Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဇော်ဝင်းထွဋ် ၅၀ ပြည့် ဂီတပွဲ စည်ကား

ဇော်ဝင်းထွဋ် ၅၀ ပြည့် ဂီတပွဲ စည်ကား

ရန်နောင် (ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ ဇန်န၀ါရီ ၂၇၊ ၂၀၁၄

အဆိုတော် ဇော်ဝင်းထွဋ်၏ အသက် ငါးဆယ်ပြည့် ရွှေရတုအထိမ်းအမှတ် စင်မြင့်ဖျော်ဖြေပွဲကို ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၅ ရက် စနေနေ့  ည ၇ နာရီတွင်
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ဝင်းအတွင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ ပါသည်။

မွေးနေ့ အမှတ်တရပွဲ ဖြစ်သဖြင့်  အခြား နာမည်ကြီး အဆိုတော်များကလည်း မွေးနေ့လက်ဆောင်အဖြစ် တေးသီချင်းများ သီဆိုပေးခဲ့ကြသည် ။ ထူးအယ်လင်း ၊ လင်းလင်း ၊ စည်သူလွင်၊ ဆုန်သင်းပါရ်၊ ကော်နီ ၊မေဆွိ ၊ ဟေမာနေဝင်း ၊အဲလက်စ်၊ မျိုးကျော့မြိုင် ၊ အီတိုး၊ ဂျေမောင်မောင်တို့က တးသီချင်းလက်ဆောင်ပေးခဲ့ကြပါသည်။ အင်ပါယာတးဂီတ အဖွဲ့နှင့် တွဲဖက်၍ ဇော်ဝင်းထွဋ်သည် တေးသီချင်းအပုဒ် သုံးဆယ်ကျော်အား သီဆို ဖျော်ဖြေခဲ့သည် ။

“ကျွန်တော်တို့က ရန်ကင်းကနေလာကြည့်တာပါ ၊ ညီထွဋ် (ဇော်ဝင်းထွဋ်) ရဲ့ ပရိတ်သတ်အစစ်တွေပေါ့”  ဟု ကမ်းထရီးစတိုင်အပြည့် ဝတ်ဆင်ထားသော ရန်ကင်းအုပ်စုက ပြောကြားခဲ့ ပါသည် ။

မြင်းစီးကာ ကောင်းဘွိုင်တစ်ယောက်ကဲ့ သို့ ဝတ်ဆင်လာသူအားလည်းတွေ့ခဲ့ရသည်။

ယခုပြုလုပ်သောပွဲတွင် ဝင်ကြေးမှာ သုံးထောင်ကျပ် ၊ခုနှစ်ထောင်ကျပ် ၊တစ်သောင်းခွဲကျပ် ဖြစ်သည်။ မင်းဓမ္မလမ်းတွင် ညသန်းခေါင်ယံအထိ အင်ပါယာ၏ လက်သံနှင့် ညီထွဋ်၏ သီဆိုသံ ၊ ပရိသတ်၏အားပေးသံတို့နှင့် စည်ကားသော ညတစ်ညဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts