ကဗျာ ဆောင်းယွန်းလ

မွေးနေ့ရောက်ကြောင်း တရား

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၄၊ ၂၀၁၄

 

 

တဆောင်းလုံး ဖြန့်ခင်းထားခဲ့တဲ့
နှင်းစက်တွေအောက်က လမ်းပေါ်မှာ
မမြင်ရတဲ့ ကံကြမ္မာက
ရေခဲမိုးတွေကိုပါ
လက်ဆောင်အဖြစ် အဆစ်ထပ်ယူလာတယ်…

 

ကမ္ဘာ့ရွာထဲက
၄၅၀ါရ လူတယောက်
တနလာင်္နေ့ခင်းရဲ့ တနလာင်္နေရောင်အောက်က
မွေးနေ့ရောက်ကြောင်း တရားရှိရာဘက်
သစ်ကောင်းအိမ် မသိုးကဗျာနဲ့ ဆီဖြည့်ပြီး
မိုင်ကုန်ပတ်မောင်းနေမိတယ်…

 

တော်ရာဝေပြီး တော်ရာကြွေတဲ့ ရေခဲနှင်းတွေက
တော်တန်ရုံ နေရောင်အောက်မှာ
အရည်ပျော်မခြောက်ခဲ့ဘူး….

 

တော်ရာနေပြီး တော်ရာမှာသေမယ့် လူကလည်း
တော်ရာအရပ်မှာ
ကံတရားရဲ့တက်ကိုဖွင့်ပြီး လှော်နေခဲ့လို့
ဥာဏ်များတဲ့ ဆူးပုံတွေနဲ့ ခဏခဏတိုးတယ်…

 

မွေးနေ့ရောက်ကြောင်း တရားကိုရှာရင်း
မိုးလွတ်ဖို့ ဂါထာမရွတ်တတ်ပေမယ့်
ထီးတလက်တော့ ဆောင်ထားမိတယ်….။
(ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၁၄ခုနှစ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts