သစ်ကောင်းအိမ်
ဖေဖော်ဝါရီ ၂၊ ၂၀၁၄
ငါနဲ့အဖေတူအမေကွဲ
ငါ့ညီလေးနဲ့ ညီမလေးများ..
မင်းတို့ရဲ့မှီတင်းနေထိုင်ရာ
ကမ္ဘာ့ဆင်ခြေဖုံးအရပ်မှာဆိုလို့လည်း
ဘာအားငယ်စရာလိုလို့လဲ..
လူ့အဖြစ်တခုလုံး ဆင်ခြေတွေနဲ့ဖုံးထားသမို့
နယူးယောက်မြို့တော်ကြီးကစပြီး
ယုဇနမြို့ဥယျာဉ်မြို့တော်အဆုံး
ဆင်ခြေဖုံးချည်းပါပဲ
လွတ်လပ်ခြင်း…တဲ့
ငါတို့အတောင်ပံတပ်ပေးထားတဲ့
ဆင်ခြေဆင်လက်တခုက
သူ့ပျောက်ဆုံးမှုအတွက်
ဆင်ခြေရာတွေဖုံးနေတဲ့
ကမ္ဘာပြားကြီးပေါ်က
ငါတို့နေထိုင်ရာဆင်ခြေဖုံးတွေဆီ
အရေးတကြီး ဖုံးခေါ်နေလေရဲ့ ။ ။
သစ်ကောင်းအိမ်
(၁။ ဖေဖော်ဝါရီ။ ၂၀၁၄)
(ကျနော့သူငယ်ချင်း Arga Moonရဲ့ ပရိုဂျက်တာဆင်ခြေဖုံးကဗျာကိုဖတ်ရင်း
ကောက်ရတဲ့အတွေးတစကနေစတင်ပါတယ်။)