သားကြီးမောင်ဇေယျ ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

Dvb ရယ်၊ ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရယ် (Thargyi Maung Zeya)

Dvb ရယ်၊ ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရယ်

သားကြီးမောင်ဇေယျ၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄

၂၀၁၄ ၊ ဖေဖ၀ါရီ၊ ၅ ရက်။

ဒီနေ့မနက်မှာတော့ လွှတ်တော်မှာ ဘာသတင်းမှ ထူးထူးခြားခြား မရှိဘူးလို့ခန့်မှန်းပြီး လွှတ်တော်အမတ်တွေ တည်းတဲ့ စည်ပင်ဧည့်ရိပ်သာ ကို ခပ်စောစောကလေး ထွက်လာပါတယ်။ လွှတ်တော်အမတ်တွေဆီက သတင်းကလေး၊ အင်တာဗျူးကလေး ရလိုရငြားပေါ့။

မြန်အောင်လွှတ်တော်ကိုယ်စားလှယ် ဦးမြင်အောင်နဲ့တွေ့ပါတယ်။ သူက ကျွတ်ကျွတ်အိပ် အမဲကြီးနဲ့ ထုတ်ထားတဲ့ လယ်ယာမြေအသိမ်းခံ လယ်သမားတွေက တိုင်ကြားထားတဲ့ တိုင်စာတွေထုတ်ပြပါတယ်။ ကျနော့်စိတ်ထဲမှာတော့ ပေါက်ကွဲတော့မယ် ယမ်းထုတ်ကြီး ကိုထုတ်လာတယ်လို့ ခံစားလိုက်ရပါတယ်။ အထူးသဖြင့် တိုက်ကြီးမြို့နယ်က အသိမ်းခံ လယ်မြေတွေရဲ့ မြေပုံကိုထုတ်ပြလိုက်တော့ ကျနော်မအံ့သြပဲ မနေနိုင်တော့ပါ။ အရင်သစ်တောကြိုးဝိုင်း ရှိစဉ်ကဓါးမဦးချ လုပ်ကိုင်ခဲ့တဲ့ လယ်သမားတွေရဲ့ လယ်မြေတွေ ကို အာဏာပိုင် အသစ်အဟောင်းတွေနဲ့ အာဏာပိုင် တပါတ်နွမ်းတွေ က မောင်ပိုင်စီးထားတာတွေ့ရပါတယ်။ အစိုးရက သစ်တောမြေတွေကို လယ်ယာလုပ်ကိုင်ခွင့် ချပေးလိုက်တော့ အဲဒီမြေပေါ်မှာ ဓါးမဦးချလုပ်ကိုင်နေသူတွေ လယ်ယာလုပ်ကိုင်ခွင့်မရပဲ မိုးကျရွှေကိုယ် တွေ ဖြစ်တဲ့ အာဏာလက်ရှိသူတွေ အာဏာတပါတ်နွမ်းတွေ စစ်ဗိုလ်ချုပ်ကြီးတွေ၊ က တယောက်ကို ဧက ၁၀၀ လောက်ကို အပိုင်စီးထားလိုက်ပြီ။

အဲဒါနဲ့ မြန်အောင်လွှတ်တော်ကိုယ်စားလှယ်ရဲ့ ရုပ်သံကိုရိုက်ကူးခဲ့ပါတယ်။ လယ်သမားတွေရဲ့လက်ရှိအခက်အခဲတွေကို သမတကြီးရဲ့ ဆင်းရဲနွမ်းပါးတိုက်ဖျက်ရေး စီမံကိန်းနဲ့ ဆက်စပ်ပြောခဲ့တာတွေပါ။

လွှတ်တော်ကိုယ်စားလယ် ကိုမင်းသူနဲ့တွေတော့လဲ မနေ့ညနေက က  ကိုမင်းကိုနိုင် ၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီတို့နဲ့ဒေါ်အောင်စုကြည် တို့လွှတ်တော်ကိုယ်စားလှယ်  ဖြိုးဇေယျာသော်အခန်းမှာတွေ့တဲ့ အကြောင်းနဲ့ နောင်လာမယ့် နိုင်ငံရေး အခြေအနေတွေနဲ့ပါတ်သက်လို့ စပ်မိစပ်ရာပြောဖြစ်ကြပါသေးတယ်။

နောက်ထပ် ဘာသတင်းတွေရနိုင်ဦးမလဲ။

ဘာပဲဖြစ်ဖြစ် လွှတ်တော်က  အမတ်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အမြင်သဘောထား တွေကိုဆက်ယူဖို့ ဆုံးဖြတ်လိုက်ပြီး ကျနော်တို့လွှတ်တော်ကို ဆက်လက်ချီတက်ကြပါတယ်။

ကျနော်ရယ်၊ ဦးကျော်သက်မင်းရယ်၊ ဦးလွင်မှိုင်းရယ်။

နေပြည်တော်ရောက် dvb သတင်းထောက် သုံးယောက်။

ရည်ရွယ်ချက်ကတော့

လွတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒဟာ သူ့မဲဆန္ဒနယ်က ပြည်သူတွေရဲ့သဘောထား နဲ့ တူညီရဲ့လား။ အဲဒီမေးခွန်းကို အဖြေထုတ်နိုင်အောင်လို့ပါ။

မနက် ၉ နာရီထိုးနေပါပြီ။

ခါတိုင်းလိုပဲ ဂိတ် နံပါတ် (၁) မှာ မီဒီယာကိုကြိုတဲ့ ဖယ်ရီနဲ့ ပြည်ထောင်စုလွှတ်တော် ကိုသွားခဲ့ပါတယ်။

လွှတ်တော်ဂိတ်နဲ့ ပြည်ထောင်စုလွှတ်တော်ဟာ မနိုင်းကောင်း နှိုင်းကောင်း အင်းစိန်ထောင် မိန်ဂျေး နဲ့ ဘူးဝ အကွာအဝေး ရဲ့ သုံးဆလောက်ရှိမယ်ထင်ပါတယ်။

ကျနော်တို့ လွှတ်တော်ထဲရောက်တော့ ၂၀၀၈ ခုဥပဒေ ပြင်ဆင်ရေး ပါတ်သက်တဲ့ မှတ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ် ဆီက လိုက်လံတောင်းခံပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုတာမဟုတ်ပါလား။

ဟော ဟို ခတ်လှမ်းလှမ်းမှာ မီဒီယာတွေတရုန်းရုံန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အင်တာဗျူးနေတယ်။

 စပ်စုလိုက်ဦးမှ။

ကျနော်အနားရောက်တော့

‘ ဒီဟာကိုတာဝန်ယူရမှာ dvb ပဲဖြစ်တယ်လို့ ဦးရွှေအောင်က ကျနော်ကိုပြောသွားတယ် x xx ‘

ပြောတဲ့သူက ဘယ်သူပါလိမ့်။

သြော် . . . ဘူးလက် (bullet)လှဆွေလို့ မီဒီယာတွေက ခေါ်လေ့ရှိတဲ့  မကွေးတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ် ( ၁၂ ) က လွှတ်တော်ကိုယ်စားလှယ်ကြီးပါ။

မနေ့က ကျနော်တို့တင်လိုက်တဲ့ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် နဲ့ dvb အင်တာဗျူး ကို  မှတ်ချက်ပေးနေတာပါ။ သူ့လေ သူ့ဟန်က အားတက်သရောရှိလှပါတယ်။ တက်တက်ကြွကြွနဲ့ပါ။

‘ ဦးရွှေမောင်က ပြောသေးတယ် သတ္တိရှိရင် ဗီဒီယိုဖိုင်ကိုဖွင့်လိုက်ပါ၊ အဲဒီလိုမျိုး ဖြတ်ညှပ်ကပ်ကလေးတော့မလုပ်ပါနဲ့တဲ့ ‘

ဦးလှဆွေက ဟန်တွေ မာန်တွေ အပြည့်နဲ့ ဆက်ပြောလိုက်ပါတယ်။

ကျနော်သိလိုက်ပါပြီ၊ မနေ့ကကျနော်တို့တင်လိုက်တဲ့သတင်းဟာ လူပ်ခတ်နေ ပြီ။

ကျနော်တို့ မနေ့က ဘာသတင်းတွေတင်လိုက်မိပါသလဲ။

ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် က မောင်းတောနဲ့ ၅ မိုင်အကွာက ဒူးချီယားတန်းရွာမီးလောင်မှုနဲ့ပါတ်သက်ပြီး ရဲတွေက မီးရှို့တာလို့ စွပ်စွဲလိုက်တဲ့ သတင်း ပါ။ ဒေါ်ခင်ရူပါတင်ဆက်ထားတာပါ။

အဲဒီသတင်းနဲ့ ပါတ်သက်လို့ ဦးရွှေမောင်ကို ပြည်ထဲရေးကခေါ်စစ်တယ် ဆိုတဲ့ သတင်းတွေ အင်တာနက်မှာ ပျံနှံနေတာ လူအတော်များများသတိထားလိုက်မိကြပါတယ်။

နေ့လည် လွှတ်တော် နားချိန်မှာတော့ ဦးရွှေမောင် နားမှာ မီဒီယာတွေ ၀ိုင်းအုံနေတာကိုတွေ့ရပါတယ်။

ဦးရွှေမောင်က ‘ dvb က တည်းဖြတ်ထားတာကိုပြတာဖြစ်လို့ ဥပဒေကြောင်းအရ သက်သေခံမ၀င်ဘူး ဘာပဲဖြစ်ဖြစ် သက်သေခံမ၀င်ရင်လဲ ကိုးကားလို့ရအောင် dvb သတင်းဋ္ဌာနကို အပြည့်အစုံတောင်းလိုက်မယ် x x x ‘

ပြသနာက ကျနော်တို့ ခေါင်းပေါ်ရောက်နေပါပြီ။

ကျနော် dvb သတင်းထောက် ဦးကျော်သက်မင်းနဲ့ တိုင်ပင်ပါတယ်။

‘သတင်းဆိုရင်တော့ သတင်းပုံစံဖြစ်အောင် တည်းဖြတ်ရတာတွေပါမှာပဲ ၊ ခင်ဗျား သတင်းရုပ်သံ မှတ်တမ်း လုပ်ပြီး ရထားတဲ့ ဖိုင် ကိုမတည်းဖြတ်ပဲ လုပ်လိုက်ပါ’

ကျနော့်ခေါင်းပေါ်ရောက်လာပြန်တယ်။ ကဲ မထူးတော့ပါဘူး သတင်းရုပ်သံမှတ်တမ်း ပုံစံနဲ့ လုပ်လိုက်မယ်။

ကိုလွင်မှိုင်းရေ  ကျနော့် တို့မှာ ရှိတဲ့ ဖိုင်တွေအကုန်သာပေးလိုက်ပါတော့။

ကျနော် dvb သတင်းထောက် ကိုလွင်မှိုင်းဆီက ရိုက်ထားတဲ့ပုံတွေ အားလုံးတောင်းပြီး ရုပ်သံမှတ်တမ်းလုပ်လိုက်ပါတယ်။

ကံကောင်းတယ်လို့ဆိုရမလား မသိ။ ဦးရွှေမောင်နဲ့ အင်တာဗျူးပြီးတာတောင် ကိုလွင်မှိုင်း ကင်မရာမပိတ်မိတော့ ရိုက်ထားတဲ့အထဲမှာ ဦးရွှေမောင်နဲ့ ဦးကျော်သက်မင်းတို့ နောက်ဆုံး လက်ဆွဲ နှုတ်ဆက်တဲ့ အထိပါလာတယ်။

ဦးကျော်သက်မင်းရဲ့ ‘ကျေးဇူးတင်ပါတယ် မနက်ဖန်လည်းစောင့်နေမယ်နော်’

‘ဒီနေ့ဒီဟာကိုလွှင့်မှာလား ကောင်းပါပြီ ‘ ဆိုတဲ့ ဦးရွှေမောင်စကားကလေးလဲ ပါလာပါတယ်။

dvb ကို အလွတ်သဘောပြောတာ မဟုတ်ဘူးဆိုတဲ့ သက်သေကလေးရလိုက်ပါတယ်။

ကိုလွင်မှိုင်းရဲ့ ရိုက်ချက်တွေကိုလည်း အတော်ကလေး ရလိုက်တာဆိုတော့ ကျနော် ရုပ်သံမှတ်တမ်းလုပ်ရတယ် ပိုမိုလွယ်ကူသွားပါတယ်။

ကျနော်တို့နိုင်ငံ တံခါးတွေဖွင့်နေချိန်မှာ

ကျနော်တို့ မျက်စီတွေဖွင့်ထား

ကင်မရာခလုပ်တွေ ဖွင့်ထား

အဲနောက်တခုကျန်ပါသေးတယ်။

ပြေးလမ်းတွေလဲဖွင့်ထား ရပါဦးမယ်။

ကျနော်တိုက တောရိုင်း ထဲမှာ အားအနည်း ဆုံးသတ္တ၀ါကလေးတွေ မဟုတ်ပါလား။

သားကြီးမောင်ဇေယျ

 

 

 

(စာကြွင်းများ – Dvb က full verction ပြသင့်ပါတယ်

Dvb ရယ်၊ ဦးရွှေမောင်ရယ်၊ dvb ပရိသတ်ရယ် ဘာတွေများ နားလည်မှု လွဲမှားနေပါလိမ့်။

ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ သတင်းစာတွေ ၊ ဂျာနယ်တွေမှာ dvb နဲ့ မောင်တောအမတ် သတင်းတွေပါလာပါပြီ။ ကျနော်သတင်းဋ္ဌာန ကိုယ်တိုင် သတင်းဖြစ်နေပါပြီ

Dvb အကြီးတန်သတင်းထောက် ဦးကျော်သက်မင်း နဲ့မောင်တောလွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်တို့ တွေဆုံမေးမြန်းထားတာတွေကို မဖြတ်မတောက်ပဲ ကြည့်လိုက်ရအောင်ပါ။

ဦးရွှေမောင် x x x ဘယ်တောလွှင့်မလဲ

Dvb ပရိတ်သတ်ကြီး ဘယ်လိုများနားလည်သဘောပေါက်ပါ သလဲ ခင်ဗျာ။

ကျနော်ဇေယျပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts