မိုးမခကို ပေးတဲ့စာ

လုပ်ငန်းရှင် ခရိုနီ ဇော်မိုးခိုင် အာဏာပိုင်နဲ့ ပေါင်းပြီး ပြည်သူကို မတရားကျင့်

 

လုပ်ငန်းရှင် ခရိုနီ ဇော်မိုးခိုင် အာဏာပိုင်နဲ့ ပေါင်းပြီး ပြည်သူကို မတရားကျင့်

မိုးမခပေးစာ၊ လှည်းတန်း၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄

(၁)လုပ်ငန်းရှင် ခရိုနီ ဇော်မိုးခိုင် (AA Medical Product) သည် ၄င်း ၀ယ်ယူထားသော ည်းတန်းလမ်းဆုံ ပြည်မြန်မာကုန်တိုက် ပေ ၈၀ x ပေ ၁၂၀ အပြင် အများပြည်သူမသိရှိလိုက်သော နောက်ဆက်တွဲနောက်ဖေးလမ်းကြားမြေများနှင့် မိလ္လာကျင်းပါမကျန် နေပြည်တော်ကျောက်သင်ပုန်းတွင် ၂ရက်သာ တင်ဒါခေါ်လိုက်ပြီးအများပြည်သူမသိရှိအောင် တိတ်တိတ် တင်ဒါအောင် ခဲ့ကြောင်း ၄င်း ပြောမှသိရပါသည်။ သတင်းစာတွင်ကြော်ငြာခြင်းမရှိပဲ မည်သူက နေပြည်တော်ရှိ ကျောက်သင်ပုန်းကို၂ရက် အတွင်းလာ ကြည့် မည်နည်း၊ဒါမှမဟုတ် နိုင်ငံပိုင်အဆောက်အဦးထုခွဲရောင်းချရေးကော်မတီကို အိတ်ထဲထည့်ထားခဲ့တာလား။ဒါမှမဟုတ် စီးပွားကူးသန်းဝင်ကြီးကိုပဲ ကိုင်လိုက်တာလား။

(၂) တိုက်နေပြည်သူများအနေဖြင့် ခရိုနီဇော်မိုးခိုင် တိတ်တဆိတ်ဝယ်ယူကြောင်း သိသိချင်း ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံတော်သမ္မတ၊ တရားဥပဒေစိုးမိုးရေးကော်မတီ၊  မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ စီးပွားကူးသန်းဝင်ကြီး၊ စသည့်အဖွဲ့အစည်းများသို့ တရားဝင်စာပို့ပေးခဲ့ပါသည်။ သို့သော် အများသိတဲ့အတိုင်းပါပဲ ဘာမှမထူးပါ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းကိုလည်း တိုင်ဘူးပါသည် သို့သော်……ဘာမှမထူးပါ။

(၃) အခန်းပေါင်း (၉၆) ခန်းပါဝင်ပြီး ကွန်ပျူတာ၊ ဘာသာစကား သင်တန်းများဖြင့် အမြဲစည်ကားနေသော ကျွန်တော်တို့ မြိုပြတိုက် (၁) နှင့် (၂)သည် နေ့စဉ် လူဦးရေ
၅၀၀၀ကျော် ၀င်ထွက်နေပြီး ရေမီးမိလ္လာကန်များကို နေ့စဉ်အသုံးပြုနေရသဖြင့် လက်ရှိနှစ်ပေါင်း၂၀ကျော်အသုံးပြုနေသော အနောက်ဖက်ဥပစာ တိုက်ပိုင်မြေများကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ လက်သိပ်ထိုးရောင်းဝယ်ခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။

(၄) သို့သော် ခရိုနီဇော်မိုးခိုင်က ခရိုနီကျင့်စဉ်အတိုင်း ယုတ်မာကောက်ကျစ်သောနည်းလမ်းများကိုသုံးပြီး ရန်ကုန်တိုင်းဝင်ကြီးချူပ်၊ စီးပွားကူးသန်းဝင်ကြီးနှင့်ညွှန်ကြားရေးမှူးများ၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေ/သန့်ဌာနမှူး ဦးမြင့်ဦး၊အိုးအိမ်ဦးစီးဌာန ညွှန်ချူပ်၊ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး စသည့် အာဏာပိုင်အဖွဲ့အစည်းများကို လာဘ်ငွေများပေးပြီး

အများပြည်သူ သဘောဆန္ဒကို ဆန့်ကျင်၍ မလှိမ့်တစ်ပတ်အောက်လမ်းနည်းများကိုသုံးကာ နောက်ဆက်တွဲ အများပြည်သူ မသိရှိလိုက်သော နောက်ဖေးလမ်းကြားသာမက ရောင်းချရာတွင် လုံးဝ(လုံးဝ) မပါဝင်သော ရေလှောင်ကန်၊ ရေစက် ကားရပ်နားရန်နေရာ များကိုပါ ၂၄ရက် ဖေဖေါ်ဝါရီ ၂၀၁၄  ရက်နေ့မှစ၍ အဓမ္မ ကျူးကျော် သိမ်းပိုက်နေကြောင်း အောက်ပါ အထောက်အထားများနှင့်အတူ အများပြည်သူနှင့်တစ်ကွ နိုင်ငံတော်သမ္မတ(အားကိုးရမလားတော့မသိဘူး) သိရှိအောင်တင်ပြအပ်ပါသည်ခင်ဗျား..

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts