ကဗျာ ကျော်ဟုန်း

သေခြင်း မကြောက်တရား ဟောတော်မူခန်း

ကျော်ဟုန်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

 

 

ပါဠိတွေ သိစရာမလို
ဘာသာစကားတွေ သိစရာမလို
အနက် သိဖို့ တော့ လိုတယ်၊
အချက် သိဖို့ တော့ လိုမယ်။

 

မင်း …ဘာသာမဲ့နေရင်လဲ ဖြစ်တယ်။
မင်း …ဘုရားမရှိရင်လဲ ဖြစ်တယ်။

 

မင်း …တရား ရှိဖို့ တော့ လိုမယ်။
မင်း …တရား – မတရား
ခွဲခြား သိဖို့  လိုတယ်။

 

အတိမ်အနက် ကိုယ့်ဥာဏ်အလိုက်
ဝေးဝေး မကြည့်နဲ့ ဦး၊
ကိုယ့်ဝန်းကျင် ကိုယ်ကြည့်
ကိုယ့်ကိုယ်ကို ပြန်ကြည့် ။

 

အများအတွက်
နှောင်းနောင် အတွက်
စာနာတတ်ရင်
လုပ်သင့်တာ လုပ်ရင်
ဘယ်ဘုံရောက်ရောက်
ဘယ်ဘ၀ ဖြစ်ဖြစ်
သေမှာ မကြောက်ဘူး။   ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts