Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ပင်လုံမှသည် ငြိမ်းချမ်းသောပြည်ထောင်စုဆီသို့ ပန်းချီပြပွဲ ကျင်းပ

ပင်လုံမှသည် ငြိမ်းချမ်းသောပြည်ထောင်စုဆီသို့ ပန်းချီပြပွဲ ကျင်းပ

ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄

ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ပြည်ထောင်စုကိုဖြစ် ထွန်းစေသော ပင်လုံစာချုပ်ချုပ်ဆိုခြင်း ( ၆၇ ) နှစ်မြောက် အထိမ်းအမှတ်အဖြစ်
ပန်းချီဆရာစိုင်းလင်းမြတ်၏ ပင်လုံအမှတ်တရ ပန်းချီပြပွဲဖွင့်ပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင်
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ( ၈ ) ရက် နေ့ စနေနေ့ နံနက်  (၁၀ ) နာရီ ၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။

          ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိမ်း ၊ဦးအောင်မင်း ၊
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၊
၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး ၊ဦးကိုကိုကြီး ၊ ကရင်အမျိုးသမီးအဖွဲ့မှ ဒေါ်ဆူဇန်နာလှလှစိုး တို့နှင့်နိုင်ငံရေးပါတီများမှပုဂိုလ်များ ၊လူမှုရေးအသင်းအဖွဲ့များ၊ စိတ်ပါဝင်စားသူများတက်ရောက်ကြသည်။ တက်ရောက်လာသော ဝန်ကြီးများနှင့် ခေါင်းဆောင်များက အမှတ်တရ
စကားများပြောကြားခဲ့သည်။
ပန်းချီဆရာ ကိုစိုင်းလင်းမြတ်မှလည်း ပန်းချီပြပွဲဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
 မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်ကလည်း အမှတ်တရ ငြိမ်းချမ်းရေးစကားပြောကြားခဲ့ပါသည် ။
           ပင်လုံ ပန်းချီပြပွဲတွင် ဦးကိုကိုကြီး အမှတ်တရစကားပြောကြားရာတွင် ” ငြိမ်းချမ်းရေးအတွက် စာရွက်ပေါ်တွင် လက်မှတ်ထိုးခြင်းထက် ယုံကြည်မှုက ပိုအရေးကြီးကြောင်း ” ဟုထည့်သွင်းပြောကြားခဲ့သည် ။
 ဒေါ်ဆူစန်နာလှလှစိုးမှလည်း ” ကျွန်မဒီပုံကိုကြည့်ရင်း အတွေးတစ်ခုရပါတယ် ။အဲဒါကတော့ ပင်လုံစာချုပ်ချုပ်တုန်းကသာ အမျိုးသမီးအနည်းငယ် ပါခဲ့ရင် ငြိမ်းချမ်းရေးပျက်စီးမှာ မဟုတ်ဟုထင်ကြာင်း၊ အမျိုးသမီးများခေါင်းဆောင်မှုကဏ္ဍကိုလည်း စဉ်းစားသင့်ကြောင်း” အမှတ်တရစကားပြောကြားခဲ့သည် ။

            ပန်းချိဆရာ စိုင်းလင်းမြတ်ကို ဦးအောင်ကျော်၊ ဒေါ်ခင်ရီဝင်းတို့မှ တောင်ကြီးမြို့ တွင် ၁၉၇၃ ခုနှစ်၌ မွေးဖွားခဲ့ပါသည်
။ ၂၀၀၂ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၉၇ မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံရပ်ခြားသွားသဘောင်္များပေါ်တွင် ကုန်းပတ် ဒုတိယအရာရှိ အဖြစ်အမှု ထမ်းခဲ့သည် ။ ပန်းချီပညာအား ဦးစိုင်းမျိုးမြတ် နှင့် ဦးဝင်းဖေမြင့်တို့ထံတွင်ပညာသင်ကြားခဲ့သည် ။အုပ်စုလိုက်ပြပွဲများ ကိုးကြိမ်တိုင်ခဲ့ပြီး တစ်ကိုယ်တော်ပြပွဲကို ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်သည် ။
               ပြပွဲအား ဖေဖော်ဝါရီလ ၉ ရက်နေ့ အထိ မနက် ၁၀ နာရီမှ ညနေ  ၆ နာရီအထိ ပြသမည်ဖြစ်သည် ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts