Suu L Linn သတင်းပဒေသာ

နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့မည့် အဓိပတိ ဂျာနယ်

ဆူးအယ်လ်လင်း
ဇန်န၀ါရီ ၂၁၊   ၂၀၁၄

ရန်ကုန်မှာ လုပ်ခဲ့တဲ့ ဂျာနယ်မိတ်ဆက်ပွဲရောက် နိုင်ကျဉ်းဟောင်းတဦးနဲ့ အယ်ဒီတာချုပ်  ထွန်းဇော်ဌေး(ဓာတ်ပုံ – ဆူးအယ်လ်လင်း/မိုးမခ)
ငြိမ်းချမ်းရေး၊   ဒီမိုကရေစီအရေးမှ တိုင်းပြည်တိုးတက်ရေးသို့ ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး မြန်မာပြည်စာနယ်ဇင်းလောကသို့ နောက်ထပ် အသစ်ဝင်ရောက်လာသည့် အဓိပတိ ဂျာနယ်က လစဉ် နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦးကို ကူညီထောက်ပံ့မည်၊  နယ်မြို့များတွင် နေထိုင်သူတို့ကို ဦးစားပေးကူညီသွားမည်ဟု သိရသည်။

ဂျာနယ်ကို ဦးစီးလုပ်ကိုင်နေသူများမှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်သည်။

နိုင်ငံရေးဦးစားပေး အဓိပတိဂျာနယ်ကို သတင်းများ ရေးသား ပေးပို့နိုင်သည်ဟု အယ်ဒီတာချုပ် ထွန်းဇော်ဌေးက ပြောသည်။

သတင်းရေးသားရာတွင်လည်း   အပြောစကားပြေဖြင့် ရေးသားစေလိုကြောင်း အယ်ဒီတာချုပ်က ဆက်ပြောသည်။
ဂျာနယ်တွင် ဆောင်းပါးတချို့မှလွဲ၍ ကျန်ဆောင်းပါး၊  စာစု၊  သတင်းများကို စကားပြောအရေးအသားကိုသာ အသုံးပြုထားကြောင်း တွေ့ရသည်။

ရန်ကုန်ရှိ ဂျာနယ်အရောင်းဆိုင် အများအပြားတွင် အပတ်စဉ် အင်္ဂါနေ့ထုတ် အဓိပတိဂျာနယ်ကို  ကျပ် ၅၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

ဂျာနယ်ကို ဇန်န၀ါရီ ၇ ရက်နေ့က ပထမဆုံး ထုတ်ဝေ ဖြန့်ချိခဲ့သည်။

ဂျာနယ်တွင် စီအီးအိုအဖြစ် တာဝန်ယူထားသူတို့မှာ ဗညိုထွန်း၊  ထက်သာဦးတို့ဖြစ်ပြီး တာဝန်ခံအယ်ဒီတာမှာ မင်းငြိမ်းချမ်းဖြစ်ကြောင်း ဖော်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts