လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး ဖြစ်ရပ်များ၊ အမှတ်တရများ

ကျွန်တော်တို့နေ့များအကြောင်း (၁-၄)

သုခမိန်လှိုင်
အနုပညာကမ္ဘာကြီးနှင့် ကျွန်တော်တို့နေ့များအကြောင်း
ဆွေးနွေးမှု စကားဝိုင်း အပိုင်း (၁-၄)
မိုးမခ
ဇန္နဝါရီ ၁၉၊ ၂၀၁၄
သုခမိန်လှိုင် (ယခင် သိဒ္ဓတ္ထလှိုင်) (၁၉၄၈-)
(Photo Source: Thukhamein Hlaing’s Personal Facebook)
အသံသစ်များသည် လူငယ်များအား ဘာသာစကား တမျိုးဖြင့် ပြော၏…။
ယင်းဘာသာစကားသည် လူကြီးများကို ဦးနှောက်ခြောက်စေသည်…။
(Life Magazine, December, 1969)

ပိုက်ဆံမရှိသော နေ့များ

++++ 

စီးကရက်တလိပ်
ပေါင်မုံ့တလုံး၊ လဘ္ဘက်ရည် တခွက်ပဲ
တမ်းတပါတယ်…။

မာဇဒါ၊ ရီကော်တာ
မန္တလေးဘီယာ
ဒေါက်တာဇီဗားဂိုး ရုပ်ရှင်
တင်တင်လှရဲ့ တေးဂီတများ
သတိမရနိုင်ပါ…။

သိဒ္ဓတ္ထလှိုင် (၁၉၇၀)
[ဂျွန် ၃၀၊ ၁၉၇၂ တွင် ထွက်ရှိခဲ့သော သိဒ္ဓတ္ထလှိုင်၏ ပထမဆုံး ကဗျာစာအုပ် “ဂျွန်လ၏ မိုးရေများ” မှ]

“ဒီဆိုင်တွေ အားလုံးပိတ်သွားအောင် လုပ်လို့ရတဲ့ နည်းရှိရင် သိပ်ကောင်းမှာပဲ။ ကျနော်တို့လည်း သီချင်းမရေးတော့ဘူး။  ခင်ဗျားတို့လည်း သီချင်းမဆိုကြနဲ့တော့ …။”

 

“အဲဒါလည်း ရမှာမဟုတ်ဘူး။  ဒီကောင်တွေက လူလည်တွေဗျ..။”

 

မောင်သစ်မင်းက ပြောရင်း သက်ပြင်းချသည်။

 

“မာနတော့ အတတ်နိုင်ဆုံး တင်းထားရမယ်လေ..။”

 

“တင်းတော့တင်းတာပဲ နောင်နောင်၊မာနလျှော့လိုက်ရင် ဝင်ငွေကောင်းပြီး၊ မာနတင်းလိုက်ရင် ဝင်ငွေနည်းသွားရော။ငါ့ ဝမ်းပူစာ မနေသာတော့လည်း လျှော့ချည်တခါ၊ တင်းချည်တလှည့် လုပ်နေရတော့တာပဲ..။”

 

စိုးပိုင်၏ စကားဆုံးတော့ အားလုံး သက်ပြင်းရှည်ကြီးအား ချလိုက်ကြသည်။ သူတို့၏ အမောက ‘ရွှေကြည်အေး’ အတွင်း လှိုက်၍နေ၏။

 

[မောင်သစ်မင်း၏ တေးမြုံငှက် ဝတ္ထု (၁၉၇၇) စာမျက်နှာ ၃၁၉-၃၂ဝ မှ]

 

ကဗျာဆရာ/စတီရီယိုတေးရေးဆရာ/ပန်းချီဆရာ ဆရာ သုခမိန်လှိုင်နှင့် ဦးမျိုးမြတ်သူတို့ ၂၀၁၂ ခုနှစ်မှာ မန္တလေး City FM ရေဒီယို အစီအစဉ်အတွက် တနှစ်လုံး ဆွေးနွေးခဲ့သည့် ဗမာ့စတီရီယိုတေးဂီတ ပေါ်ထွန်းလာပုံ နောက်ခံသမိုင်း၊ ဆက်စပ် အနုပညာကဏ္ဍ အစုံ ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် ခေတ်ပြိုင်ဂီတပညာရှင်များ၊ အနုပညာရှင်များအကြောင်း ဆွေးနွေးချက် အပိုင်းများကို မိုးမခပရိသတ် ပြန်လည် နားဆင်နိုင်ဖို့ရာနှင့် သမိုင်းမှတ်တမ်းမှတ်ရာ ကျန်စေဖို့ရာ ပြန်လည်တက်ဆက်လိုက်ပါသည်။

 

ဤရုပ်သံကို အခကြေးငွေဖြင့် ပြန်လည်ဖြန့်ဖြူးခြင်း မပြုလုပ်ပါရန် အလေးအနက်သတိပေးပါသည်။  ဗဟုသုတအလို့ငှာ ပြန်လည်တင် ဆက်ခြင်း ဖြစ်သည်။  မူပိုင်ခွင့် ချိုးဖောက်လိုခြင်း မရှိ၊ အခကြေးငွေအလို့ငှာ လုံးဝမဟုတ်ဘဲ လူငယ်များ ဗဟုသုတ တိုးပွားစေဖိုရာနှင့် ဗမာ့ ဂီတ၊ အနုပညာ ဝါသနာရှင်များ နောက်ခံသမိုင်း အချက်အလက်များ သိရှိ ကိုးကားနိုင်စေဖို့ရာအတွက် ပညာရေးရည်ရွယ်ချက် သက် သက်ဖြင့် တက်ဆက်ခြင်း ဖြစ်သည်။  မူပိုင်မှာ မန္တလေး FM၊ ဆွေးနွေးသူ ကဗျာဆရာ/တေးရေးဆရာ (ဦး) သုခမိန်လှိုင်နှင့် အစီအစဉ် တင်ဆက်သူ ဦးမျိုးမြတ်သူတို့ ဖြစ်ပါသည်။  အသံဖိုင်မျှဝေသူမှာ ကိုနေမျိုးအောင် ဖြစ်သည်။  ရုပ်သံတည်းဖြတ်၊ မိုးမခတွင် ပြန်လည် တင် ဆက်သူမှာ ငြိမ်းချမ်းအေးဖြစ်သည်။

 

အနုပညာကမ္ဘာကြီး နှင့် ကျွန်တော်တို့ နေ့များ အကြောင်း အပိုင်း (၁+၂)

+++++++++++

အနုပညာကမ္ဘာကြီး နှင့် ကျွန်တော်တို့ နေ့များ အကြောင်း အပိုင်း (၃+၄)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts