သတင်းပဒေသာ

PEN မြန်မာက ဟောပြောပွဲများစွက်ဖက်တားဆီးခြင်းကို ကန့်ကွက်ပြီ

PEN မြန်မာက ဟောပြောပွဲများစွက်ဖက်တားဆီးခြင်းကို ကန့်ကွက်ပြီ

မိုးမခအထောက်တော် ၀၀၁၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

          ဖေဖော်ဝါရီ ၁၅၊ စနေနေ့၊ မန္တလေး မျက်ပါးရပ် စာပေဟောပြောပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြအေးကို စာပေဟောပြောခွင့်မရအောင် ကန့်ကွက်ခြင်း၊ ဖေဖော်ဝါရီ ၁၁၊ အင်္ဂါနေ့၊ ရန်ကုန် မြောက်ဥက္ကလာပ၊ စာပေဟောပြောပွဲမှာ ကိုမြအေးနှင့် အင်န်အယ်ဒီပါတီက ရှေ့နေဦးကိုနီ တို့ကို ဟောပြောခွင့် တားမြစ်ခြင်း သတင်းများထွက်ပေါ်လာပြီးနောက် မြန်မာပြည်ရှိ PEN (Myanmar) အဖွဲ့က အဆိုပါလုပ်ရပ်များကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။ သင်ကန်းများဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်အချို့က အဆိုပါစာပေဟောပြောမည့် ဧည့်သည်များအား ဘာသာခြားများဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ခြိမ်းခြောက်တားမြစ်ခဲ့သည်ဟု သတင်းများက ဆိုသည်။ လူတိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးပိတ်ပင်သည့်အတွက် အဆိုပါအပြုအမူကို ကန့်ကွက်ကြောင်း PEN Myanmar စာပေ အနုပညာအသင်းက ထုတ်ပြန်လိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts