Yan Naung (Bo Ta Htaung) သတင်းပဒေသာ

လွမ်းငွေ့ဝေဝေဟော်နန်းမြေ လုံးချင်းဝတ္ထုသစ်နှင့် မိတ်ဆက်ခြင်း

ရန်နောင် (ဗိုလ်တထောင်)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄

စာရေးဆရာမ စိမ်းသန့်(ရေတာရှည်) က သူ၏ ၆၂ ပြည့် မွေးနေ့ နှင့်  လုံးချင်းဝတ္ထုသစ်  မိတ်ဆက်ပွဲကို  စနေညနေခင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
လွမ်းငွေ့ဝေဝေဟော်နန်းမြေ ဟု အမည်ပေးထားသော  ဝတ္ထုကို  “လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှ…မြန်မာ ဘုရင် ဧကရာဇ်မင်းနှင့် ရှမ်းပြည်စော်ဘွားပဒေသရာဇ်တို့၏ ရှမ်း၊ ဗမာ သွေးစည်းချစ်ကြည် ညီညွတ်ခြင်းများ၏ အတိတ်ဇာတ်ကြောင်းများကို အားကျ ကျေနပ် စိတ်ဝင်စားခြင်းများကြောင့်” စိတ်ကူးယဉ် ဖန်တီးလိုက်ခြင်း ဖြစ်သည်ဟု စာအုပ်တွင် ဖော်ပြထားသည်။

စာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ်  ဆရာမ ကလျာငြိမ်းစံက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး  မဟေသီမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ
ဆရာဝင်းသူရ၊  ဗိုလ်မှူးလှမောင် (အငြိမ်းစား)၊  ဆရာအောင်သျှံဝိုင်း (ကျိုက်မရော )တို့က မုဒိတာစကားပြောကြားကြသည်။

ဆရာမ စိမ်းသန့် (ရေတာရှည်)က စာအုပ် ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆရာမ စိမ်းသန့်(ရေတာရှည်)သည် တစ်နှစ်လျှင်တစ်အုပ်နှုန်းဖြင့် စာအုပ်ထုတ်ဝေခဲ့ရာ ယခုစာအုပ်သည် သုံးအုပ်မြောက် လုံးချင်းဝတ္ထုဖြစ်သည်။

ရောင်းဈေး ၁၆၀၀ ကျပ် သတ်မှတ်ထားသည့် ထိုစာအုပ်ကို သင်းစာပေမှထုတ်ဝေပြီး မျိုးဆက်သစ်စာပေက တပြည်လုံးကို ဖြန့်ချိမည်ဖြစ်ပါသည်။

စာအုပ်မိတ်ဆက်ပွဲသို့ စာပေအသိုင်းအဝိုင်းမှ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူများ၊ စာနယ်ဇင်းဆရာများ  တက်ရောက်အားပေးကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts