုဖိနှိပ်မှုတွေ ကျူးလွန်ကြတဲ့အကြောင်းရပ်တွေ ဖြစ်ပေါ်နေတာကိုကြားသိနေရတဲ့သာဝတီ၊ ပြည်စီရင်စုဝံသာနုတွေက အစိုးရအပေါ် အခဲမကြေဖြစ်လာကြပြီး၊ လက်နက်ကိုင်သူပုန်ထဘို့ရာ ကြံမိစိတ်ကူး အထူးလျှို့ဝှက်စွာ စည်းရုံးခဲ့ကြပါတော့မယ်၊ ပျဉ်းမနားကွန်ဖရင့် ကျင်းပတဲ့အခါမှာ စီရင်စုအကျိုးတော်ဆောင်အဖွဲ့ လျှို့ဝှက်စွာဖွဲ့ပြီး သူပုန်ထဘို့သဘောတူတဲ့ ဝံသာနုခေါင်းဆောင်တွေကိုရွေးထုတ်၊ ဆရာစံကခေါင်းဆောင်လုပ်ခဲ့ပါတယ်၊ ဂဋုန်ဆရာစံ-သာဝတီသူပုန်ကိစ္စ (၁၉၃၀ပြည့် ဒီဇင်ဘာ၂၂)ရက်နေ့ “ရေတိုက်ရွာ” ကစခဲ့ပါတယ်၊ ဆရာတော်နဲ့ဦးစိုးသိန်းတို့က မသိသလိုနေလိုက်ရမယ်ပေါ့၊ လျှို့ဝှက် အဖွဲ့ဆိုထားပေးတာကို၊ နိုင်ငံအပြင်ထွက်ဖို့ ဦးဥတ္တမတောင်းဆိုတာကိုလဲ နိုင်ငံတကါနဲ့ဝံ့သာနုတို့ကို အဆက်အသွယ်ရှာ ပေးလိမ့်မယ်အထင်နဲ့ ခွင့်မပြုခဲ့တော့ပါဘူး၊ သံဃသမဂ္ဂီအဖွဲ့က ဆရာတော်ဦးဝိစာရနဲ့လဲပေါင်းပြီး ဟောပြောဆက်ဆံတာတွေရှိခဲ့ပါတယ်၊

 

နိုင်ငံရေးလုပ်မယ်ဆိုရင် ကိုယ်ကအနစ်နာခံရမယ်၊ ဆင်းရဲဒုက္ခရလိမ့်မယ်ဆိုတာတွေကို သိခဲ့ပြီးဖြစ်တဲ့ ဦးဥတ္တမဟာ၊ စားသောက်သွားလာရေးတွေမှာပါ ခြိုးခြံကျင့်သုံးခဲ့တာပါရှင်၊ ဘယ်ဒကါကိုမှလဲ ဆွမ်းဖိတ်မခိုင်းခဲ့ဘူး၊ ကြုံကြိုက်လို့သဒ္ဒါနဲ့ကပ်လှူတာကိုသာ ဘုန်းပေးပါတယ်၊ အများအားဖြင့်ကတော့ ရန်ကုန်ဘူတာကြီးအပေါက်ဝက တနေ့တခုကျပေးလှူတဲ့ ကုလားရဲ့ဘယာကျော်ကိုဘဲ နှစ်ခြိုက်စွာဘုန်းပေးခဲ့တဲ့ အရှင်မြတ်ပါ၊ မကျန်းမာချိန်ရောက်လို့ အချိန်မရွေးကြွလာဆွမ်းဘုန်းပေးဘို့လျှောက်ထားတဲ့ (၅၂)လမ်းက ရခိုင်ပြည်သား အိန္ဒိယအောက်လွှတ်တော်အမတ် ဦးလှထွန်းဖြူအိမ်ကိုတောင် ကမာရွတ်ကနေခြေကျင်ကြွတော်မူပါတယ်၊ လမ်းလျှောက် နေမှ သူ့ရောဂါမတိုးမှာလို့ ယုံကြည်စွာနဲ့လမ်းပေါ်မှာ လျှောက်နေတတ်တဲ့ ဆရာတော်ကိုစိတ်မနှံ့ဘူးလို့ ထင်တါတွေလဲရှိပါတယ်၊ နိုင်ငံရေးဂိုဏ်းဂဏကွဲလို့ အညှိုးထားရိုင်းပြဆက်ဆံတာများလဲ ခံစားသွားရရှာပါတယ်၊ ဒီအားနည်းတဲ့မတ် တတ်နာနဲ့ဘဲ (၁၃၀၁-ခုနှစ်၊ ဝါခေါင်လဆုတ်၊ ၁၁ရက်နေ့)က ရန်ကုန်ဆေးရုံကြီးမှာ ပျံလွန်တော်မူသွားခဲ့ပါတယ်၊ အာရှနေဝန်းလို့ ညွှန်းနိုင်တဲ့ လွတ်လပ်ရေးစိတ်ဓါတါမျိုးစေ့ချခဲ့သူ ပါမောက္ခဆရာတော်ဦးဥတ္တမ ဘဝတကွေ့မှာ လွတ်လပ်တော်မူပါစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts