ရသဆောင်းပါးစုံ

နော်ဝေသစ်တောထဲက အနုပညာရုပ်တုတွေအကြောင်း

မောင်ဖေသက်နီ 
ဖေဖော်ဝါရီ ၇၊ ၂၀၁၄

 

Sculpture in a Norwegian Wood
FEB. 5, 2014
By Geraldine Fabrikant
(နယူးယောက်တိုင်းသတင်းစာ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ဂျယ်ရယ်ဒင်း ဖေဘရီကန့်ရေးသားပြီး မောင်ဖေသက်နီ ဘာသာ ပြန်ပါတယ် )

အော်စလို။ ။ နော်ဝေနိုင်ငံရဲ့ ၀က်သစ်ချတောကြီးရဲ့ တောင်ထိပ်ပေါ်မှာ ထင်းရူးပင်တွေ၊ သစ်ရာပင်တွေ  အစုလိုက်ရှင်သန်နေကြပါတယ်။ အဲဒီ့ ၀က်သစ်ချတောကြီးထဲမှာ ကိုယ်လုံးတီးအမျိုးသမီးတွေပုံစံ ထုဆစ်ထားတဲ့ (ကြေးသွန်းရုပ်တုတွေလိုမျိုး) ပန်းပုရုပ်တုပေါင်း ၃၀ လောက် ရှိနေ ကြပါတယ်။ အဲဒီ့ကြေးသွန်းရုပ်တုတွေကို “အာရစ္စတီဒဲ မာအီလ်လို Aristide Maillol နဲ့  အာဂုစ္စတယ် ရေးနွား  Auguste Renoir” တို့က ထုဆစ်ကြပြီး အမျိုးသမီးရဲ့ မျက်နှာတွေကိုတော့ ဟီလ်ဒါ မာအယ်လွန်း Hilde Maehlum က ထုဆစ်ခဲ့တာပါ။ “လမ်း လျှောက်နေတဲ့အမျိုးသမီး Woman Walking” ကိုတော့ ပန်းပုပညာရှင် ဗြိတိသျှ ပန်းပုပညာရှင် ရှောင်ဟင်နရီ Sean Henry က ထုဆစ်ခဲ့တာလို့သိရပါတယ်။ (ဘာသာပြန်သူ့မှတ်ချက်။ ရှောင် ဟင်နရီဟာ ဗြိတိန်နိုင်ငံမှာ ၁၉၆၅ ခုနှစ်ထဲ မွေးဖွားခဲ့ပြီး သူ့အနုလက်ရာတွေကို နိုင်ငံအများအပြားရဲ့ ပြတိုက်တွေ ထဲမှာ တွေ့ နိုင်ပါတယ်။ သူဟာ ဘိလပ်မြေကိုသုံးပြီးတော့လည်း ပန်းပုရုပ်တွေကိုလည်း ဖန်တီးခဲ့သူ လည်းဖြစ်ပါတယ်) နော်ဝေက ရုပ်တုတွေ ထုဆစ်ခဲ့တဲ့ ရှောင်ဟင်နရီ Sean Henry ဟာ အမျိုးသမီးတွေရဲ့ ရင်သားအလှနဲ့ တင်သားအလှ တွေကို ထုဆစ်တဲ့နေရာမှာ သူမတူအောင်ကို လက်ရာမြောက်တယ်လို့ နာမည်ကြီးတဲ့ ပန်းပုဆရာဖြစ်ပါတယ်။

 

နော်ဝေနိုင်ငံရဲ့ ၀က်သစ်ချတောကြီးမှာတွေ့ ရတဲ့ အမျိုးသမီးရုပ်တုတွေဟာ အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံ Ekeberg Sculpture Park ထဲ မှာရှိတဲ့ အမျိုးသမီးရုပ်တုတွေကို နော်ဝေနိုင်ငံက သန်းကြွယ်သူဌေးကြီး ခရစ္စတီယန် ရင်းနက်စ် Christian Ringnes ရဲ့ ဖန်တီးထားမှုတွေပဲ ဖြစ်ပါတယ်။ ခရစ္စတီယန် ရင်းနက်စ်ဟာ အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံကို တည်ထောင်ထားသူဖြစ်ပြီး နော်ဝေလူမျိုး အနုပညာရှင်ကြီး ဂုစ်တာ့ဗ် ဗီဂဲလဲန် Gustav Vigeland ရဲ့ ထင်ရှားကျော်ကြားတဲ့ အနုလက်ရာတွေကို မပျောက်ပြက်စေအောင်ရည်ရွယ်ပြီး ထိမ်းသိမ်းထား နိုင်စေဖို့  ဖန်တီး ထားခဲ့တာပါပဲ။ “ဂုစ်တာ့ဗ် ဗီဂဲလဲန် အကြောင်း ကျနော် သိရသလောက်ကတော့ သူဟာ အတော်များများ ယောက်ျားပုံတွေပဲ ထုဆစ် လေ့ရှိသူပါ။ တောင့်တင်းသန်မာတဲ့ ယောက်ျားပုံတွေကိုပဲ သူ အထုများပါတယ်။ အီကဲဘာဂ် ပန်းခြံဟာ အခုထက်ပိုပြီးတိုးချဲ့ စ ရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျနော်တို့က အမျိုးသမီးရေးရာတွေရှုထောင့်ကို ထည့်စဉ်းစားမယ်ဆိုရင်ပေါ့လေ” လို့ သန်းကြွယ် သူဌေးကြီး ခရစ္စတီယန် ရင်းနက်စ်က ပြောဆိုခဲ့ဖူးပါတယ်။

 

အကျယ် စုစုပေါင်း ၂၅ ဟက်တာ၊ ၆၂ အက်ကာရှိတဲ့ ပန်းခြံတခုပါပဲလို့ ခရစ္စတီယန် ရင်းနက်စ်က ပြောဆိုခဲ့ပါတယ်။ “အဲဒီထဲမှာ သဘာဝ အတိုင်း ထိမ်းသိမ်းဖို့ စီစဉ်ထားတာပါ။ သဘာဝအတိုင်းလဲဖြစ်ရမယ်၊ အနုပညာလည်းမြောက်ရမယ်ပေါ့ဗျာ။ နေ့တိုင်း ၂၄ နာရီလုံးဖွင့် ထားတာပါ။ ၀င်ကြေးလဲမရှိဘူး၊ ပြခန်းတွေလဲ အလကားကြည့်လို့ရတယ်။ ပြခန်းတွေမှာ အထူးသဖြင့် အမျိုးသမီးတွေအကြောင်း ပြသထား တာက ပိုများပါတယ်။

 

နော်ဝေနိုင်ငံဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်အပ်နှင်းတဲ့နိုင်ငံဖြစ်နေတာကြောင့် အဲဒီလိုမျိုး သတ်မှတ်ထားခဲ့တာလို ခရစ္စတီယန် ရင်းနက်စ်က ကြွေးကြော်နေခဲ့သူပါ။ “ငြိမ်းချမ်းရေးဆိုတာကို အမျိုးသမီးတွေရဲ့ စရိုက်လက္ခဏာပဲလေ။ ယောက်ျားတွေက ကိုယ်ကာယကို အသုံးပြုပြီး စစ်ပွဲတွေကို ဆင်နွှဲကြတယ်၊ မိန်းမတွေက စကားလုံးတွေနဲ့  ပြေရာပြေကြောင်း ဆွေးနွေးကြတယ်”

 

စက်တင်ဘာလရောက်တဲ့အခါ ဆယ်စုနှစ်တခုလောက်အထိ ဖန်တီးထားခဲ့ရတဲ့၊ အငြင်းအခုန်တွေတော်တော်များများ ဖြစ်ပွားခဲ့ရတဲ့ အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံ Ekeberg Sculpture Park ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပန်းခြံရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် အီနာ ဂျိုဟဲန်နက်ဆဲန် Ina Johannesen ကို ခန့်အပ်ထားခဲ့ပြီး သဘာဝတရားကို နှစ်သက်မြတ်နိုးကြသူတွေက ၁၉ ရာစုနှစ်ကတည်းက ပေါက်ရောက်ခဲ့ကြတဲ့ သစ်ပင်ကြီးတွေကိုဖယ်ရှားပြီး ကတ္တရာလမ်းတွေခင်းကြမှာကို စိုးရိမ်ကြောင့်ကြဖြစ်နေကြတာပါ။ တချို့ ဝေဖန်ရေး သမားတချို့ က ခရစ္စတီယန် ရင်းနက်စ်ကို “မ ဘက်လိုက်လို့ မိုက်ဘက်” ပါသွားပြီလို့ အပြင်းအထန်ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။

ဒီနေ့ ခေတ်မှာတော့ အဲဒီလို ဝေဖန်ပြစ်တင်နေမှုတွေ ငြိမ်သက်သွားနေပါပြီ။  ပန်းခြံစဖွင့်တဲ့နှစ်ထဲမှာ တနှစ်ကို အနည်းဆုံး ခန့် မှန်းချေ ဧည့်သည် ၁၅၀ ၀၀၀ (တသိန်းခွဲ) လောက်ထိ လာရောက်လည်ပါတ်ခဲ့ကြတယ်လို့ ခရစ္စတီယန် ရင်းနက်စ် ကပြောဆိုခဲ့ပါတယ်။ ဖွင့်ပြီး လေးလအတွင်းမှာ ဧည့်သည်စုစုပေါင်း ၃၀၀ ၀၀၀ (သုံးသိန်းလောက်) အထိ လာရောက်လည်ပါတ်ခဲ့ကြတယ်လို့ သူက ဆက်ပြောပြခဲ့ ပါတယ်။

 

“သဘာဝနဲ့  အနုပညာနဲ့ ပါတ်သက်လို့ရှိရင် သွားရောက်လေ့လာစရာ တနေရာပဲရှိတာကို လူတွေက သိနေကြတယ်လို့ ကျမ ထင်တာပဲ” လို့ အနုပညာဆိုင်ရာ သမိုင်းသုတေသီ တယောက်လည်းဖြစ်သလို အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံကို တည်ထောင်ခဲ့တဲ့ ကော်မတီဝင် တဦးလည်း ဖြစ်တဲ့  လီဇာမီယို့ စ် Lise Mios က ရှင်းပြခဲ့ပါတယ်။

 

အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံကို စတင်ထူထောင်ခဲ့သူဖြစ်တဲ့ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ခရစ္စတီယန် ရင်းနက်စ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစု တုန်းက သူ အီတလီနိုင်ငံရဲ့ ဖလောရင့်မြို့ က “ဘိုဘိုလီ ဥယျာဉ် Boboli Gardens” ကို သွားရောက်လည်ပတ်ချိန်ကစပြီး အဲဒီ့လို ပန်းခြံမျိုး ထူထောင်ဖို့ စိတ်ကူးရရှိခဲ့တာပါ။ အဲဒီ့ သူ့စိတ်ကူးကို ၁၉၈၀ ခုနှစ် နှောင်းပိုင်းကာလတွေလည်းရောက်ရော မြေယာကုမ္ပဏီ Eiendomsspar မှာ အထွေထွေ မန်နေဂျာအဖြစ် သူအလုပ်လုပ်ခဲ့တာကနေ စတင် အကောင်အထည်ဖေါ်နိုင်လာခဲ့တာပါ။ အဲဒီ့အချိန်ကစပြီး သူဟာ ပန်းပုရုပ်တုတွေကို စတင်ဝယ်ယူပြီး စုဆောင်းနေခဲ့ပါပြီ။ ပြီးတော့ သူ ၀ယ်ထားခဲ့တဲ့ ပန်းပုရုပ်တွေကို အဲဒီ့ပန်းပုပန်းခြံတည်ရှိတဲ့ မြို့ ကို လှူဒါန်းခဲ့ပါတယ်။

 

၂၀၀၃ ခုနှစ်ထဲမှာ ခရစ္စတီယန် ရင်းနက်စ် ဟာ အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံအတွက် စားသောက်ဆိုင်ကြီးတဆိုင်ကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့ဆိုင်ကြီးဟာ အခုတော့ ပျက်စီးနေပါပြီ။ သူစတင်ဖန်တီးခဲ့တဲ့ ပန်းပုအနုပညာပန်းခြံကြီးဟာ အဲဒီ့မြို့ အုပ်ချုပ်ရေးက မြေနေ ရာကို လှူဒါန်းခဲ့ပြီး အခုဆို ခရစ္စတီယန် ရင်းနက်စ်က အဲဒီ့ပန်းခြံအတွက် ဒေါ်လာ မီလီယံ ၆၀ ကို လှူဒါန်းခဲ့ပါတယ်။

 

အလှူရှင်ဆိုတာမျိုးက နော်ဝေနိုင်ငံမှာ ရှိလေ့ရှိထတော့မဟုတ်ပါဘူး။ ဒါပေမယ်လို့ ခရစ္စတီယန် ရင်းနက်စ်ဟာ သူတက်ရောက်ခဲ့တဲ့ အမေရိကန်က နာမည်ကြီး ဟားဗတ်တက္ကသိုလ်ရဲ့ သင်ကြားပြသမှုတွေနဲ့  သူ့မိသားစုဝင်တွေရဲ့ မိရိုးဖလာ လေ့ကျင့်ပေးခဲ့မှုတွေကြောင့် သူဟာ အခုလိုမျိုးဖြစ်လာခဲ့တာလို့ ပြောပြခဲ့ပါတယ်။ “ကျနော့်ရဲ့ အဘိုးအဘေးတွေဟာ ငွေတွေကို အများအပြားရှာဖွေပြီး သားစဉ်မြေး ဆက်ကို လက်ဆင့်ကမ်းခဲ့တာပါ။ (နော်ဝေနိုင်ငံက နာမည်ကြီးဘီယာ ရင်းနက်စ် ဘီယာ Ringnes Beer ကို သူ့မိသားစုက စတင်ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်ရောက်မှ ဒိန်းမတ် နိုင်ငံရဲ့ ကားလ်စ်ဘာတ် Carlsberg Group of Denmark အဖွဲ့ ကိုရောင်းချခဲ့တာပါ။) သူ့ သားချင်းတွေထဲက တယောက်ဟာ တောင်ဝင် ရိုးစွန်းကိုသွားရောက်နိုင်တဲ့ အနောက်မြောက်လမ်းကြောင်း Northwest Passage ကို စူးစမ်းလေ့လာနိုင်ဖို့  ငွေကြေးအများအပြားကို ထောက်ပံ့ပေးခဲ့သူတွေထဲက တဦးဖြစ်ပါတယ်” လို့ ခရစ္စတီယန် ရင်းနက်စ် က ပြောပြခဲ့ပါတယ်။

 

တခြားအလှူရှင်တွေလိုပဲ ခရစ္စတီယန် ရင်းနက်စ် ကလည်း ရည်ရွယ်ချက်တွေ တပွေ့ တပိုက်နဲ့  စီစဉ်ခဲ့တာပါ။ ဥယျာဉ်ငယ်တခုမှာ ရှိသင့်ရှိ ထိုက်တဲ့ အင်္ဂါရပ်တွေနဲ့  ပြည့်စုံအောင် သူက စီစဉ်ထားခဲ့ပါတယ်။ အဲဒီ့မှာ လူတွေကဖန်တီးထားတဲ့ ရေကန်ငယ်တခုပါဝင်ရမယ်လို့ သူက စီစဉ်နိုင်ခဲ့တာပါ။ ဥယျာဉ်တည်ရှိတဲ့ မြို့ ပြကလည်း သူသတ်မှတ်ထားတာတွေနဲ့  ပြီးပြည့်စုံအောင်ဖန်တီးပေးဖို့  သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ဥယျာဉ်ထဲမှာ ပြသ မယ့် ပန်းပုရုပ်တွေ၊ အနုပညာတွေအတွက်ကတော့ မြို့ ပြက ရွေးချယ်ခန့် အပ်ထားတဲ့ ကော်မတီကလုပ်ငန်းတီထွင်ဖန်တီးရှင်တဦး အပါအ၀င် ပန်းပုပညာရှင် နှစ်ဦးနဲ့  သမိုင်းပညာရှင်နှစ်ဦးတို့ပါပဲ။

 

အမျိုးသားရုပ်တုရော အမျိုးသမီးရုပ်တုရောပါတဲ့ ခေတ်ပြိုင်ပန်းပုရုပ်တုတွေ ထားရှိဖို့  အဲဒီ့ကော်မတီက ဆန္ဒရှိနေခဲ့ပါတယ်။ အဲဒီပန်းပုရုပ် တွေထဲမှာ အလင်းအမှောင်ကို ထုဆစ်တဲ့နေရာမှာ အရမ်းနာမည်ကြီးတဲ့ အမေရိကန် ပန်းပုပညာရှင် ဂျိမ်းစ် တာရယ်လ် James Turrell (၁၉၄၃ ခုနှစ် မေလ ၆ ရက်နေ့ မှာမွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်ထဲမှာ MacArthur Fellows Program ရဲ့ ဧည့်ပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ “ပါရမီထူးချွန်ဆု” နဲ့  မက်အာသာဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူးဆောင်ပညာရှင်ဆုတွေကို ရရှိထားခဲ့သူလည်းဖြစ်ပါတယ်) ဟာ ပန်းချီ၊ ပန်းပုတွေဘက်မှာ ပြိုင်ဘက်မရှိသူ အနုပညာရှင်တယောက်လည်းဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ကျော်ကြီးရဲ့ လက်ရာတွေကိုလည်း အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံ Ekeberg Sculpture Park ထဲမှာ ကြည့်ရှုခံစားလို့ရနေပါတယ်။ အဲဒီ့ အနုပညာပန်းခြံကြီးဟာ လေဟာပြင်ပွင့် အခန်းငယ်လေးတွေကို နော်ဝေနိုင်ငံရဲ့ သဘာဝတွင်းထွက် ကျောက်အမည်းတွေနဲ့  ခုံတန်းလျားတွေနဲ့  အနားယူနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ မိုးကောင်းကင်ရဲ့ အလင်းရောင်ကိုလည်း မိနစ် ၁၀၀ ပြည့်တိုင်း အရောင်ပြောင်းသွားအောင် စီစဉ်ပေးထားပါတယ်။ မ သဘာဝနဲ့  ပါတ်သက်လို့ရှိရင် “မ ဘက်လိုက် လို့ မိုက် ဘက်ပါ” တာမျိုးတော့ မဟုတ်ပေမယ့် ဒေသဆိုင်ရာ သမိုင်းအထောက်အထားတွေအရ အမျိုးသမီးအရေးတွေကို ဦးစားပေးအဆင့် သတ် မှတ်ထားခဲ့တာလို့ အမေရိကန် ပန်းပုပညာရှင် ဂျိမ်းစ် တာရယ်လ် ကပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အမိုးဖွင့် လေဟာပြင်ပြတိုက်ဟာ အော်စလိုမြို့  တ၀ိုက် ကို ရေဖြန့် ဖြူးပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတဲ့ တောင်ပေါ်ရေလှောင်ကန်ကြီးလို အမိုးဖွင့်ပြုလုပ်ထားတာဖြစ်ပါတယ်။

 

အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံ Ekeberg Sculpture Parkထဲကို လာရောက်လည်ပါတ်ကြတဲ့ ဧည့်သည်တွေဟာအမေရိကန် အနုပညာ ရှင် ဒဲန် ဂရေဟမ် Daniel “Dan” Graham (၁၉၄၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ မှာ ဖွားမြင်တဲ့ အမေရိကန်က ပန်းပုပညာရှင်) ရဲ့ ဖန်လှောင်အိမ် ထဲကနေ ပင်လယ်ပြင်ကျယ်ကြီးကို အပေါ်စီးကနေ ကြည့်ရှုခံစားလို့ရအောင် စီစဉ်ပေးထားပါတယ်။ အဲဒီ့ ပန်းခြံထဲမှာပဲ ပြင်သစ်၊ အမေရိကန် ကပြား အမျိုးသမီးပန်းပုပညာရှင် လူဝီဇာ ဂျိုးဆက်ဖင်း ဘူဂျွာဇီ Louise Joséphine Bourgeois ရဲ့ ၀က်သစ်ချပင်နှစ်ပင်ကြားမှာ စုံတွဲတတွဲလေဟုန် ထဲမှာ ပုခက်လွှဲစီးနေတဲ့ပုံ အလူမီနီယံ ပန်းပုရုပ်တုကိုလည်း ပြသထားပါတယ်။ သြဂုတ်လထဲမှာ သရုပ်ဖေါ် အနုပညာရှင် Performance Artist မာရီနာ အေဘရာမိုဗစ် Marina Abramovic က သရုပ်ပြခဲ့တာကို မှတ်တမ်းရုပ်ရှင်ရိုက်ကူး ပြသခဲ့ပါတယ်။ အဲဒီ မှတ်တမ်းရုပ်ရှင်ထဲမှာ လူ ၃၀၀ လောက် ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်လို့ သိရှိရပြီး ၁၈၉၃ ခုနှစ်တုန်းက ရေးဆွဲခဲ့တဲ့ နော်ဝေ နာမည်ကြီး ပန်းချီဆရာကြီး အက်ဒ၀ါ့ဒ် မန့် ခ် Edvard Munch ရဲ့ “အော်ဟစ်သံ Scream” လိုမျိုးဖြစ်တယ်လို့ သိရှိရပါတယ်။

 

ဖြစ်နိုင်တာက အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံကို ထူထောင်ခဲ့သူဟာ ပန်းချီဆရာကြီး အက်ဒ၀ါ့ဒ် မန့် ခ် ကို အလွန်အမင်းကြည်ညိုလေးစားသူ ဖြစ်ပါလိမ့်မယ်။ အက်ဒ၀ါ့ဒ် မန့် ခ် Edvard Munch ရဲ့ “အော်ဟစ်သံ Scream” ကို ရေးဆွဲခဲ့တဲ့ အနုပညာရှင်က သူ့မိတ်ဆွေတွေနဲ့ အတူ လမ်းလျှောက်ထွက်ရင်းနဲ့  တချိန်ချိန်မှာ ကံဆိုးမိုးမှောင်အဖြစ်အပျက်တခု ကျရောက်လာနိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုတခုဖြစ်ပေါ်ခဲ့ပြီး “မရေရာ မသေချာတဲ့ သဘာဝတရားကြီးရဲ့ အော်ဟစ်သံ” ကို သူ့စိတ်ထဲမှာ ခံစားလိုက်ရတာကြောင့် အဲဒီ့ ပန်းချီကားကို ရေးဆွဲခဲ့တာလို့ သူကိုယ်တိုင်ရေးခဲ့ တဲ့ ဆောင်းပါးတပုဒ်ထဲမှာ ဖေါ်ပြထားခဲ့ပါတယ်။

 

ပန်းချီကားတွေရဲ့အမြင်တွေအကြောင်းပြောရင် အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံအကြောင်းချန်လှပ်ထားလို့ မရပါဘူး။ အဲဒီ့ပန်းခြံကို စတင် ထူထောင်ခဲ့တဲ့ ခရစ္စတီယန် ရင်းနက်စ် ဟာ နော်ဝေ နာမည်ကြီး ပန်းချီဆရာကြီး အက်ဒ၀ါ့ဒ် မန့် ခ် Edvard Munch အပေါ် အလွန်ကြည်ညို လေးစားစိတ်ရှိသူဖြစ်ပါတယ်။ လူအချင်းချင်း၊ တိရိစ္ဆာန်အချင်းချင်း သတ်ဖြတ်စားသောက်နေမှုတွေကို မြင်တွေ့ လာရမှာကို စိုးရိမ်တဲ့အဓိပ္ပါယ်မျိုးနဲ့  အဲလိုမျိုး မဖြစ်လာရလေအောင် ရည်ရွယ်ပြီး မန့် ခ်က “အော်ဟစ်သံ Scream” ဆိုတဲ့ ပန်းချီကားကို ရေးဆွဲခဲ့တာလို့ ယုံကြည်လက်ခံထားသူတဦး လည်း ဖြစ်ပါတယ်။

 

“ကျမ အတွက်ကတော့ ကျမ ဖြတ်သန်းခဲ့ရတဲ့ ကျမ ဘ၀တခုလုံးနဲ့  နှိုင်းယှုဉ်ပြီး တခုကိုပဲ နားလည်မိပါတယ်၊ အဲဒါကတော့ လူသားတွေအားလုံး ဟာ သူတို့ရဲ့ ဘ၀တွေ စတင်ပြီဆိုကတည်းက “အော်ခြင်းအမှု” ပြုတာကနေ စတင်လာခဲ့ကြတာပါ။ အဲဒီကနေ အော်နေတာတွေဟာ လုံးဝကို မရပ်တော့ ပါဘူး။ အလုပ်လုပ်နေခိုက် တလျှောက်လုံးမှာလည်း လုပ်ရင်း၊ ကိုင်ရင်းနဲ့  လှုပ်ရှားရုန်းကန်နေရင်းနဲ့  သူတို့တွေ အော်နေခဲ့ကြတာပဲလေ” လို့ သရုပ် ဖေါ် အနုပညာရှင် Performance Artist မာရီနာ အေဘရာမိုဗစ် Marina Abramovic က အက်ဒ၀ါ့ဒ် မန့် ခ် အကြောင်း အင်တာဗျူး တခုမှာ အဲဒီလို ထည့်ပြောသွားခဲ့ဖူးပါတယ်။

 

စောစောပိုင်းကာလတွေတုန်းက အီကဲဘာဂ် ပန်းပုအနုပညာပန်းခြံနဲ့  ပါတ်သက်လာရင် ဒေသဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက မစ္စ မာရီနာ အေဘရာ မိုဗစ် ကိုပဲ မေးမြန်းကြဖို့  ပြောဆိုလေ့ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် “အော်စလိုမြို့ တော်ရဲ့ မြို့ တော်သားဆု” ခရစ္စတီယန် ရင်းနက်စ် ကို ချီးမြှင့် ပေးအပ်ဖို့  နော်ဝေနိုင်ငံရဲ့ နာမည်ကြီးသတင်းစာတစောင်ဖြစ်တဲ့ အာဖတဲန်ပို့ စတဲန် Aftenposten သတင်းစာကြီးက ရေးသားခဲ့ပါတယ်။ အခု အချိန်မှာ သိပ်ပြီးနာမည်ကြီးနေတဲ့၊  ဆင်းရဲသားတွေအကြောင်းရိုက်ကူးလေ့ရှိတဲ့ ပါကစ္စတန် တယ်လီဗေးရှင်းမင်းသားကို ရွေးချယ်ရိုက်ကူးမယ် ဆိုရင် သိပ်ပြီးအခက်အခဲ မရှိနိုင်ပါဘူး။

 

“သူက ကျောက်မီးသွေးတွေတကယ့်ကို သယ်ပေးခဲ့ရတာပါ။ ဥယျာဉ်ဟာ တကယ့်ကို သာယာပါတယ်” လို့ ခရစ္စတီယန် ရင်းနက်စ် ရဲ့အမြင်နဲ့  ပါတ်သက်လို့ အမေရိကန် ပန်းပုပညာရှင် ဂျိမ်းစ် တာရယ်လ် က ပြောပြခဲ့ပါတယ်။

ဂျယ်ရယ်ဒင်း ဖေဘရီကန့်  Geraldine Fabrikant ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts