မိုးမခရုပ်သံ လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး ဖြစ်ရပ်များ၊ အမှတ်တရများ ငြိမ်းချမ်းအေး

မြင်းမိုရ်ထက်မြင့်သောနေရာ (ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) အမှတ်တရ ဂုဏ်ပြု)

မြင်းမိုရ်ထက်မြင့်သောနေရာ (ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) အမှတ်တရ ဂုဏ်ပြု)

ငြိမ်းချမ်းအေး ။ မိုးမခ။  ဇန္နဝါရီ ၁၃၊ ၂၀၁၄

ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) (၁၉၆၀-၂၀၁၄)။ ဓာတ်ပုံ မျှဝေသူ – မဇ္စ္ဈိမလှိုင်း / သားငယ်

ဇန္နဝါရီ လ ၅၊ ၂၀၁၄ တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည့် ထပ်ဆင့် အကယ်ဒမီ ဂီတမှူး ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) (၁၉၆၀-၂၀၁၄) အမှတ်တရ အနေဖြင့် ဖခင် ဖြစ်သူ စန္ဒရားလှထွဋ် ရေးသားခဲ့သည့်
သီချင်းများ ကို ဇော်မျိုးထွဋ် ကိုယ်တိုင် တီးခတ် သီဆိုခဲ့သည့် “မြင်းမိုရ်ထက်မြင့်သောနေရာ” တေးစု မှ ခေါင်းစီးတေး “မြင်းမိုရ်ထက်မြင့်သောနေရာ” ကို မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။

 

ဖခင် စန္ဒရားလှထွဋ် နှင့် အတူ (ဓာတ်ပုံ မျှဝေသူ – သားငယ်)

 

ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) ၏ မိခင်ကြီး တေးသံရှင် သောင်းသောင်းနု

(ဓာတ်ပုံမျှဝေသူ – ကျော်လွင်ဆန်း)


မြင်းမိုရ်ထက်.. မြင့်သောနေရာ..

မိုးတိမ်တိုက်တွေရဲ့.. အပေါ်မှာ..

ဝတိံဘုံဖျားထက်မှာ . . ငွေလ၀န်းပမာ
. . ရှိနေတာ . .


နှိုင်းယှဉ်မရပါသော မာတာ . .

အမြင့်မြတ်ဆုံးလူသားမိခင်ပါ . .

သည္ကမ ၻာတစ္လႊားမွာ . . အညီအမွ်ထားစရာ
. . အနန္တငါးဖြာ . .


သန္ဓေအသွေးအသားနဲ့ ၀မ်းထဲမှာ . .

လွယ်မွေးဖွားကြမ်းတမ်းတဲ့ကန္တာ . .

ရေကလေးတစ်ပေါက်ကျသည့်ပုံပမာ . .

ရင်မှာ ချမ်းမြေ့ကြရတာ . . ။


ငယ်ထွေး . . ကလေးဘ၀မှစကာ . .

တကယ် ထွေးပွေ့ ယုယ ချစ်ကြင်နာ . .

အရွယ်ကလေး ရသည့်တိုင်သာ . .

လိမ္မာရေးခြား အတွေးများ လမ်းခင်းပေးခဲ့တာ
. .


မြင်းမိုရ်ထက်မြင့်သော နေရာ . .

မိုးတိမ်လတွေရဲ့အပေါ်မှာ . .

ဝတိ ဘုံဖျားထက်မှာ . . ထာဝစဉ်ရှိနေတာ
. . မာတာ.. အမိပါ..

မြင်းမိုရ်ထက်မြင့်သောနေရာ၊ ရေး – စန္ဒရားလှထွဋ်၊ ဆို – ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း)

Music
Video URL: http://youtu.be/E9unqGfZuC8

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts