သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

နွားနို့ နှင့် အရက်

ဇော်အောင် (မုံရွာ)
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

 

သမ္မတဦးသိန်းစိန်က ဇန္နဝါရီလ ၂၀၁၄ နှစ်သစ်မိန့်ခွန်းတွင် နွားနို့သောက်ကြပါရန်။ အရက်ကို မသောက်ကြရန် ပြောသွားသောအခါ တစ်နိုင်ငံလုံး အသံဖလံများ ဆူညံသွားလေတောသည်။ ကာတွန်းများ၊ သရော်စာများဖြင့် သရော်စာကိုဖတ်မိသောအခါ ကျွန်တော်လည်း အနည်းငယ်ရေးလိုပါသည်။ တကယ်တော့ အချိုရည်၊ ဘီယာ၊ အရက်စက်ရုံများလောက် အမြတ်အစွန်းမြောက်များစွာ မရသော်လည်း နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝသော သမ္မာအာဇီဝ လုပ်ငန်းဖြစ်သည်။ သမ္မတကြီးက အားပေးခြင်းသည် အလွန်ကောင်းသည်။ သို့သော် ထိုလုပ်ငန်းလုပ်သူများ ယိုင်လဲနေခြင်းကို မြန်မာနိုင်ငံတော်အစိုးရက ဘာမှမတတ်နိုင်။ အရက်ဘီယာနှင့်အချိုရည်များကိုသာ စွဲစွဲလမ်းလမ်း သောက်သုံးနေကြသော ကမ္ဘာလောကသားများ ဖြစ်ပေသည်။

 

ကျွန်ုပ်ငယ်စဉ်က ၁၉၈၅ခုလောက်တွင် ပျဉ်းမပင်နို့ချက်စက်ရုံတွင် တိမွေးကုသူငယ်ချင်းများနှင့် အတူ နွားနို့တနိုင်မွေးမြူသူများထံမှ အစိုးရက နွားနို့ဝယ်ယူသည့်လုပ်ငန်းများ၊ နို့ဆီချက်လုပ်ခြင်းလုပ်ငန်းများကို လေ့လာခဲ့ဖူးပါသည်။ အဆင့်နိုမ့်နည်းပညာ စက်ရုံဖြစ်သော်လည်း ယခုအခါ၊ နိုင်ငံတိုင်းတွင် နွားနို့၊ နို့ဆီ၊ နို့မှုန့်လုပ်ငန်းများကို အထူးစက်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။ တရုပ်ပြည်မှ ထုတ်လုပ်သော နို့မှုန့်များကြောင့် ကလေးများစွာ ဝမ်းလျော၊ သေကျေကြသော ဖြစ်ရပ်များကြောင့်  ပိုမိုစည်းကမ်းတင်းကြပ်ပါသည်။ ၂၀၁၁ ဗီယက်နမ်နိုင်ငံ VINAMILK နွားနို့၊ နို့မှုန့်စက်ရုံများကို တည်ဆောက်ခဲ့ဖူးသောကြောင့် နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝ၊ အမြတ်အစွန်းလည်း ကောင်းသောလုပ်ငန်းဖြစ်ကြောင်း လူတိုင်းသိပါသည်။ သို့သော် လူတွေ ဘာကြောင့် အရက်ကိုသောက်ပြီး၊ အရက်ဆိုင်များက စီးပွားပိုကောင်းသနည်း..ဆိုသည့်မေးခွန်းအဖြေမှာ ..အရသာရှိသောကြောင့်.. ဖြစ်ပါသည်။ မူးရစ်ဆေးဝါးဖြစ်သောကြောင့် ထိုအရသာသည် စွဲလမ်းစေပါသည်။ နွားနို့စွဲလမ်းနေသူကို မတွေ့ဖူးပါ။ တနေ့မသောက်ရလဲ ကိစ္စမရှိပါ။၊ ကျွန်ုပ်၏ စက်မှုတက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း စင်ကာပူ F&N အချိုရည်၊ နွားနို့နှင့်ယမကာစက်ရုံကြီး၏ အင်ဂျင်နီယာချုပ် အလုပ် လုပ်ကိုင်နေသူကလည်း မြန်မာပြည်နွားနို့ကုန်ထုတ်လုပ်ငန်းတွင်စိတ်ဝင်စားပါသည်။ ယခင်အပတ် 7Day ဂျာနယ်တွင် ထိုင်းနိုင်ငံ၊ ကြက်ကြော်ရောင်းလုပ်ငန်းလုပ်ကိုင်သူနှင့်အင်တာဗျူးသတင်းရေးထားသည်။ ထိုသူပင် မြန်မာပြည်ပြန်လာရန် မဖြစ်နိုင်သဖြင့် ပညာတတ်များအတွက် ခက်ခဲမည်ဟု ရေးထားသော်လည်း ပညာတတ်လူငယ်များ ပြန်လာနေကြသည်ကို တွေ့ရသည်။ အသေးစားနှင့်အလတ်စား လုပ်ငန်းများကို လက်ဝါးအုပ်မှု ပပျောက်စေရန်၊ Import/Export လက်ဝါးအုပ်စီပွားစနစ်များကို ဖြေလျှော့ပေးရမည် ဖြစ်သည်။

 

တစ်နေ့တွင် မန္တလေးရှိ Myanmar Diary Industry Ltd နွားနို့၊ နို့ဆီ၊ နို့မှုန့် စက်ရုံသို့ နိုင်ငံတော်သမ္မတကြီး ခေတ္တခဏ၊ ၁၅မိနစ်ခန့် လေ့လာရန် ရောက်လာပါသည်။ အစီအစဉ်မရှိသော်လည်း မန္တလေးမြို့တွင် အနောက်နိုင်ငံ၊ ဒိန်းမတ်နည်းပညာများဖြင့် မြန်မာပညာရှင်များ တည်ဆောက်ထားသော စက်ရုံဖြစ်သောကြောင့်၊ စိတ်ဝင်စားရခြင်းဖြစ်သည်။ သမ္မတကြီးက  တော်တော် သဘောကျသွားသည်။  စိတ်ဝင်စားစွာဖြင့် ၂နာရီကြာအောင် လေ့လာ၊ မေးမြန်းသွားသဖြင့် ရန်ကုန်ပြန်မည့် သမ္မတကြီးလေယာဉ်ပင် စောင့်ဆိုင်း နေရသည်။ ပြည်ထောင်စုဝန်ကြီးများ ၁၀ဦးကျော် အတူပါလာပြီး၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စိတ်ဝင်စားစွာ မေးမြန်းလေ့လာသွားသည်။ နိုင်ငံတော်သမ္မတကြီးသည် ကလေးသူငယ်များ အဟာရဖြစ်ရေးအတွက်၊ အနာဂါတ်မြန်မာ့မျိုးဆက်များကို အထူးအားပေးသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက နွားနို့သောက်ပေးခြင်းဖြင့်၊ ကျန်းမာသန်စွမ်းသော လူငယ်များဖြင့် နိုင်ငံတိုးတက်မည်ဟူသော အမြင်ကို အထူးနှစ်ခြိုက်၊ အကောင်ထည်ဖေါ်လိုသည်။ ဟုတ်ပါသည်။ ငယ်စဉ်က နွားနို့သောက်သုံးရသော ကလေးသည် အရွယ်ရောက်လာသောအခါ အခြားသူများထက် သန်စွမ်းမှုအရာတစ်ပန်းသာနေပါသည်။ ကိုယ်ခန္တာနှင့်စိတ်ဓါတ်အင်အား ပိုသန်စွမ်းကြောင်း ဆေးပညာကဆိုသည်။ ကျွန်ုပ်ငယ်စဉ်က မိခင်ဖြစ်သူ မိခင်ကလေးစောင့်ရှောက်ရေးမှာ သူနာပြု၊သားဖွားဆရာမဖြစ်သည်။ မိခင်တို့ ဌာနက ယူနက်စကိုမှာ နို့မှုန့်များစွာကို မုံရွာမြို့ ကျောင်းများစွာသို့ အပတ်စဉ်ပို့ပေးက၊ ကလေးများကို ဖျော်တိုက်သည်။ ဝေငှသည်။ ကျွန်တော်တို့မိသားစုမှာ ထုံးစံအတိုင်း ယူနက်စကိုနို့မှုန့်ကို အမြဲသောက်ရသည်။ ဈေးထံမှနိုင်ငံခြားဖြစ် နှို့မှုန်က ပိုမိုမွှေးကြိုင်၊ ချိုဆိပ်သော်လည်း မဝယ်စားနိုင်ပါ။ ယူနက်စကိုနှို့မှုန့်ကို ထမင်းနှင့်နယ်ပြီးစား၊ ဖျော်သောက်ခဲ့ရသောကြောင့် ကျွန်တော်တို့ မောင်နှမများသည် ပိုမိုကျန်းမာကြခဲ့ပါသည်။  ထို့ကြောင့် ယူနက်စကိုကဲ့သို့ ကလေးများဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ကျောင်းများထိ နွားနို့ဖျော်တိုက်ခြင်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။

 

သမ္မတကြီးက ခေတ္တလာရောက်သော နွားနို့စက်ရုံကြီးသည်၊ ၁၉၉၄ခုနှစ်ကတည်းက စတင်ခဲ့ပြီး အောက်ပါ နွားနို့ထုတ်ကုန်များကို ထုတ်လုပ်ခဲ့သည်။

SWEETEN CONDENSED MILK

– 2000 CARTOONS PER DAY (FROM 100% FRESH MILK)

– 2500 CARTOONS PER DAY (FROM SMP COMBINED PROCESS)

COMBINED EVAPORATED MILK

– 700 CARTOONS PER DAY (RETORT STERILIZATION PROCESS)

– 1200 CARTOONS PER DAY (UHT STERILIZATION PROCESS)

UHT/PASTUERIZED MILK & FLAVOURED MILK

ICE CREAM

MILK POWDERS

– 1500 KG PER DAY (MEANT FOR DEDICATED POWDER)

– 8000 KG PER DAY (GENERAL PURPOSE PLANT)

BUTTER FAT , 1000 KG PER DAY

 

အဆိုပါစက်ရုံသည် စီးပွားရေးအောင်မြင်ခဲ့ပြီး မြန်မာပြည်တွင်းထုတ်၊ အရည်အသွေးမြင့် နွားနို့စက်ရုံဖြစ်လာသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်များတွင် စက်ရုံ (၃)ခုဖြင့် လည်ပတ်၊ ကုန်ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ၂၀၁၁ မြန်မာအစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း၊ အသေးစား၊ အလတ်စား စက်ရုံများ ကုန်ထုတ်လုပ်စရိတ် မတတ်နိုင်ခြင်း၊ ပြည်ပမှ ဝင်ရောက်လာသော နွားနို့ထွက်ကုန်များကို လုံးဝမယှဉ်နိုင်ခြင်းကြောင့် စီးပွားပျက်ခဲ့ရသည်။ စက်ရုံအချို့ကို လုပ်ငန်းလျှော့ချလိုက်ရသည်။

 

သမ္မတကြီးကလည်း နွားနို့လုပ်ငန်း၊ ဒိန်ခဲ၊ နို့မှုန့် စသည်တို့တွင် နာမည်ကြီးသော ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး နိုင်ငံများမှ ကုမ္ပဏီများ၊ နယူးဇီလန်၊ သြစတြေးလျှားတို့မှ လာရောက်ရင်းနှီးမြှတ်နှံ နွားနို့လုပ်ငန်း ထုတ်လုပ်ဖို့ ဖိတ်ခေါ်သောကြောင့် ကုမ္ပဏီးကြီးများ လာရောက်အခြေအနေကြည့်ပြီး ပြန်သွားကြသည်။ မလုပ်နိုင်သေးပါ။

 

ပြည်တွင်း နွားနို့၊ နို့ချက်စက်ရုံလေးများကို အားကိုးရုံသာရှိသည်။  သမ္မတကြီးစိတ်ဝင်စားသော မြန်မာ့အနာဂတ် လူသားအရင်းမြစ် ကျန်းမာကြံ့ခိုင်ရေး စီမံကိန်းဖြစ်သောကြောင့် အားလုံးက စိတ်ဝင်စားစွာ လေ့လာကြသည်။ နောက်ပိုင်း Follow up နောက်ဆက်တွဲ တာဝန်ပေးချက်များဖြင့် ဝန်ကြီးများက အဖွဲ့များဖြင့်၊ ထိုကဲ့သို့ စက်ရုံများ မြန်မာပြည်တွင် ရေရှည် ပြည်တွင်းနည်းပညာဖြင့်လုပ်ကိုင်နိုင်ဖို့ စက်ရုံသို့ လာရောက်၊ နည်းနာခံယူကြသည်။ ဝန်ကြီးများ သိလိုသည်များကို လုပ်ပေး၊ ဆောင်ရွက်ပေးရသည်မှာ စရိတ်ထောင်းသည်။ အစိုးရက ထောက်ပံ့ငွေ၊ ဈေးကွက်များကို မရပဲ၊ အစိုးရဝန်ကြီးများ နာလည်ချင်ဇောနှင့် လေ့လာမှုမှာ အားရစရာကောင်းလှသည်။ လအနည်းငယ် ကြာသွားသောအခါ ဝန်ကြီးများ မလာနိုင်တော့။ ထုံးစံအတိုင်း အေးသွားသည်။ စက်ရုံမှာလည်း နိုင်ငံခြားမှ ဝင်လာသော ဒိန်းမတ်၊ နယူးဇီလန်၊ သြစတြေးလျှားမှ ဝင်လာသည့် အခွန်မဲ့၊ နွားနို့၊ နို့ဆီ၊ နို့မှုန့်များကို ဘယ်လိုမှ မယှဉ်နိုင်ပါ။ များများလည်ပတ်လျှင် များများရှုံးမည်ဖြစ်သောကြောင့် အသက်ငင်ပြီး၊ လည်တယ်ဆိုရုံလောက်သာ လည်ပတ်နိုင်တော့သည်။ မြန်မာအစိုးရ ပြည်တွင်းကုန်ထုတ်မှု အားပေးသော သွင်းကုန်အခွန်စနစ် မှန်ကန်စွာကျင့်သုံးလာနေသောကြောင့် မကြာမီ စီးပွားကောင်းလာတော့မည်ဖြစ်သည်။

 

စက်ရုံလည်ပတ်ရာတွင် နွားနို့ကုန်ကြမ်းတစ်ခုတည်း အရင်းနှီးမဟုတ်ပါ။ ပစ္စည်းရောင်းရဖို့က ပိုပြီးအရေးကြီးပါသည်။ ပြည်တွင်းပညာရှင်များနှင့် တပ်ဆင်ထားသော စက်ရုံဆိုသော်လည်း နွားနို့စက်ရုံအတွက် သံမဏီထည်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်မိုတာ၊ UHT, Pasteurize, Condense, Packing, Bottle စက်နှင့်အပိုပစ္စည်းအများစုမှာ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရသည်။ အရေးကြီးဆုံး ဝယ်လိုအား ပြည်တွင်းစားသုံးသူများ မဝယ်တော့ခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများကလည်း ဒိန်းမတ်၊ နယူးဇီလန်မှာ နွားနို့၊ နို့ဆီ၊ နို့မှုန့်များက ပိုပြီးဈေးချိုသောအခါ ပြည်တွင်းဖြစ်ကို အားပေးချင်သော်လည်း ပြည်တွင်းဖြစ်ကို ဘိုင်ဘိုင် လုပ်လိုက်ရသည်။ နို့မှုန့်သည် နိုင်ငံခြားအရက်၊ ဆေးလိပ်ကဲ့သို့ ကန့်သတ်သတ်ကုန်ဖြစ်သည်။ တင်သွင်းရန် လိုင်စင်လိုသည်။ သို့သော် မြန်မာပြည် ကျေးရွာအနှံ့ကုန်စုံဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဆေးလိပ်များကို တွေ့နိုင်သော်လည်း၊ ပုပ်သိုးသွားနိုင်သော နွားနို့စက္ကူပါကင်ဗူး အကြီးအငယ်များ၊ နို့ဆီ၊ နို့မှုန့်များ နေရာတကာ ရောက်နေခြင်းမှာ၊ ပြည်တွင်းနွားနို့ကုန်ထုတ်၊ စက်မှုလုပ်ငန်းကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။

 

ကုန်ကျစရိတ်များတွင် နိုင်ငံခြားမှ ကုန်ကြမ်းဓါတုပစ္စည်းများ၊ စက်အပိုပစ္စည်းများ ဈေးကြီးလာခြင်း၊ လျှပ်စစ်နှင့်လောင်စာဆီများ ဈေးကြီခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော်လည်း၊ အခွန်မဲ့နီးပါး ဝင်ရောက်လာသော နိုင်ငံခြားနွားနို့ထုတ်ကုန်များကို မယှဉ်နိုင်ခြင်းသည် အဓိကဖြစ်လေတော့သည်။

 

နွားနို့ထုတ်လုပ်မှုအတွက် ဆွေးနွေးမည့်အချက်များတွင်

 

၁။ ဘာကြောင့်ဝယ်မသောက်ကြသလဲ

၂။ နွားနို့ကို လူတွေသောက်ချင်ကြပါသည်။

၃။ နွားနို့လုပ်ငန်း ဘာကြောင့်မလုပ်ကြပါသလဲ။

၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်ပါသလား ဟူသော ကဏ္ဍများဖြင့် စဉ်းစားမိပါသည်။

 

၁။ ဘာကြောင့်နွားနို့ဝယ်မသောက်သနည်း.. မေးခွန်းမှာ မြန်မာများအတွက် ရှင်းနေပါသည်။ ဈေးမတတ်နိုင်သည့်အပြင်၊ နွားနို့ကြိုက်သူမြန် မာများ နည်းပါးလှသည်။ ကလေးများကတော့ ကြိုက်ကြသော်လည်း မိဘများက ငွေမတတ်နိုင်ပါ။ ကျွန်ုပ်ငယ်စဉ်က မိခင်နို့ရည် သောက်သုံးခဲ့သော ကလေးဖြစ်ပြီး၊ ယူနီဆက်မှ ပေးဝေသော နို့မှုန့်များကို ပုံမှန်ဖျော်သောက်နိုင်ပါသည်။ ကျွန်တော်တို့ မူလတန်းဘဝ ၁၉၇၀၊ ၁၉၈၀ ခုနှစ်လောက်က ယူနီဆက်မှ နွားနို့များစွာ မူလတန်းကျောင်းများတွင် သောက်သုံးခဲ့ရသည်။ ယခုအခါ ထိုကဲ့သို့မရှိတော့ပါ။ အကျင့်ပျက်များလာသောကြောင့် ယူနီဆက်ကလဲ မပေးတော့သလား မသိ။

 

၂။ နွားနို့ကို လူကြီးများမသောက်ကြသော်လည်း၊ မိမိ သားသမီးများကို တိုက်ကျွေးချင်ပါသည်။ အသက်၁၀နှစ်ပတ်ဝန်းကျင် မြန်မာက လေးများကို မေးကြည့်ပါ။ အားလုံးနွားနို့ကြိုက်ပါသည်။ မိဘချမ်းသာသော ကလေးများက ချေးများပြီး၊ မသောက်ချင်တာ ချွင်းချက်ဖြစ်သည်။ နွားနို့သောက်ချင်ရခြင်းမှာ နွားနို့သည် ဈေးကြီးသောကြောင့်၊ လူတိုင်းမသောက်နိုင်ပါ။ နွားနို့သည် လူဆင်းရဲသားများအတွက် မတတ်နိုင်သောအစားအစာ ဖြစ်သောကြောင့်၊ ကလေးများ နွားနို့သောက်ချင်ပါသည်။ လူကြီးများလည်း နေမကောင်းချိန်၊ နလံထချိန် နွားနို့သောက်သည်။

 

၃။ နွားနို့လုပ်ငန်းကို လူတွေမလုပ်ကြခြင်းမှာ နွားမွေးမြူခြင်းသည် ရင်းနှီးမှုကြီးပါသည်။ ကရိကထလည်း များသောကြောင့်ဖြစ်သည်။ နွားမမွေးပြီး နွားနို့ညစ်ရောင်းခြင်းသည် တောရွာများတွင် စီးပွားရေးမဟုတ်ပဲ၊ လယ်သမားများ၏ ခိုင်းနွားအမများ သားမွေးသောအခါ အပိုဝင်ငွေတစ်ခု ဖြစ်လာသည်။ နို့စားနွားမ မွေးမှ အမြတ်အစွန်းရမည်ဖြစ်သည်။

 

၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်သော်လည်း၊ လယ်ယာလုပ်ငန်းတွင် ဆန်စပါးစိုက်ပျိုးခြင်းကိုပင် အစိုးရက ပံ့ပိုးမပေးနိုင်သေး ပါ။ ကျေးရွာများတွင် နွားမွေးနိုင်သူများကို ငွေချေး၊ နွားပေး၊ နို့စားနွားမ နွားနို့လုပ်ငန်း လုပ်ကိုင်စေပါက လူတိုင်းလုပ်မည် ဖြစ်သည်။ ဥပမာ .. နွားနို့စက်ရုံတစ်ခု တည်ဆောက်ပြီးပါက ကုမ္ပဏီသည် အနီးနား၊ ကျေးရွာများတွင် နွားမွေးမြူအောင် ပံ့ပိုး၊ ငွေချေး၊ လုပ်ငန်းမတည်ပေးရ တော့မည်ဖြစ်သည်။ သို့မှသာ ကုန်ကြမ်း နွားနို့ရရှိမည်။ နွားမွေးသူများအဖို့လည်း နွားနို့ဝယ်မည့်သူ အဆင်သင့်ရှိနေသောကြောင့် ပိုမိအဆင် ပြေမည်ဖြစ်သည်။

 

ထိုမျှကောင်းမွန်သော လုပ်ငန်းဖြစ်သော်လည်း တနိုင်လုပ်ငန်းလည်း မလုပ်နိုင်၊ စက်ရုံအဖြစ်လဲ မလုပ်နိုင်၊ အရက်နှင့်ဆေးလိပ်လုပ်ငန်းများသာ တစ်နိုင်လုပ်ငန်း၊ စက်ရုံလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်နေကြပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှတ်နှံမှု ကော်မရှင်က လိုင်စင်ချပေးလိုက်သော ပြည်ပရင်းနှီးမြှတ်နှံမှုများတွင် နွားနို့၊ နို့ဆီ စက်ရုံ ရင်းနှီးမြှတ်နှံမှု ရှိမည်မထင်ပါ။ အရက်၊ဘီယာနှင့်ဆေးလိပ်စက်ရုံ မြောက်များစွာ လိုင်စင်ချပေးလိုက်သောကြောင့် ရင်းနှီးမြှတ်နှံကော်မရှင်ကိုပင် အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ရရှာသည်။ မဟုတ်တာ အတောမသတ် ဆက်ကာ၊ ဆက်ကာလုပ်နေသူများကို လိုက်တားဆီးနေရခြင်းကလည်း အစိုးရသစ်အတွက် အလုပ်ကြီးတခု ဖြစ်နေသည်။

 

ထိုသို့ ကျယ်ပြန့်လာသည့် ဒီဘိတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်၍ ကျမ်းပြု ပညာရှင်ဖြစ်သူ ဆရာမူးရစ်ညွန့်(ကောက်ညှင်းမြေ) ဆွေးမြေ့စွာ “လူသားဆန်မှုနဲ့ ကိုယ်ချင်းစာတရားကို ဟောဒီမြန်မာနိုင်ငံမှာ ကျွန်တော် ဘယ်တော့မှ မရှာဖွေတော့ဘူး” ဟု ပြောကြားခဲ့သည်။ ကျွန်တော်က အရက်လည်းမသောက်ရန်၊ နွားနို့သောက်ရန်ကို ထောက်ခံရေးသားပါသည်။ အားမလျှော့ပါ။ မိထ္ထီလာ၊ပျော်ဘွယ်၊ ပျဉ်းမပင် စသည့်ဒေသများစွာမှ မလိုင်မုန့်လုပ်ငန်း၊  ပြည်တွင်းမှ လဘက်ရည်ဆိုင်များအတွက် ဒေသချက်နို့ဆီများကတော့ ဆက်လက်ရှင်သန်နေဦးမည်။ မကြာမီ အခွန်ကောက်ခြင်း စနစ်ကောင်းများကြောင့် ပြည်ပမှ ပြည်တွင်းအရည်သွေးကို မမှီသော နွားနို့ထုတ်ကုန်များ တင်သွင်းမှုရပ်သွားမည်။ လယ်ယာထွက်ကုန်စက်မှုလုပ်ငန်း စက်ပစ္စည်းများ အခွန်မဲ့၊ လွယ်ကူစွာတင်သွင်းခွင့်ရလာမည့်နေ့သည် သိပ်မဝေးတော့ပါ။ ပြည်တွင်လယ်ယာ ကုန်ချော၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ပေါ်လာတော့မည်ဟု မျှော်လင့်နေပါသည်။  လက်ရှိအခြေအနေတွင် အသက်ငင်နေသော ပုဂ္ဂလိကစက်ရုံ အသေး၊ အလတ်များစွာ ခက်ခဲစွာ ဆက်လက်လည်ပတ်နေပါဦးမည်။  လယ်ယာ ကုန်ထုတ်လုပ်ငန်းများကို  တရုပ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများကဲ့သို့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများက ထောက်ပံ့ငွေပေးရန် မျှော်လင့်နေဆဲ ဖြစ်သည်။

 

ထို့ကြောင့် မြန်မာအနာဂါတ် ကလေးများအဟာရ ဖြည့်ဆည်းလိုပါက။ အလှုရှင်များ ကိုယ်တိုင် နို့မှုန်ဖျော်ပြီး ကျောင်းများရှိကလေးသူငယ်များကို အလှုဒါန၊ တိုက်ကျွေးခြင်းသည် ခေတ်စားနေပါသည်။ လက်ရှိအချိန်တွင် မြန်မာ့အစိုးရကလည်း စာသင်ကျောင်းများကို ယူနက်စကိုမှ နွားနို့များ ဈေးနှုန်းချိုသာစွာ (အခမဲ့ဖြစ်စေ) ကြိုးစားရယူပြီး၊ ဆရာမများကိုယ်တိုင် ဖျော်တိုက်ကျွေးခြင်းနည်းလမ်းသာ အကောင်းဆုံးဖြစ်ပါတော့သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “နွားနို့ နှင့် အရက်
  1. The president should know that Myanmar people have no money to buy milk for daily diet. The cost of one bottle of milk is equivalent to one bowl of bean curry for a family of four.
    Every body understands that milk is good for health.

    Ma Hnin Zi

Comments are closed.