Yan Naung (Bo Ta Htaung) သတင်းပဒေသာ

မော့စ် ကွယ်လွန်ခြင်း တနှစ်ပြည့် ရန်ကုန်တွင် ပဒေသာကပွဲပြုလုပ်

ရန်နောင် (ဗိုလ်တထောင်)

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄

ဟာသသရုပ်ဆောင် လူရွှင်တော် အကယ်ဒမီ မော့စ် ကွယ်လွန်ခြင်း တနှစ်ပြည့် အလွမ်းပြေပဒေသာကပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် သောကြာနေ့က ကျင်းပြုလုပ်ခဲ့သည်။

လူရွှင်တော် အကယ်ဒမီမော့စ်၏ လုပ်ဖော်ကိုင်ဘက်များ၊ တပည့်တပန်းများ နှင့်အတူ ဦးမောစ့်၏မိသားစု ဝင်များက အလွမ်းမပြေစွာဖြင့် ပ၇ိတ်သတ်များအား အထူးဖျော်ဖြေသောပွဲဖြစ်သည်။


လူရွှင်တော်အသင်း (ရန်ကုန်) က စီစဉ်သော ပဒေသာကပွဲတွင်  ဦးမောစ့်၏နာမည်ကြီးဟာသပြဇာတ်များဖြစ်သော “ကြိုက်ရင် တသက်လုံးခိုင်း”၊  ” အစိရှည် “၊  မင်္ဂလာဦးည ၊ မတူရင်မတုနဲ့၊ ဒေါသလက်သီး အော်ပရာပြဇာတ်များ ထည့်သွင်းထားသောကြောင့် ပရိတ်သတ်များ တဝါးဝါးတဟားဟားဖြစ်ခဲ့သောညတစ်ည ဖြစ်ခဲ့သည်။

ရွှေခဲ၊ မိုင်ရှိုးလေး၊ ဝင်းနိုင်(အနုပညာ )၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ချောချစ်၊ ပွမ်ပွမ်၊  မိုးတိမ်၊ ထက်ထက်၊ ကောင်းကျော်၊ ဝိုင်းချစ်၊  အစရှိသောလူရွှင်တော်များနှင့် အတူ ဦးမောစ့်၏သားထိုက်စံမောစ့် ကလည်း ဝင်ရောက်ဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

ထိုက်စံမောစ့်သည်လည်း ဖခင်နည်းတူ ပရိတ်သတ်အား ကျေနပ်စေရန် အထူးပင်ဖျော်ဖြေနိုင်ခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

ဖျော်ဖြေပွဲမှ ရရှိသော ငွေကြေးများကို သက်ကြီးလူရွှင်တော်များစောင့်ရှောက်ရေးနှင့် နာမကျန်းရန်ပုံငွေ အတွက်လှူဒါန်းမည်ဟု သိရသည်။

‘ကျွန်တော်တို့ လူရွှင်တော်တွေရဲ့ ဘဝက အရမ်းကိုကြမ်းပါတယ်။ အလှူတစ်ခုမှာ သွားဖျော်ဖြေပြီး အိမ်ပြန်ရောက်ရင် ကိုယ့်သားလေးက ကိုယ့်ကို ရှင်ပြုပေးပါလို့ပြောရင် ဆို့သွားရတာပါ၊ ဒီလိုအဖြစ်မျိုးကျွန်တော်တို့လက်ထက်မှာ အဖြစ်မခံနိုင်ပါဘူး ။ဒါကြောင့် ကျွန်တော်တို့ ဒဂုံမြို့သစ်မှာမြေကွက်ဝယ်ပြီး သက်ကြီးလူရွှင်တော်တွေကို ထားဖို့စီစဉ်နေပါတယ် ဟု လူရွှင်တော်ဒိန်းဒေါင်က ပြောကြားခဲ့သည်။

ယခုပွဲ ဝင်ကြေးမှာ သုံးထောင်ကျပ် ဖြစ်ပြီး ပရိတ်သတ် ကွင်းလုံးပြည့်နီးပါးလာရောက်ကြည့်ရှုသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ဦးမောစ့်သည် ရှားရှးပါးပါး လူရွှင်တော်ထဲမှ အကယ်ဒမီကိုရခဲ့ပါသည်။ နောက်တစ်ယောက်မှာ ဦးမိုးဒီ ဖြစ်ပါသည်။
လူရွှင်တော် ဘဝနှင့် အကယ်ဒမီကိုရယူပြီး မကြာမီ ကွယ်လွန်ခဲ့သည်မှာ လည်း သူ၏ ပရိသတ်များအတွက်လွမ်းမပြေနိုင်ဖြစ်ခဲ့ရပါသည်။
မောစ့်သည် အကြမ်း၊ အလွမ်း၊ ဟာသ စွယ်စုံရပညာရှင်တစ်ယောက်ဖြစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts