Suu L Linn သတင်းပဒေသာ

ရန်ကုန်မြို့၏ ဒုတိယအကြိမ်မြောက် နိုင်ငံတကာဖက်ရှင်ပြပွဲကြီး မကြာမီ လာမည်

ဆူးအယ်လ်လင်း
ဇန်န၀ါရီ ၂၁၊ ၂၀၁၄

(ရန်ကုန်တွင် ၂၀၁၂ က ပထမအကြိမ် လုပ်ခဲ့သော နိုင်ငံတကာ ဖက်ရှင်ပြပွဲ)

လာမည့်လဆန်းပိုင်း ရန်ကုန်တွင် ပြုလုပ်မည့် ဖက်ရှင်ပြပွဲကြီးတွင် ပြည်တွင်း ပြည်ပမှ ဖက်ရှင်ဒီဇိုင်နာများ၊ မော်ဒယ်များ ပါဝင်မည်ဟု သိရသည်။

Myanmar Int’l Fashion Week 2014 ဟု အမည်ပေးထားသော ဖက်ရှင်ပြပွဲကို       မြန်မာနိုင်ငံ၏ဒုတိယကြိမ်မြောက် Fashion Show ကိုရန်ကုန်မြို့ရှိ  Junction Square တွင်ဖေဖော်ဝါရီ ၇ မှ စတင်ပြီး ၃ ရက်ကြာ ကျင်းပမည်ဟု ဆိုသည်။

နိုင်ငံတကာအဆင့်မီ ဖက်ရှင်ပြပွဲဖြစ်စေရေးအတွက် ပြင်ဆင်နေသည်ဟု ပြပွဲ စီစဉ်သူ ဂျွန်လွင်က ပြောသည်။

“နိုင်ငံတိုင်းမှာ Fashion Week ဆိုတာရှိပါတယ်။ ဒါ Fashion Week ရဲ့ အဓိကရည်ရွယ်ချက် ကတော့ သူတို့တိုင်းပြည်မှာထွက်တဲ့ ပစ္စည်းတွေ ဒီဇိုင်နာတွေ ပါဖောင်းလုပ်တဲ့ပွဲပါပဲ။
နောက်တော့ကျွန်တော် တို့ဆီမှာ ဒီဇိုင်နာတွေက သိပ်အားကောင်းကြီးမရှိသေးတဲ့အတွက်ကြောင့် ကျွန်တော်က Myanmar Int’l ဆိုပြီး ပြုလုပ်ပြီးတော့ Show ကို လှအောင်လုပ်ရတဲ့အတွက်ကြောင့် နည်းနည်းလေးတော့ arrange လုပ်ထားတဲ့အပိုင်းလေး တွေရှိပါတယ်” ဟု ဂျွန်လွင်က ပြောသည်။

Myanmar Int’l Fashion Week ကို ၂၀၁၂ ခုနှစ်က စတင် ကျင်းပခဲ့ကြောင်း၊ ဒုတိယအကြိမ် ပြုလုပ်မည့်ပွဲကို ယခင်ထက် ပိုမို  ကြီးကျယ်ခမ်းနားစေရေးအတွက် နားလည်တတ်ကျွမ်းသူများကို ငှားရမ်းထားသည်ဟု သူက ဆက်ပြောပြသည်။

ပြပွဲတွင် ပါဝင်မည်ဟု ဆိုသော ပြည်ပမော်ဒယ်များ၏ဓာတ်ပုံကို စီစဉ်သူ Star Event Production ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts