MoeMaKa VDO လူများ၊ ရုပ်ပုံလွှာများ

ခင်ဝမ်း ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အမှတ်တရ

မိုးမခ
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၄

ခင်ဝမ်း (၁၉၄၇-၂၀၀၀)
ဓာတ်ပုံ မျှဝေသူ – ကိုရာဇာ

 

လွန်ခဲ့သော (၁၄) နှစ် ဖေဖေါ်ဝါရီ ၀၃ ရက်နေ့ ၂၀၀၀ ခုနှစ်မှာ ဗမာပြည် ရဲ့ ရှားပါး စွယ်စုံ အနုပညာရှင်ကြီး တဦးဖြစ်သူ စာရေးဆရာ၊ ပန်းချီကျော်၊ ဂီတစာဆို နှင့် အဆိုကျော် ခင်ဝမ်း တယောက် လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့သည်။  ဆရာ သုခမိန်လှိုင် ကဗျာ နှင့် ဆိုလျှင် ပြန်မလာအငြိမ့် က သွားခဲ့သည်မှာ (၁၄) နှစ်တိုင်ခဲ့ပြီ။  ဗမာပြည် အတွက် ကြီးမားသည့် ဆုံးရှုံးခဲ့ရမှု တခု ဖြစ်သည်။  ယခုလို နှစ်လည် အချိန်အခါမှာ မိုးမခ အနေဖြင့် ခင်ဝမ်း ဖန်တီးခဲ့သည့် အနုပညာ ပစ္စည်းများစွာထဲက ခင်ဝမ်း သီချင်း တချို့ နှင့် မိုးမခ စုစည်း တက်ဆက်ခဲ့ဖူးသည့် ခင်ဝမ်း ရုပ်ပုံလွှာ များကို အမှတ်တရ ပြန်လည် တင်ဆက်လိုက်ပါသည်။

 

♫ ♪ ♫ ♪…
လရောင်ဟာ.. လှပနေတယ်..
စိတ်.. မအေး.. နိုင်တဲ့.. ကိုယ့်.. အဖို့တော့..
တကမ္ဘာ.. မှာ.. သာ.. နေသလိုပဲ.. ဝေးလှတယ်..

 

ဘဝ.. ရဲ့.. ညီမျှခြင်းတွေကို.. သတိ.. မထားမိတဲ့.. တနေ့.. မှာ..
ကိုယ်.. နဲ့.. သူ.. တစိမ်း.. ဘဝ.. ကို.. ရောက်ခဲ့ကြတယ်..
 

တစိမ်း၊ သံစဉ်/စာသား/ဖွဲ့-ဆို – ခင်ဝမ်း (၁၉၇၉)

 
********

 

♫ ♪ ♫ ♪…
(ဟာ…. ဟာ. ဟာ. ဟာ. ဟာ..
ဟာ.. ဟာ.. ဟာ.. ဟာ..ဟာ.. ဟာ..) ၂

 

ရေလွှာလည်း.. ခင်းပျံ့.. ကြည်လင်စေ..
မိုးဦးလည်း.. လှပ.. သာယာစေ..
ဘဝ.. စေရာ.. တာဝန်.. ကျေပွန်.. ဆောင်ရွက်ခဲ့သူတို့..
ရေစုန်ကို.. ဆန်ကာ.. ပြန်ခဲ့ပြီ..

 

Chorus
မိုးဦး.. ရေဆန်.. (မိုးဦး.. ရေဆန်..)
မိုးဦး.. ရေဆန်.. (မိုးဦး.. ရေဆန်..)
ဆယ်လမွန်ငါးတို့.. အပြန်..
ဆယ်လမွန်ငါးတို့.. အပြန်..
အပြန်.. အပြန်.. အပြန်..
ဆယ်လမွန်ငါးတို့.. အပြန်..

 

ပြန်ချိန်လည်း.. ဆုံးဖြတ်.. ခိုင်မာစေ..
ရာသီလည်း.. တွက်ချက်.. မှန်ကန်စေ..
စိတ်တူရာ.. ခိုဝင်.. ပြည့်စုံချိန်.. ပြန်ခဲ့မယ်တဲ့..
ငယ်ရွယ်စဉ်.. ရှာဖွေ.. စွန့်ခဲ့ပြီ..
(Repeat Chorus)

 

ချစ်ဖော်လည်း.. လိုက်ခဲ့.. ခေါ်ငင်စေ..
ဝဋ်ကြွေးလည်း.. တုံ့လှည့်.. ကျေနပ်စေ..
ဦးဆောင်သူ.. စေရာ.. ယုံကြည်စွာ.. လိုက်ခဲ့မယ်တဲ့..
မောင်မယ်စုံ.. ဆန်ကာ.. ပြန်ခဲ့ပြီ..
(Repeat Chorus)

 

ဆယ်လမွန်ငါးတို့.. အပြန်..
ဆယ်လမွန်ငါးတို့.. အပြန်..
ဆယ်လမွန်ငါးတို့.. အပြန်..

ဆယ်လမွန်ငါးတို့အပြန်၊ သံစဉ်/စာသား/ဖွဲ့-ဆို – ခင်ဝမ်း (၁၉၈၁)

 
********

 

♫ ♪ ♫ ♪…
ကောင်းကင်.. ထက်မှာ.. ခြိမ်းကာ.. ခြိမ်းကာ..
လျှပ်စက်.. ဝင်းလက်.. ပြက်ကာ.. ပြိုးကာ..
နက်မှောင်.. တိမ်ညို.. လွှမ်းခြုံ.. မိုးနေ..
ကိုင်းခက်.. လေဆောင်.. နွဲ့၍.. ထိန်းနေ..
တိမ်းကာ.. ယိမ်းကာ.. မိုးတွေ.. ရွာစွေ..

 

ပြုံးပျော်.. ခဲ့တယ်.. မိုးရေ.. ထဲမှာ..
ချစ်လာ.. ခဲ့တယ်.. မိုးရွာ.. ဆဲမှာ..
မိုးရေ.. ခုလေ.. နှောင်းလွန်.. ၍.. လာ.
စိမ်းရက်.. သူ..ရယ်.. စိမ်းနိုင်.. အားတယ်..
မိုးရေ.. မိုးရေ.. မိုးတွေ.. ရွာစွေ..

 

မိုးတွေ.. ရွာစွေ.. ရွာစွေပါ.. မိုး.. ရေ..
မိုးတွေ.. ရွာစွေ.. ရွာစွေပါ.. မိုး.. ရေ..

 

သည်းရွာတော့လေ.. အားကူ.. ဖြည့်ကာ.. သည်းလိုက်ဦးပေါ့..
မိုးရေ.. ထပ်ကာ.. ခုဆို.. သူလေ.. မိုးကို.. မေ့နေ.. မေ့ရော့.. မှာပါ..
မိုးရေ.. မိုးရေ.. သည်းပါ.. သည်းပါ.. မိုးတွေ.. ရွာစွေ..

 

မိုးတွေ.. ရွာစွေ.. ရွာစွေပါ.. မိုး.. ရေ..
မိုးတွေ.. ရွာစွေ.. ရွာစွေပါ.. မိုး.. ရေ..

 

မိုးတွေရွာစွေ၊ သံစဉ်/စာသား – ခင်ဝမ်း၊ တေးဆို – မိုးမိုး (၁၉၈၅)
 
မိုးမခ က ယခင် စုစည်း တင်ဆက်ခဲ့ဖူးသည့် ခင်ဝမ်း ၏ ရုပ်ပုံလွှာ မျာကိုလည်း ပြန်လည် စုစည်း၍ အမှတ်တရပြု ဖော်ပြလိုက်ပါသည်။
 
တက္ကသိုလ် သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ်

 

ကျွန်တော့် သူငယ်ချင်း ကိုခင်ဝမ်း ၊ ရေးသူ – ကိုရဲလွင် (မဇ္ဈိမလှိုင်း)
 
ကိုခင်ဝမ်း လွမ်းချင်း၊ ရေးသူ – ကိုနေ၀င်း (မဇ္စျိမလှိုင်း)

 

ခင်ဝမ်း — ဆန့်ကျင်ဘက်တို့ဆုံဆည်းရာ ၊ ရေးသူ – မသိင်္ဂီ

 

ခင်ဝမ်းအတွက်ကဗျာ နှင့် “ဂန္တဝင်မမ”မျက်နှာဖုံး ပန်းချီ အမှတ်တရ ၊ ရေးသူ – အောင်ချိမ့်

 

ဆရာပေါ်ဦးသက်၊ကိုခင်ဝမ်း၊ ငှက်သုံးကောင် နှင့် တောကျီးကန်းကလေး ၊ ရေးသူ – ထွန်းဝင်းငြိမ်း

 

ကိုခင်ဝမ်း ၊ ရေးသူ – နေမျိုးဆေး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

One thought on “ခင်ဝမ်း ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အမှတ်တရ
  1. ကျေးဇူးတင်ပါတယ်။
    နှုတ်ဆက်ခဲ့ပါတယ်၊ ကျွန်တော်သွားတော့မယ်.. အသက်၄၀၊ ၅၀ အရွယ်များရဲ့ စိုင်းပြန်ရဦးမယ်၊ နှုတ်ဆက်ခဲ့ပါတယ် .. သီချင်းများနဲ့အတူ .. ခင်ဝမ်း.. သတိရပါတေယ်။
    http://www.youtube.com/watch?v=WALXzsqQZDA

Comments are closed.