ကဗျာ

ရဲရဲ မိုးမခ ရဲရဲ

နိုင်ဦးညို (ဖိုးဇီးရိုး)
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄

 

 

မိုးမခရေ
ရဲရဲ မတ်ပါ
ရဲရဲ ရပ်ပါ၊

 

ခင်ဗျားဟာ ၁၁ နှစ်လုံးလုံး
ခေါင်းမော့ ရင်ကော့ကာ နေခဲ့တယ်၊

 

အခု ဖွင့်ထားတယ်ဆိုတဲ့ တံခါးကို
ဖြတ်သန်းဝင်ရောက်ဖို့
ခင်ဗျား မောင်းတင်လို့ နေတယ်၊

 

အဲဒီ ဖွင့်ထားတဲ့ တံခါးမှာလည်း
အလိုအလျှောက် အဖွင့်အပိတ်
အော်တိုမက်တစ်စနစ်တွေ တတ်ဆင်ထားရဲ့
တံခါးစောင့်တွေရဲ့ လက်ထဲမှာလည်း
မောင်းတင်ထားတဲ့လက်နက်အပြည့် ကျည်အပြည့်နဲ့၊

 

ဘယ်လိုဘဲဖြစ်ဖြစ်
ခေါင်းငုံ့တော့ ဝင်စရာမလိုပါဘူး
ခင်ဗျားမှာလည်း မှင်အပြည့်နဲ့
ချွန်မြတဲ့ကလောင်သွားတွေ အပြည့်နဲ့ပါ၊

 

ရဲရဲတောက်
ရဲရဲလျှောက်
ရဲရဲရောက်အောင်
ရှေ့သို့များများမြန်မြန်
လှမ်းနိုင်ပါစေ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရဲရဲ မိုးမခ ရဲရဲ
  1. ဘယ်လိုဘဲဖြစ်ဖြစ်
    ခေါင်းငုံ့တော့ ဝင်စရာမလိုပါဘူး
    ခင်ဗျားမှာလည်း မှင်အပြည့်နဲ့
    ချွန်မြတဲ့ကလောင်သွားတွေ အပြည့်နဲ့ပါ၊

Comments are closed.