Tu Maung Nyo တူမောင်ညို သူတို့အာဘော်

ကာချုပ် စိတ်ကြိုက် “ဗိုလ်ထီး၊ ဗိုလ်မတွေ” နဲ့ ကလဖန်ထိုးနိုင်သည့် လွှတ်တော်

တူမောင်ညို
ဇန်နဝါရီလ ၁၈၊ ၂၀၁၄
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၁၄ )ဖြင့် တိုင်းဒေသ ကြီး (၅) ခုနှင့် ပြည်နယ် (၆) ခု တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်သားအမတ် ၂၄ ဦး အစားထိုးခဲ့သည်။ ၂၀၁၄ ခုနှစ်ထဲတွင် ဒုတိယအကြိမ်အစားထိုးခြင်းဖြစ်သည်။ 

 

ထိုသို့အစားထိုးခဲ့သည် စစ်သားအမတ် ၂၄ ဦး တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌  ‘ဗိုလ်မ’ တစ်ဦး ပါဝင်လာသည်။

 

အင်န် – ၅၆၄ ဗိုလ်မှူး ဒေါ်နှင်းယုကျော်

 

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် (၁/၂၀၁၄) ဖြင့် ပြည်သူ့လွှတ်တော် စစ်သား အမတ်များအား အစားထိုးရာတွင် ‘ ဗိုလ်မ ’ ၂ ဦး ပါဝင်လာခဲ့သည်။

 

(ကြည်း – ၂၅၅၀၄) ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်

(ကြည်း – ၂၆၀၇၀) ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်

 

ဗိုလ်ထီးဖြစ်ဖြစ်၊ ဗိုလ်မဖြစ်ဖြစ် အစိုးရအဖွဲ့ထဲ၌ဖြစ်စေ၊ စစ်တပ်ထဲ၌ဖြစ်စေ၊ လွှတ်တော်ထဲတွင်ဖြစ်စေ ကာချုပ် ဗိုလ်မင်းအောင်လှိုင် အမိန့်နာ ခံရမည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၁၄ )
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် စစ်သားအမတ် ၂၄ ဦးအစားထိုးခြင်း
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

 

● တိုင်းဒေသကြီး ၅ ခု
၁။ တနင်္သာရီတိုင်းဒေသကြီး          ၁ ဦး
၂။ ပဲခူးတိုင်းဒေသကြီး                     ၂ ဦး
၃။ မကွေးတိုင်းဒေသကြီး                ၅ ဦး
၎။ ရန်ကုန်တိုင်းဒေသကြီး              ၂ ဦး  (ဗိုလ်မ တစ်ဦးပါဝင် – အင်န် ၅၆၄ ဗိုလ်မှူး ဒေါ်နှင်းယုကျော် )
၅။ ဧရာဝတီတိုင်းဒေသကြီး            ၃ ဦး

 

● ပြည်နယ် ၆ ခု
၁။ ကချင်ပြည်နယ်                        ၂ ဦး
၂။ ကယားပြည်နယ်                      ၁ ဦး
၃။ ကရင်ပြည်နယ်                         ၁ ဦး
၎။ မွန်ပြည်နယ်                              ၁ ဦီး
၅။ ရခိုင်ပြည်နယ်                           ၂ ဦး
၆။ ရှမ်းပြည်နယ်                             ၄ ဦး

 

ညွန်း 
၁၈၊ ၁၊ ၂၀၁၄ မြန်မာ့အလင်းသတင်းစာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts