Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

အဆိုတော်များ၏ ပူဇော်ကန်တော့ပွဲ ရန်ကုန်တွင် ကျင်းပ

 
အဆိုတော်များ၏ ပူဇော်ကန်တော့ပွဲ ရန်ကုန်တွင် ကျင်းပ

ရန်နောင် (ဗိုလ်တထောင်)

ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ၏ စတုတ္တအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို တနင်္လာနေ့ နေ့လယ်က  ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးတွင် ကျင်းပရာ ဂီတလောကသား အများအပြား တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အစည်းအရုံးဥက္ကဌ ဦးတင်ဦးလေးက ကျေးဇူးတင်စကားပြောကြားရာတွင် ပူဇော်ထိုက်သူများကို ပူဇော်ခွင့်ရရှိသည့်အတွက် ဂုဏ်ယူပါကြောင်း၊  အသက်  ၉၆ နှစ်အရွယ် ဂီတပညာရှင်တစ်ဦးကို  သန်သန်မာမာနှင့်ဒီပွဲကိုတက်ရောက်လာသည်ကိုလည်း တွေ့ရ၍ ဝမ်းသာပါကြောင်း၊  တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲတွင်ကန်တော့ခံသက်ကြီးပညာရှင်ပေါင်း ၅၆ ဦး အထိ ရှိခဲ့ကြောင်း၊ ကွယ်လွန်ခဲ့သော ဂီတပညာရှင်များကတော့ရှစ်ဦးရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ၁၈ ဦးထပ်တိုးပြီး ၆၇ဦးအထိရှိကြောင်း၊ ယခုကဲ့သို့ကန်တော့ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားခဲ့သည်။

ထို့နောက် ကန်တော့ခံ သက်ကြီးပညာရှင်များနှင့် တက်ရောက်လာသောပရိတ်သတ်ကို မိတ်ဆက်ပေးခြင်း၊ အခမ်းအနားမှူး ဦးသက်ဆွေတိုင်ပေးသော ကန်တော့ချိုးဖြင့် ညီညာဖြဖြကန်တော့ခြင်း အစီအစဉ်များကို ဆက်တိုက် ပြုလုပ်ခဲ့သည်။

လှူဖွယ်ပစ္စည်းများ၊ ငွေသားများဖြင့် ကိုယ်တိုင်ကိုယ်ကျလှူဒါန်းသွားသူများထဲတွင်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးလည်း ပါဝင်သည်ကို တွေ့ရသည်။

ကန်တော့ခံ ဂီတပညာရှင်ကြီးများကိုယ်စား ဒေါက်တာစည်သူဗိုလ်ကလေးတင့်အောင်က ကျေးဇူးတင်သြဝါဒစကားမြွက်ကြွားခဲ့သည်။

သက်ကြီးပူဇော်ပွဲသို့ တက်ရောက်သော လူငယ်ပိုင်းတွင်   သားစိုး၊ ဟေမာနေဝင်း၊ ရှင်ဖုန်း တို့  ပါဝင်ပြီး လူကြီးပိုင်းအဆိုတော်များထဲတွင် ဒေါ်တင်တင်မြ၊ ဒေါ်မာမာအေး၊ ဒေါ်ထား၊ ဒေါ်ချိုပြုံး စသူတို့ ပါဝင်သည်။

ယနေ့အခမ်းအနားတွင် ကန်တော့ခံ သက်ကြီးဂီတပညာရှင် ၆၇ ဦးအနက်  ၅၃ ဦးသာ တက်ရောက်နိုင်ခဲ့သည်။

ပညာရှင်ကြီးများအား တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနီးပါး နှင့်  အခြားသောလှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အဆိုတော်များ၏ ပူဇော်ကန်တော့ပွဲ ရန်ကုန်တွင် ကျင်းပ
  1. ဓာတ်ပုံတွေကြည်.ရတာနဲ.ဘဲ သာဓုခေါ်ပါတယ်သာဓု သာဓု သာဓု

Comments are closed.