ခိုင်အောင်ကျော် (နယူးယောက်) သူတို့အာဘော်

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ မလေးရှားမှာ လုပ်ကြံခံရရင် (Khaing Aung Kyaw)

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ မလေးရှားမှာ လုပ်ကြံခံရရင်
ခိုင်အောင်ကျော် ( နယူးယောက် ) ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၄

ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ ရတဲ့  ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ဘင်္ဂလီကုလားတွေရဲ့  လုပ်ကြံမှုကို ခံရတယ် ။ ကံကောင်းထောက်မစွာနဲ့  ဒေါက်တာအေးမောင်နဲ့  ရခိုင်ခေါင်းဆောင်အဖွဲ့ များဟာ မှဲ့ တစ်ပေါက်မစွန်းဘဲ သေကံမရောက်သက်မပျောက်-မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ တယ် ။ မြန်မာနိုင်ငံမှာ အခုလို ထင်ရှားတဲ့  နိုင်ငံရေးသမားတွေကို လုပ်ကြံခဲ့ တာနဲ့  ပတ်သက်လို့  တွက်ချက်လိုက်တဲ့ အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇါနည်ခေါင်းဆောင်ကြီးတို့  နိုင်ငံရေးဆွေးနွေးနေစဉ် -၁၉၄၇-ခုနှစ် ဇူလိုင်-၁၉-ရက်နေ့  ဖြစ်ပွားခဲ့ ဖူးတာ တစ်ကြိမ်ရှိခဲ့ တယ် ။ အဲဒီတုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အားလုံးသော ပု၈္ဂိုလ်များဟာ ကျဆုံးခဲ့ ကြရတယ် ။ ခုတစ်ကြိမ် ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံမှာ လုပ်ကြံပစ်ခပ်ခံရတာမို့  တကယ်လို့  ကျဆုံးသွားခဲ့ ရရင် အမဲစက်ကြီးက နှစ်ကြိမ်တိတိရှိရှိနေပြီလို့  မြန်မာ့နိုင်ငံရဲ့ သမိုင်းမှာ မှတ်တမ်းမှတ်ရာအဖြစ် ကျန်ရစ်ခဲ့ မှာဖြစ်တယ် ။

ဗိုလ်ချုပ် အောင်ဆန်းတို့  လုပ်ကြံခံရမှုဟာ နိုင်ငံရေးအာဏာလုပွဲကနေ မြစ်ဖျားခံခဲ့ ရပြီး အဲဒီလိုကျဆုံးသွားခဲ့ ရလို့ ဘဲ ဒီကနေ့  မြန်မာ့နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့ တဲ့  လမ်းစဉ်ကနေ သွေဖီသွားခဲ့ ရတယ်လို့  နိုင်ငံရေးသုံးသပ်သူများက သုံးသပ်ကြတယ် ။ လောလောဆယ် ဖြစ်ပွားခဲ့ တဲ့  ဒေါက်တာအေးမောင်နဲ့  ရခိုင်ခေါင်းဆောင်များကို လုပ်ကြံမှုဟာ နိုင်ငံရေးအာဏာလုမှုအပြင် နယ်ချဲ့ ဘာသာရေးနဲ့  လူမျိုးရေးလွှမ်းခြုံမှုတွေပါ ရောယှက်နေတယ် ။ တကယ်လို့  ဒေါက်တာအေးမောင်တို့ ဟာ ကျဆုံးသွားခဲ့ ရင် ရခိုင်နိုင်ငံရေးဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြီး မြန်မာနိုင်ငံမှာ ကောက်ကျစ်စွာ ပြောင်းလဲသွားလိမ့်မယ်လို့  ထင်မှတ်ထားကြပုံရတယ် ။ ဒါပေမဲ့  လူသတ်သမားများရဲ့  အကြံအစည်ဟာ မထမြောက်ဘဲ ခုဆိုရင် ဘယ်သူတွေရဲ့  လက်ချက်ဖြစ်နိုင်တယ်ဆိုတာ လေ့လာဆန်းစစ်နေကြပြီဖြစ်တယ် ။

ပထမဦးစွာ မလေးရှားက ဖိတ်ကြားသူများကို အနှောင့်အယှက်များ ပေးချင်လွန်းလို့  အခုလို ရခိုင်ခေါင်းဆောင်တွေကို လုပ်ကြံတာလားဆိုတာ ဆန်းစစ်ကြည့်ဖြစ်တယ် ။ အများသိကြတဲ့ အတိုင်းဘဲ မလေးရှား နိုင်ငံမှာ ရခိုင်နှစ်ဖွဲ့  ကွဲပြားနေတာကို လူတိုင်းသိတယ် ။ ကျန်တစ်ဖွဲ့ က အခုလို ရခိုင်ခေါင်းဆောင်များနဲ့  အဆိုတော်တွေကို ဖိတ်ကြားတာကို လုံးဝလက်မခံကြောင်း အင်တာနတ်တွေမှာ နေ့ စဉ်ရက်ဆက် ဖေါ်ပြနေခဲ့ တယ် ။ ဖတ်ရသူကျွန်တော့် အနေဖြင့် အဲဒီဖေါ်ပြရေးသားနေတာကို အများကြီးစက်ဆုပ်ရွံရှာစွာ ရှိနေခဲ့ တယ် ။ ဒါပေမဲ့  အဲဒီရခိုင်အဖွဲ့ ဟာ အခုလို ရခိုင်နိုင်ငံရေးခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်လိမ့်မယ်လို့  မထင်မှတ်ဘူးဆိုတာ ပြောချင်တယ် ။ ကာယကံရှင်ဖြစ်တဲ့ ဖိတ်ကြားသူ ရခိုင်အဖွဲ့ အစည်းကလဲဘဲ ခုလိုလုပ်ကြံသူများဟာ ဘယ်သူဘယ်ဝါ ဆိုတာ ဖြေဆိုပြောကြားနေပြီဖြစ်တယ် ။

ဒုတိယတစ်ချက်က ဘင်္ဂလီကုလားတွေဆီက ရခိုင်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့  ဖြန့် ဝေနေကြတဲ့  အီးမေးလ်တွေကို သူတို့ ရဲ့  ဖေ့်ဘုတ်မှာကော ၀က်ဆိုက်မှာကော တွေ့ မြင်နေကြရတယ် ။ ဒါ့ကြောင့်မို့ လို့  မလေးရှားက ရခိုင်လူမျိုးများနဲ့  အမေရိကပြည်ထောင်စုကို ရောက်နေကြတဲ့  ရခိုင်လူမျိုးတွေပါ ကျွန်တော့်ကို သူတို့ ရရှိထားတဲ့  သတင်းတွေနဲ့  ပါတ်သက်လို့  ဒေါက်တာအေးမောင်တို့ ကို အထူးသတိပေးဖို့  အတန်တန်စိုးရိမ်ကြီးစွာ သတိပေးကြတယ် ။

ကျွန်တော်ဟာ သက်ဆိုင်ရာပုဂ္ဂိုလ်များကို သတိထားပေးဖို့  ပြောဆိုခဲ့ တယ် ။ ဒီလိုနဲ့  ရန်ကုန်ရွှေမြို့ တော်က ထွက်ခွာလာတဲ့  ရခိုင်ခေါင်းဆောင်များအဖွဲ့ ကို ကျွန်တော်တို့ ဟာ ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုရယ်နေကြတယ် ဆိုတာကအစ အားလုံးကို မြင်တွေ့ နေကြခဲ့ တယ် ။ ကြိုတင်စီစဉ်နေတဲ့  လူသတ်သမားတွေဟာ သူတို့ ရဲ့  ပစ်မှတ်ဖြစ်သူ ဒေါက်တာအေးမောင်ကို အကွက်ကျကျ ပစ်သတ်ဖို့  အားလုံးကို သိရှိနေခဲ့ တယ် ။ အင်တာနတ်ခေတ်မှာ ဖေ့စ်ဘုတ်ကသတင်းတွေကို မြင်တွေ့ နေတော့ မခဲယဉ်းကြတဲ့  အနေအထားမှာ ရောက်ရှိခဲ့ ရတယ် ။ ဒါဟာ ပွဲစီစဉ်သူများရဲ့  ချို့ ယွင်းချက်ဖြစ်တယ် ။

နောက်ဆုံးတော့ အခင်းဖြစ်ပွားပြီးချိန်မှာ (ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၄) ည-၁၂-နာရီကျော်လောက် ဆရာတော်ဓမ္မ၀ံသဆီက ကျွန်တော့်ကို အသိပေးတယ် ။ ဆရာတော်ဟာ ရခိုင်ခေါင်းဆောင်များနဲ့  အတူတူ ဟောပြောပွဲမှာ တက်ရောက်ဟောပြောသူဖြစ်တယ် ။ ဘာမှ ထိခိုက်ခြင်း မရှိတဲ့ အတွက် စိတ်အေးသွားရပြီး မနက်ကျမှ သတင်းစုံ ပို့ ပေးပါရန် ဆရာတော်ကို မှာကြားရတယ် ။ မနက်မိုးလင်းတော့ အများသိကြတဲ့ အတိုင်း လုပ်ကြံခံရတဲ့ သတင်းတွေကို ကမ္ဘာတစ်ဝှမ်း သိနေကြပြီ ။ ခက်နေတာက ရခိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့ တဲ့  တာဝန်ရှိသူများလို့  ပြောရမှာလား-ဒါမှမဟုတ် သတင်းကို ထုတ်မပြောချင်လို့  ရှောင်ဖယ်နေသူများနဲ့  ဖိတ်ခေါ်သူများရဲ့  ရုံးဖုံးတွေကို ပိတ်ထားတာနဲ့  ကြုံကြရတယ် ။ ရခိုင်လူမျိုးတွေက စိုးရိမ်လို့  သတင်းမေးတာကို အမှန်မဖြေကြားဘဲ နေကြတဲ့ အတွက် ဆိုးကျိုးတွေ ဖြစ်သွားတာတွေ ရှိလာတယ် ။

အဲဒါကတော့ ဘင်္ဂလီကုလားတွေက သတင်းအမှန်ကို လိမ်တင်ပြီး ရေးသားလာကြတာပါဘဲ ။ ဒေါက်တာအေးမောင်ကို -ALP-စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က လုပ်ကြံသတ်ဖြတ်စေတာ ဆိုပြီး သတင်းအမှားတွေနဲ့  ကမ္ဘာကို လိမ်လည်ဖြန့် ချီနေကြပြီ ။ ရခိုင်ခေါင်းဆောင်များကို ဖိတ်ကြားသူများက အိပ်ကောင်းဆုံးအချိန်မှာ သူတို့ တွေက အဲဒီလို သတင်းအမှားတွေ လုပ်ပြီးကြပြီ ။ ဒီတော့ခါ ဒီလိုသတင်းအမှန်ကနေပြီး သတင်းအမှားနဲ့  ဖေါ်ပြခံရတဲ့  ဘ၀ကို မကြာခဏ ရောက်နေတတ်လို့ ဘဲ နောက်ဆိုရင် အခုလို ဖြစ်ရပ်ကို သင်ခဏ်းစာယူတတိကြဖို့ လိုတယ် ။

ကံအားလျော်စွာဘဲ မြန်မာနိုင်ငံကို ဘေးမသီရန်မခ ရောက်ရှိလာတဲ့  ရခိုင်ခေါင်းဆောင်များကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နဲ့  ၀ီရရဲမင်းဦး -မကွေးဆရာတော် ဦးပါမောက္ခတို့ အပါအ၀င် ရခိုင်လူမျိုးတွေဟာ ရန်ကုန်လေဆိပ်မှာ အကြမ်းဖက်ဝါဒီများ ကျဆုံးပါစေဆိုတဲ့  ပိုစတာကားချပ်တွေ ကိုင်ဆောင်လို့  ကြိုဆိုကြတယ် ။ ၀မ်းသာဝမ်းနည်းမျက်ရည်ကြားက ကြိုဆိုကြရရှာတဲ့  ပရိတ်သတ်ရဲ့  အပေါင်းမှာ ဒေါက်တာအေးမောင်နဲ့  ရခိုင်ခေါင်းဆောင်များဟာ ပင်ပမ်းနွမ်းရိနေတဲ့  ကြားက သူတို့ ရဲ့  ပြည်သူများရှေ့ကို ရောက်ရှိလာတဲ့ အခါ အားဆေးတစ်ခွက် သောက်ရသလို စိတ်ဓါတ်ခွန်အား မြင့်မားခဲ့ ကြတယ် ။

အမေရိကပြည်ထောင်စုရဲ့  သမ္မတဟောင်း ရော်နယ်ရီဂင်ဟာ သေနတ်သမားတစ်ဦးရဲ့  လုပ်ကြံပစ်ခပ်မှုကြောင့် ကျည်ထိမှန်ခဲ့ ရတယ် ။ ကံအားလျော်စွာ အသက်မသေဆုံးဘဲ ကျန်းကျန်းမာမာနဲ့  သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်ခဲ့ တယ် ။ သမ္မတရော်နယ်ရီဂင်ဟာ တစ်ချိန်က ဟော်လီဝုဒ် ရုပ်ရှင်မင်းသား နာမည်ကျော်ဖြစ်တယ် ။ သူက အဲဒီလို သေနတ်ပစ်ခံရလို့  မသေဆုံးသွားရတော့ သူပြောပြတဲ့  အဲဒီနေ့ ဖြစ်ရပ်ကို ရယ်စရာအဖြစ် ခုလို ပြောပြတယ် ။

( သူ့ ကို သေနတ်နဲ့  ပစ်တဲ့ အခါ ရုပ်ရှင်ထဲကလို ရှောင်လိုက်တာပေါ့ ) -တဲ့  ။

သမ္မတဟောင်း ရော်နယ်ရီဂင်ဟာ နိုင်ငံရေးသမားဖြစ်တယ် ။ ဒါ့ကြောင့် သူ့ အဖို့  အဲဒီအဖြစ်အပျက်ကို ကြောက်မက်ဘွယ် ထမင်းလုံးတစ္ဆေခြောက် ခံရတဲ့  ညလို့  မသတ်မှတ်ဘဲ နေပြခဲ့ တယ် ။ အဲဒီလိုပါဘဲ ဒေါက်တာအေးမောင်နဲ့  ရခိုင်ခေါင်းဆောင်များဟာ အခုလို လုပ်ကြံခံရသည့်တိုင်အောင် သွေးလန့် သွားမဲ့  လူစားမျိုး မဟုတ်ဘူးဆိုတာ ယုံကြည်တယ် ။အဲဒီဖြစ်ရပ်နဲ့  ပါတ်သက်လို့  တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်က လုံးဝကြောက်စရာ မရှိဘူးလို့  ကြေညာသံကို ကြားလိုက်ရတယ် – အင်မတန် အားတက်စေတဲ့  စကားပါဘဲ ။ တကယ်လို့  မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးဟာ အဲဒီလိုလုပ်ြံကခံရလို့  အသက်အန္တရယ် ထိခိုက်သွားပြီဆိုရင် လွှတ်တော်ထဲမှာ ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေ ဖတ်ပြီး မတ်တပ်ရပ်ငြိမ်သက်စွာ နေပေးကြလိမ့်မယ်ဆိုတာ သိတယ် ။ ကျွန်တော်ဖြစ်ချင်နေတာက မြန်မာနိုင်ငံအစိုးရဟာ ခုဖြစ်ပျက်ခဲ့ တဲ့  လုပ်ကြံချောင်းမြောင်းပစ်ခပ်မှုကို ထိထိရောက်ရောက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးသင့်တယ်လို့  ထင်မြင်ယူဆတယ် ။ အကယ်၍များ ဒေါ်အောင်ဆန်းစုကြည်သာ အခုလို ရခိုင်ခေါင်းဆောင်များကဲ့ သို့ မလေးရှားမှာ လုပ်ကြံခံရရင် အစိုးရက ဘယ်လို ဆောင်ရွက်လေမလဲ ဆိုတာ စဉ်းစားနေမိတယ် ။ အဲဒီလိုဘဲ နိုင်ငံတကာအစိုးရတွေကလဲဘဲ ဘဂင်္လကုလားတွေကို ဘယ်လိုများ ဝေဖန်ပြစ်တင်ကြမလဲ ဆိုတာ သိချင်နေမိပါတော့တယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

( သတင်းစာရှင်းလင်းပွဲမှာ တွေ့ မြင်နေရသော သေကံမရောက် သက်မပျောက်ခဲ့ သည့် ရခိုင်ခေါင်းဆောင်များကို တွေ့ မြင်ရစဉ် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts