ကဗျာ သစ်ကောင်းအိမ်

ဇော်ကြီးရဲ့ ဇောသုံးတန်….

သစ်ကောင်းအိမ်
ဇန်န၀ါရီ ၁၈၊ ၂၀၁၄

 

 

ဘဝဆက်တိုင်းမှာ
အမေ့ရဲ့သား ကျနော်ဖြစ်ချင်တယ်
ဘဝဆက်တိုင်းမှာ
မင်းရဲ့ချစ်သူ ငါဖြစ်ချင်တယ်
သေဖို့လည်း မကြောက်ဘူး…
ရှင်ဖို့လည်း မကြောက်ဘူး…..
မသေမရှင်ဘဝသာ
ငါကြောက်လှချည်ရဲ့
ဘဝဆက်တိုင်းမှာ
ကဗျာဆရာဖြစ်ချင်တယ်

 

(ဒီဘဝမှာ ကဗျာဆရာအဖြစ်ရခဲ့ပြီဟု ကျနော်မဆိုလို)
(၁၇။ ဇန္ဒဝါရီ။ ၂၀၁၄)
(အမေနေ့က လွမ်းချိန်မရခဲ့သမျှ…)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts